ပျဉ်းမနားမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ပျဉ်းမနားမြို့နယ် သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၈' နှင့် ၂၀ ဒီဂရီ ၂၂' အကြားတွင် ၎င်း၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၅' အကြားတွင် တည်ရှိသည်။ ရန်ကုန်မြို့မှ ပျဉ်းမနားမြို့သို့ (၂၄၄)မိုင်ရှိ၍ ရန်ကုန်မှ အရှေ့မြောက်ယွန်းယွန်းတွင် တည်ရှိသည်။ ပျဉ်းမနားမြို့နယ် အရှေ့ပိုင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ အမြင့်တွင် ရှိသည်။ အရှေ့ပိုင်း ပဲခူးရိုးမတွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀၀၀ အမြင့်တွင် တည်ရှိသည်။ ဆက်စပ်နေသော နယ်နိမိတ်မှာ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ မြောက်ဘက်တွင် တပ်ကုန်းမြို့နယ်၊ တောင်ဘက်တွင် လယ်ဝေးမြို့နယ်၊ အနောက်ဘက်တွင် တောင်တွင်းကြီးမြို့နယ်တို့ ဖြစ်သည်။ ပျဉ်းမနားမြို့နယ်သည် အလျား ၄၈-မိုင်နှင့် အနံ ၂၀-မိုင်ရှိ ဧရိယာစတုရန်းမိုင် ၇၉၂.၂၇-မိုင်ရှိသည်။

အချက်တိုများ ပျဉ်းမနားမြို့နယ် Pyinmana Township, နိုင်ငံ ...
Remove ads

မြေမျက်နှာပြင်

ပျဉ်းမနားမြို့နယ်သည် အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်မှာ မြင့်၍ တောင်ဘက်သို့ တစ်ဖြေးဖြေးနိမ့်ဆင်းသွားသည်။ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် တောင်တန်းတောင်ကုန်း၊ တောင်စွယ်များ တွေ့ရသည်။ ပျဉ်းမနားမြို့နယ်တွင် ပေါင်းလောင်းမြစ်ထဲသို့ ဆင်သေချောင်း၊ ရေဆင်းချောင်း၊ တောင်ညိုချောင်း၊ နန်ချိုချောင်း၊ ချောင်းမကြီးချောင်း၊ စက်စက်ယိုချောင်း၊ လွှဲကြီးချောင်းတို့ စီးဆင်းကြသည်။ ထင်ရှားသော အင်းများမှာ နေရောင်ပြအင်း၊ ငါးပြေမအင်း၊ နွယ်ကူအင်းတို့ ဖြစ်သည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads