ပုဗ္ဗေနိဝါသာနုဿတိဉာဏ်

From Wikipedia, the free encyclopedia

Remove ads

[] ရှေးဘဝတို့၌ နေဘူးသော ခန္ဓာအစဉ်ကို အဖန်ဖန် အောက်မေ့သော-သတိနှင့်ယှဉ်သောဉာဏ်-သတိ, ဉာဏ်[]သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဖြစ်သည်။[]

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ် ရအောင် အားထုတ်ပုံ

ဣဒ္ဓိမာပုဂ္ဂိုလ်သည် မိမိရှေးကဖြစ်ခဲ့ဖူးသော ဘဝအစဉ်ကို သိလို, အောက်မေ့လို အမှတ်ရလိုသောအခါ တေဇော, ဩဒါတ, အာလောက-ဟု အလင်းကသိုဏ်း သုံးခုတွင် တစ်ခုခု၌ တန်ခိုးဈာန်ကို ဝင်စား၍, ထ၍ ယခုအခါမှစ၍ မိမိနို့စို့အခါ, မိမိမွေးဖွားသောအခါကျအောက် နောက်ပြန် အစဉ်အတိုင်း မိမိနေဖူး, ပြုဖူး, ဆိုဖူးသမျှ အလုံးစုံကို ပရိကံစိတ်ဖြင့်ပင်လျှင် ဆင်ခြင်အောက်မေ့၍, အမှတ်ရ၍ သွားအပ်၏၊ နို့စို့အရွယ်ကျအောင် ပရိကံစိတ်မှာ ထင်ရှားအမှတ်ရနိုင်၏။[]

ထို့နောင် အရင်းသို့ကျအောင် တိုး၍တိုး၍ ဆင်ခြင်အောက်မေ့အပ်၏၊ ထို့နောင် မသိနိုင်နိုင်သော အရာသို့ကျလျှင် “ဤမွေးခါစအခါ, ပဋိသန္ဓေနေသောအခါတိုင်အောင် ငါလာခဲ့သော အစဉ်ကိုသိစေ, အမှတ်ရစေသတည်း” ဟု အဓိဋ္ဌာန်ကို ပြုအပ်၏။ သိနိုင်သောအဓိဋ္ဌာန် အဘိညာဏ်ဇောကျလာ၏၊ သိ၏။[]

ထို့နောင် ငါသည် ဘယ်ဘဝက ဘယ်အဖြစ်က လာခဲ့လေသနည်း။ “ငါလာခဲ့သော ရှေးဘဝကို သိစေ အမှတ်ရစေသတည်း” ဟု ပရိကံပြုပြီးလျှင် ဈာန်ကိုဝင်စား၍ ထ၍ အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ ထိုအခါ ပဋိသန္ဓေမှ အရင်းသို့တိုးလျက် ရှေးဘဝကို သိမြင်အမှတ်ရနိုင်သော အဓိဋ္ဌာန်အဘိညာဇောကျလာ၏၊ အကယ်၍ မသိနိုင်, အမှတ်မရနိုင်သေးလျှင် ဈာန်ဝင်စား၍ ဝင်စား၍ အဖန်ဖန် အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ သိမြင်အမှတ်ရနိုင်တော့၏။ ဤယခုဘဝ၌ မိမိ၏ အဖြစ်အပျက်အကြောင်းခြင်းရာ အလုံးစုံကို အကုန်သိနိုင်ဘိသကဲ့သို့ ရှေးဘဝ၌ မိမိ၏ အဖြစ်အပျက် အကြောင်းခြင်းရာ အလုံးစုံကို အကုန်သိနိုင်, အမှတ်ရနိုင်တော့၏။[]

(ဤနည်းတူ ရှေးရှေးဘဝတို့ကိုလည်း သိအောင်, အမှတ်ရအောင် နောက်ပြန်အောက်မေ့၍ သိအောင် ပြု၍ သွားရာ၏။) []

ထိုသို့ သွားသောအခါ မိမိတို့ စိတ်ဉာဏ် ထက်သန်သလောက် ဘဝများစွာ, ကမ္ဘာများစွာ အောက်မေ့ အမှတ်ရနိုင်ကြ သိနိုင်ကြ၏။ သာသနာပ ရသေ့ရဟန်းတို့ အောက်မေ့ကြသောအခါ ဉာဏ်အကြီးဆုံးပုဂ္ဂိုလ်သည် ကမ္ဘာကြီး ၄၀ ကုန်အောင် အမှတ်ရနိုင်, သိနိုင်၏။ ရဟန္တာပုဂ္ဂိုလ်တို့ကား မိမိတို့ဆုတောင်းပါရမီ ဖြည့်ခဲ့ရသမျှ ကာလကုန်အောင် အမှတ်ရနိုင်, သိနိုင်ကြ၏။ သဗ္ဗညုဘုရားရှင်တို့မူကား ကမ္ဘာသင်္ချေ အောက်မေ့အမှတ်ရနိုင်, သိနိုင်ကြ၏။ စိတ်ဉာဏ်ထက်သန်ကြီးထွားသော ပုဂ္ဂိုလ်တို့သည် မိမိ၏ ဘဝအစဉ်ကိုသာမဟုတ်, သူတစ်ပါး၏ ဘဝအစဉ်ကိုလည်း အောက်မေ့အမှတ်ရနိုင်, သိနိုင်ကြ၏။[]

Remove ads

ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်၏ အစွမ်း

ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်၏ အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့သော သမဏ ဗြာဟ္မဏအား –

  • ၁။ လောကုတ္တရာတရားများပါဝင်သည့် ခန္ဓာငါးပါးတို့သည်လည်းကောင်း,
  • ၂။ လောကုတ္တရာတရားများ မပါဝင်သည့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည်လည်းကောင်း,
  • ၃။ ခန္ဓာနှင့်ဆက်စပ်နေသည့် အမျိုးအနွယ် ရုပ်အဆင်း အစာအာဟာရ သုခ ဒုက္ခစသည်တို့သည်လည်းကောင်း,
  • ၄။ အမည်နာမ ပညတ် အမျိုးမျိုးသည်လည်းကောင်း ––

ဤ (၄)မျိုးသော အခြင်းအရာသည် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အာရုံဖြစ်သည်သာတည်း။

Remove ads

ဝိပဿနာဉာဏ်၏ အစွမ်း

ဝိပဿနာဉာဏ်ဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ရာ၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါကို အစဉ်လျှောက်၍ အောက်မေ့သည်ကား မဟုတ်။ အတိတ်၌ ချုပ်ခဲ့လေပြီးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုသာ ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်သည်။[][]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads