ပုပ္ပါး စောရဟန်း
မြန်မာဘုရင် From Wikipedia, the free encyclopedia
Remove ads
ပုပ္ပါးစောရဟန်း (? - ၆၄၀) သည် တတိယပုဂံခေတ်တွင် စိုးစံသော မင်းတပါးဖြစ်သည်။
နန်းစံကာလ (၅၃၅ - ၆၄၀)
ထွန်ချစ်မင်း လွန်သည်နောက် မိဖုရားသည် ပုပ္ပါးမှ သင်္ဃရာဇာကို မင်းပြုစေသည်။ ပုပ္ပါး စောရဟန်းမင်း တွင်၏။ [၁]
သက္ကရာဇ်ဖြိုခြင်း
ကောဇာ သက္ကရာဇ် ၅၆၂ ခုသို့ ရောက်သောအခါ ခဆပဉ္ဇကိန်း ခေါ် နှစ်တိုသက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သည်နှင့် ၅၆၂ ခုမှ ခ ဆ ပဉ္ဇကိန်း ၅၆၀ ခု ဖြိုပြီးကျန်သော ၂ ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ မြန်မာ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။
ပုဂံရာဇဝင်တွင် စောရဟန်းမင်း နှစ်ပါးရှိသည်။ ပုပ္ပားစောရဟန်းမင်းကို သက္ကရာဇ်ဖြို စောရဟန်းမင်းဟု ခေါ်၍ တောင်သူကြီးမင်းကို ညောင်ဦး စောရဟန်း ဟု ခွဲခြားသတ်မှတ်သည်။ [၂]
Remove ads
ဘဝနိဂုံး
သက္ကရာဇ်ဖြိုသည့် ၆၄၀ ပြည့်တွင်ပင် လွန်သည်။
မှတ်ချက်
သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အချက်အလက်ယူရေးသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads