ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး

From Wikipedia, the free encyclopedia

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး
Remove ads

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (အင်္ဂလိပ်: Inland Water Transport) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ၁၈၆၅ ခုနှစ်မှ စတင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ယခုအခါ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး အတွက် သယ်ယူပို့ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် စက်ရှိရေယာဉ်၊ စက်မဲ့တွဲနှင့် ဆိပ်ခံတွဲ စုစုပေါင်း (၃၉၀)စီး ရှိပြီး နှစ်စဉ် ခရီးသည် (၁၅.၀၆)သန်း၊ ကုန်တန်ချိန် (၂.၀၇)သန်း တို့အား ဈေးနှုန်း ချိုသာစွာဖြင့် ပို့ဆောင်ပေးလျက် ရှိသည်။ အဓိကဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများမှာ မြန်မာနိုင်ငံအတွင်း ရေယာဉ်များ သွားလာနိုင်သည့် မြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်ချင်းတွင်းမြစ်၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်ရှိ မြစ်ကြောင်းများတွင် ခရီးသည်နှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှု အဆင်ပြေစေရေးအတွက် ကူးတို့လမ်းများ ပြေးဆွဲခြင်းတို့ ဖြစ်သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏မူလအဖွဲ့အစည်းမှာ ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီ ( Irrawaddy Flotilla Co., Ltd) ဖြစ်ပြီး ၁၈၆၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ခုနှစ် ဇွန်လ ၁ ရက် တွင်ယင်းကုမ္ပဏီအား ပြည်သူပိုင်ပြုလုပ်ခဲ့ပြီး၊ "ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ အုပ်ချုပ်ရေးစနစ်သစ် ဖော်ဆောင်မှုအစီအစဉ်အရ ၁၉၇၂ ခုနှစ် မတ်လ ၁ရက် တွင် "ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း" အမည်ဖြင့် လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် "ပြည်တွင်းရေကြောင်းပို့ဆောင်ရေး" အမည်ဖြင့် လည်းကောင်း ပြောင်းလဲ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။[]

Remove ads

ဖွဲ့စည်းပုံ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး တွင် အောက်ပါဌာနများဖြင့် ဖွဲ့စည်းထားသည်။[]

  • စီမံရေးရာဌာန
  • စစ်ဆေးရေးဌာန
  • သယ်ယူပို့ဆောင်ရေးဌာန
  • ကုန်စည်ပို့ဆောင်ရေးဌာန
  • အင်ဂျင်နီယာဌာန
  • ရေကြောင်းဌာန
  • ငွေစာရင်းဌာန

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့အထိ ဝန်ထမ်းအင်အားမှာ အောက်ပါအတိုင်း ဖြစ်သည်။

နောက်ထပ် အချက်အလက်များ အကြောင်းအရာ, ဖွဲ့စည်းပုံ ...
Remove ads

ရည်မှန်းချက်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ပြီး ခရီးသွားပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်သည်။

ဆောင်ပုဒ်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) ရေယာဉ်နှင့် ခရီးသည် အန္တရာယ်ကင်းရှင်းရေး၊ (ခ) လုပ်ငန်းစွမ်းဆောင်မှု အပြည့်အဝပေးရေး၊ (ဂ) လုပ်ငန်းခွင် အသွင်အပြင် ကောင်းမွန်ရေး၊

ဌာနအလံနှင့် ဌာနအမှတ်အသား

ဌာန၏ အလံမှာ အစိမ်း၊ အဝါ၊ အပြာဖြစ်သော (၃)ရောင်ခြယ် အလံဖြစ်သည်။ အစိမ်းရောင်သည် မြန်မာနိုင်ငံရှိ သစ်တောနှင့် ကုန်းမြေများကို ကိုယ်စားပြုသည်။ အဝါရောင်မှာ မြန်မာနိုင်ငံမှ ထွက်ရှိသော စပါးအပါအဝင် သီးနှံများကို ကိုယ်စားပြု၍၊ အပြာရောင်မှာ မြန်မာနိုင်ငံရှိ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်ကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။ အလံ၏ အချိုးအစားဖြစ်သည့် အနံနှင့် အလျားကို (၁:၁.၂၅)ဖြင့် သတ်မှတ်ထားသည်။[]

Thumb
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၏ အလံ

ဌာန၏ အမှတ်အသားကို ဟင်္သာငှက်ဖြင့် ပြသထားသည်။ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ရေယာဉ်များ၏ ခေါင်းတိုင်များအား အနက်၊ အနီ၊ အနက် (၃)ဆင့်ဖြင့် အောက်ပါအတိုင်း အမှတ်အသားပြုထားသည်။[]

Thumb
Remove ads

လုပ်ငန်းဆောင်ရွက်မှုများ

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် အောက်ပါလုပ်ငန်းများကို အဓိကဆောင်ရွက်ပေးလျက်ရှိသည်။

  • မြန်မာနိုင်ငံရှိ ရေကြောင်းသွားလာမှု ကောင်းမွန်သော ပြည်တွင်း မြစ်ကြောင်းများတွင် ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှုအဆင်ပြေစေရေး အတွက် ကူးတို့ လမ်းများပြေးဆွဲခြင်း၊

ရေယာဉ်အင်အား

(၃၁.၁၂.၂၀၀၆) နေ့ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသော ရေယာဉ်အင်အားမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • စက်ရှိရေယာဉ် ၃၁၆ စီး
    • လူစီးကုန်တင် ၂၀၃ စီး
    • ကုန်တင် ၃၈ စီး
    • ကုန်တင်/တွဲဆွဲ ၃၆ စီး
    • ရေကြည်တင် ၂ စီး
    • တွဲဆွဲ ၂၆ စီး
    • ဆီတင် ၁ စီး
    • အထွေထွေသုံး ၁၀ စီး
  • စက်မဲ့ရေယာဉ် ၁၅၄ စီး
    • ကုန်တင်တွဲဆွဲ ၁၄၁ စီး
    • ဆီသယ်ရေယာဉ် ၁၃ စီး
    • ဆိပ်ခံတွဲ ၄၂ စီး

ရေယာဉ်ခရီးလမ်းများ

သယ်ယူပို့ဆောင်ရေး ဌာနခွဲ (၆)ခုတွင် ခရီးသည်နှင့် ကုန်တင်ခရီးလမ်းပေါင်း (၆၀)ခန့် ရှိသည်။ ယင်းတို့အနက် အဓိကကျသည့် ခရီးလမ်းများကို အောက်ဖော်ပြပါ ဇယားဖြင့် ဖော်ပြထားသည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ

နောက်ထပ် အချက်အလက်များ စဉ်, ရေယာဉ်လမ်း ...

[]

ဧရာဝတီဌာနခွဲ

နောက်ထပ် အချက်အလက်များ စဉ်, ရေယာဉ်လမ်း ...

[]

ချင်းတွင်းဌာနခွဲ

နောက်ထပ် အချက်အလက်များ စဉ်, ရေယာဉ်လမ်း ...

[]

သံလွင်ဌာနခွဲ

နောက်ထပ် အချက်အလက်များ စဉ်, ရေယာဉ်လမ်း ...

[]

ရခိုင်ဌာနခွဲ

နောက်ထပ် အချက်အလက်များ စဉ်, ရေယာဉ်လမ်း ...

[၁၀]

ကုန်ပို့ဆောင်ရေးဌာနခွဲ

နောက်ထပ် အချက်အလက်များ စဉ်, ရေယာဉ်လမ်း ...
  1. ကုန်ပို့ဆောင်ရေးဌာနခွဲမှ တွန်းသင်္ဘော “ဆင်ဟိုင်း“ ရေယာဉ်
  2. မြစ်ဝကျွန်းပေါ်ဌာနခွဲမှ မြစ်ဖြတ်ကူးတို့ရေယာဉ်
  3. ကုန်ပို့ဆောင်ရေးဌာနခွဲမှ ခရီးသည်/ကုန်တင်“မြဒီပါ“ ရေယာဉ်
  4. ဧရာဝတီဌာနခွဲမှ ခရီးသည်/ကုန်တင် ရေယာဉ်
Remove ads

အကိုးအကား

ပြင်ပဆက်သွယ်ရေး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads