ပေါင်ကျင့်ဟောက်
ဇိုမီး ဘာသာရေးခေါင်းဆောင် From Wikipedia, the free encyclopedia
Remove ads
ပေါင်ကျင့်ဟောက် (Pau Cin Hau) သည် ခန်တွမ်၏မြေး၊ စက္ကတေးမင်း၏ ၁၁ ဆက်မြောက်မျိုးဆက်ဖြစ်သည်။ ပေါင်ကျင့်ဟောက်သည် ၁၈၉၀ တွင် မူရင်းချင်းစာကို တီထွင်ခဲ့သည်။ ပေါင်ကျင့်ဟောက်ကို တီးတိန်တွင် ၁၈၅၉ ၌ မွေးဖွားခဲ့သည်။ ၁၉၄၈ တွင် ကွယ်လွန်ခဲ့သည်။ ပေါင်ကျင့်ဟောက်သည် ကောင်းကင်ဘုံမှ ပါရှန်းအမည်ရှိ ဘုရားသခင်၏ တမန်တော်ဖြစ်ကြောင်းဟောပြာမှုပြုခဲ့သည်။ ၁၉၃၈ တွင် ၎င်း၏ ဟောကြားချက်များကို ယုံကြည်သက်ဝင်သည့် အိမ်ထောင်စု ရှစ်စုနှင့်အတူ တီးတိန်မြို့နယ်အနီးရှိ လိုင်လွီးရွာမှ စတင်ကာ ရှောင်စောန်းအသင်းတော်ကို စတင် တည်ထောင်ခဲ့သည်။
စာပေနှစ်ရပ်ကို တီထွင်ခဲ့ခြင်းနှင့် နတ်ကိုးကွယ်မှုများကို ဆန့်ကျင့်လျက် ငြိမ်းအေးသော သာသနာတစ်ရပ်ကို ဦးဆောင်လမ်းပြခဲ့ခြင်းတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် အိန္ဒိယဘုရင်ခံချုပ် ဆာချမ်းစဖို့ (Sir. Chemsford) က စလွယ်တစ်ခု ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ တွန်းဇံ စော်ဘွား နာမကျန်းဖြစ်နေစဉ် ရေမန်းအသုံးပြု၍ ကုသပေးခဲ့သည့်အတွက် စော်ဘွားပြန်လည်ကျန်းမာလာသောအခါ ပေါင်ကျင့်ဟောက်အားရာသက်ပန် အခွန်တော်ကင်းလွတ်ခွင့် ပေးခဲ့သည်။
ပေါင်ကျင့်ဟောက်သည် ၁၉၄၈ တွင် ကွယ်လွန်ခဲ့သည်။ တီးတိန်မြို့ အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ ရှောင်စောန်းရွာတွင် ပေါင်ကျင့်ဟောက် တည်ထောင်ခဲ့သော ဘာသာတရားကို ယုံကြည်ကြသူများနေထိုင်ကြသည်။
Remove ads
ကိုးကား
- ကမ္ပည်းစာများနှင့် မြန်မာအသံထွက်စနစ်ကျမ်း။ သုတေသီမောင်မောင်။ ချမ်းသာစာပေ။ ဒီဇင်ဘာ ၂၀၁၉။ ရန်ကုန်။
![]() ![]() | ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads