ပဲခူး-စစ်တောင်းတူးမြောင်း
From Wikipedia, the free encyclopedia
Remove ads
ပဲခူး-စစ်တောင်းတူးမြောင်းသည် အင်္ဂလိပ်တို့ မြန်မာပြည်တွင် ပထမဆုံး ဖောက်လုပ်ခဲ့သော တူးမြောင်းဖြစ်သည်။ ပဲခူးမြစ်နှင့် စစ်တောင်းမြစ်ကို ဆက်သွယ်မိစေရန် ဆာအက်ရှ လေအီဒင် (Sir Ashly Eden) အမိန့်အရ ပဲခူး-စစ်တောင်းတူးမြောင်းကို ခရစ်သက္ကရာဇ် ၁၈၇၃-၇၄ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့သည်။ တူးမြောင်းသည် စစ်တောင်းမြစ်ကွေ့ပေါ်ရှိ မြစ်ကျိုးရွာမှနေ၍ ဝေါ၊ မင်းရွာနှင့် သနပ္ပင်မြို့များကို ဖြတ်သန်းကာ ပဲခူးမြို့တောင်ဘက် ပဲခူးမြစ်ပေါ်ရှိ တာဝရွာနှင့် လာရောက် ဆက်သွယ်ထားခြင်း ဖြစ်သည်။ တူးမြောင်း၏ အလျားသည် (၃၈)မိုင်ရှည်၍ တူးမြောင်း၏ ထိပ်နှစ်ဖက်တွင် အရှည် (၂၄၀)ပေနှင့် အကျယ် ပေ(၃၀)စီ ရှိသော ရေတံခါး တစ်ခုစီ တပ်ဆင်ထားသည်။ ကုန်ကျငွေ စုစုပေါင်းမှာ ၁၉၀၃-၄ခုနှစ်အထိ ၄၄-သိန်းကျပ် ဖြစ်သည်။ တူးမြောင်းကို ခရစ်သက္ကရာဇ် ၁၈၇၈-၈၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသုံးပြုခဲ့သည်။
စစ်တောင်းမြစ်အတွင်းမှ မျောချလာသော သစ်များကို ဤတူးမြောင်းမှ တစ်ဆင့် ပဲခူးမြစ်အတိုင်း ရန်ကုန်မြို့သို့ ရောက်သည်အထိ ဖောင်ဖွဲ့ယူဆောင်နိုင်ပေသည်။ ပဲခူးမြစ်တစ်ဝိုက်နှင့် စစ်တောင်းမြစ်တစ်ဝိုက်မှ ဆန်စပါးတို့ကိုလည်း ဤတူးမြောင်းမှပင် အလွယ်တကူ သယ်ဆောင်နိုင်ပေသည်။ တူးမြောင်းသည် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးသစ်ကြီးနှင့် ပဲခူး သန်လျင်လမ်းမကြီးတို့ဘေးမှ ဖြတ်သန်းသွားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads