တီးတိန်မြို့နယ်

ချင်းပြည်နယ် မြောက်ပိုင်းမြို့နယ် From Wikipedia, the free encyclopedia

တီးတိန်မြို့နယ်map
Remove ads

တီးတိန်မြို့နယ် သည် မြန်မာနိုင်ငံချင်းပြည်နယ်တီးတိန်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ တီးတိန်မြို့ ဖြစ်သည်။

အချက်တိုများ တီးတိန်မြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

တီးတိန်မြို့ မြို့မရပ်ကွက်ရှိ ဗန်ဆန်ဒိမ်အရပ်တွင်ရှိသော ရေကန်အား အဝေးမှကြည့်သောအခါ နေ့ဘက်တွင် နေရောင်ခြည်အလင်း၊ ညဘက်တွင် ပိုးစုန်းကြူးအလင်းတို့ကြောင့် နေ့ရောညပါ တလက်လက်တောက်ပပြီး ရောင်ပြန်ဟပ်နေသည်ကို အစွဲပြု၍ တလက်လက်တောက်ပနေသောရေပြည့်အိုင် တဲဒိမ်ဟု ခေါ်လာခဲ့ကြသည်။ တီးတိန်မြို့နယ်ကို ကိုလိုနီခေတ်အတွင်း ကမ်းဟောက်၊ ဆုတ်တဲ၊ စီယန်တိုက်နယ်ဟူ၍ တိုက်နယ် ၃ ခု ခွဲခြား အုပ်ချုပ်ခဲ့သည်။၁၉၇၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။[]တီးတိန်မြို့နယ်အတွင်းတွင် တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့တို့ ပါဝင်သည်။

Remove ads

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီနှင့် ၉၄ ဒီဂရီ ၁၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင် ၄၂၊ တောင်မှမြောက်သို့ ၃၁ မိုင်ရှိပြီး ၉၄၉.၆၉ စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

တီးတိန်မြို့နယ်၏ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်နှင့် သာစည်မြို့နယ်၊ တောင်ဘက်တွင် ဖလမ်းမြို့နယ်၊အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် တွန်းဇံမြို့နယ်များ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ ၅၆၆၇ ပေအထက်တွင် တည်ရှိသည်။ ပေ ၃၀၀၀ နှင့် ၈၀၀၀ ကျော်မြင့်သည့် တောင်ကုန်းတောင်စွယ်များနှင့် ၎င်းတို့အကြားတွင် ဗွီပုံစံကဲ့သို့ မတ်စောက်သော ချိုင့်ဝှမ်းများ တည်ရှိသည်။ မဏိပူရမြစ်သည် မြောက်မှတောင်သို့ စီးဆင်းနေသည်။ အမြင့်ဆုံးတောင်ထိပ်မှာ ထွမ်းဝုမ် း(သို့) သီရိဥတ္တမတောင်ဖြစ်ပြီး ၈၈၇၁ ပေမြင့်သည်။

Remove ads

လူဦးရေ

တီးတိန်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ ကရင်၊ ရခိုင်၊ ကချင်၊ ရှမ်းနှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၆၉% မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယနှင့် တရုတ်စသည့်လူမျိုးများဖြစ်သည်။

စီးပွားရေး

တီးတိန်မြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးအချက်အချာကျသောမြို့နယ် ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ပန်းသီး၊ လိမ္မော်နှင့် ကော်ဖီတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးသို့ အဓိကတင်ပို့သည်။ မြို့နယ်အတွင်း နိုင်ငံပိုင် ပိုးချည်စက်ရုံ၁ရုံ တည်ရှိသည်။

ဈေးများ

  • စကောလမ်းဈေး
  • လွယ်ဘွာလ်းဈေး
  • မြို့မဈေး

ပို့ဆောင်ဆက်သွယ်ရေး

တီးတိန်မြို့နယ်သည် ကလေး-တီးတိန်-တွန်းဇန်-ကျီခါးကားလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ တပ်မတော်ပိုင် ယာယီရဟတ်ယာဉ်ကွင်း ၂ ကွင်းရှိသည်။ ကလေးမြို့နှင့် ခရီးသည်တင်ယာဉ်လိုင်းများရှိသည်။

ပညာရေး

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၁၄ကျောင်းရှိသည်။
  • အထက ၁
  • အထက ၂
  • အထက ဆိုင်းဇန်
  • အထက တွီးထန်
  • အထက ထုတ်လိုင်
  • အထက ဖူနွမ်း
  • အထက လိုင်တွီး
  • အထက ဟေလေး
  • အထက ကျိန်ပီးကွက်
  • အထက ခိုင်ကမ်း
  • အထက ဒေါ်လွင်
  • အထက မွာလ်ဘင်း
  • အထက ဗန်းတဲ့
  • အထက ကပ်တဲလ်

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) တီးတိန်
  • အလက (ထ(ခွဲ)) ဆွောင်းပီး
  • အလက (ထ(ခွဲ)) ဇိုဇန်(အ)
  • အလက (ထ(ခွဲ)) တုန်းဇန်
  • အလက ဂမ်ငိုင်
  • အလက ဂမ်လိုင်
  • အလက ငင်းနှုန်း
  • အလက ဆွောင်းဆန်
  • အလက ဆွောင်းဇန်
  • အလက ဇမ်တွီး
  • အလက ဇိမ်ပီး
  • အလက တက်လွီး
  • အလက တွီးကျင့်လွီး
  • အလက တွီးဆောက်
  • အလက တွီးတော့
  • အလက တွီးဗျဲလ်
  • အလက တွီးလန့်
  • အလက တာလ်ဟဲဥနွဲလ်
  • အလက ထန်းဇန်
  • အလက ထာလ်မွာလ်
  • အလက ထိန်းလေး
  • အလက ထေးဇန်
  • အလက ဒိမ်ဇန်
  • အလက ဒိမ်ပီး
  • အလက ပတ်ဇန်
  • အလက ပန်ဆပ်
  • အလက ပိန်းပိ
  • အလက ဖိုင်ယား
  • အလက ဗာလ်ဗွမ်း
  • အလက ဘွင်
  • အလက ဘုတ်ဖီရ်
  • အလက မွာလ်လုမ်း
  • အလက မွီဇောလ်
  • အလက လန်ဇန်
  • အလက လမ်းဇန်
  • အလက လိမ်ခိုင်
  • အလက လိုင်ဘုန်
  • အလက လိုင်လိုး
  • အလက ဟိုင်မွာလ်
  • အလက ခိုင်ကမ်း

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၉၇ကျောင်းရှိသည်။

Remove ads

ကျန်းမာရေး

ဆေးရုံများ

  • တီးတိန် ဆေးရုံ
  • ထုတ်လိုင် တိုက်နယ်ဆေးရုံ
  • လိုင်တွီး တိုက်နယ်ဆေးရုံ
  • တွီးထန် တိုက်နယ်ဆေးရုံ

ထင်ရှားသော ပုဂ္ဂိုလ်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads