ပူဒီနာ

From Wikipedia, the free encyclopedia

ပူဒီနာ
Remove ads

အချို့က ပူစီနံ ဟု ခေါ်ကြသည်။ မြန်မာအစားအသောက် တွင် ထည့်ချက်သော ဟင်းခတ်အမွှေးအကြိုင် တစ်မျိုး ဖြစ်သည်။ ပူစီနံ၏ အခြားထူးခြားချက်မှာ ဆေးဖက်လည်းဝင်လေသည်။ သက်ရွယ်မရွေး ညအိပ်မပျော်သော သူများအတွက် အိပ်ယာဝင်ခါနီး ၎င်း အရွက်အား ရေနွေးပူပူထဲ၌ လက္ဘ်ခြောက်ခက်သကဲ့သို့ ပြုတ်ကာ ထိုရေကို သောက်ပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်လေသည်။

အချက်တိုများ ပူဒီနာ, မျိုးရိုးခွဲခြားခြင်း ...

ပူဒီနာပင်သည် ပင်စိမ်းပင်နှင့် အမျိုးချင်း တူသောကြောင့်၊ အရွက်ထွက်ပုံ၊အပွင့်ပွင့်ပုံတို့သည် ပင်စိမ်း ပင်ကဲ့သို့ တထေရာတည်းဖြစ်သည်။ လေးဗီယေးတီး´မျိုး ရင်းတွင်ပါဝင်၍၊ မြန်မာနိုင်ငံရှိထင်ရှားသောပူဒီနာပင် နှစ် မျိုး၏ရုက္ခဗေဒအမည်များမှာ မင်သာအာရဗင်ဆစ် နှင့် “မင် သာဆီလဗက်စတြစ်”တို့အသီးသီးဖြစ်လေသည်။ ဤအပင် မျိုးပေါင်း ၂၅ မျိုးခန့်မျှ ရှိရာ၊ ထိုအပင်တို့၏ထူးခြားသော အနံ့နှင့်အရသာကို လူတို့ကြိုက်နှစ်သက်သဖြင့်ဟင်းရွက် စိမ်းအဖြစ်ဖြင့် ကမ္ဘာပေါ်တွင် အနှံ့အပြားစိုက်ပျိုးကြသည်။ အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံတို့တွင် ပင်စိမ်းပင်နှင့် ပူဒီနာပင် များ၏အရွက်အခက်တို့ကို ဟင်းသီးဟင်းရွက် လက်သုတ် နှင့်ချိုချဉ်သနပ်အစရှိသည်တို့၌ အနံ့အရသာပိုမိုကောင်း မွန်လာရအောင် ထည့်လေ့ရှိကြသည်။ ထိုအပင်များမှ အ ကြောအခြင်ကိုက်ခဲသည့် ရောဂါအတွက် သုတ်လိမ်းရသော ဆီတစ်မျိုးကိုရရှိသည်။ ဤအပင်မျိုးအားလုံးတို့တွင် လေး ထောင့်ကျကျပင်စည်များရှိ၍၊ အကိုင်း၏တစ်ဖက်တစ် ချက်မှ ရိုးတံချင်းဆိုင်၍ အရွက်များထွက်သည်။ အကိုင်း တို့တွင် အပွင့်ငယ်များ အဆုပ်လိုက်ပွင့်တတ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads