ပြည်တွင်းအခွန်များ ဦးစီးဌာန

From Wikipedia, the free encyclopedia

Remove ads

ပြည်တွင်းအခွန်များ ဦးစီးဌာန (အင်္ဂလိပ်: Internal Revenue Department;IRD) သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဦးစီးဌာနတစ်ခုဖြစ်သည်။[]

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

လွတ်လပ်ရေးရပြီးနောက် သီးခြားတည်ရှိခဲ့သော အမြတ်ခွန်ဌာန၊ ကုန်သွယ်လုပ်ငန်းခွန်ဌာန၊ ယစ်မျိုးခွန်ဌာန၊ အောင်ဘာလေသိန်းဆုခွန်ဌာန၊ တံဆိပ်ခေါင်းခွန်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ အခွန်ဌာနနှင့် ဘဏ္ဍာတော်မင်းကြီးရုံးတို့အား စုပေါင်းကာ ၁၉၇၂ခုနှစ် အောက်တိုလာ ၁ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာနဟု ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်တွင် ထားရှိကာ ဥက္ကဋ္ဌတစ်ဦးက ဦးဆောင်ခဲ့သည်။[]

၁၉၉၃ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဟူ၍ ခွဲခြား ဖွဲ့စည်းခဲ့ရာ ဤဦးစီးဌာနသည် ဘဏ္ဍ/အခွန်ဘက်တွင် ပါဝင်ခဲ့သည်။ ၂၀၁၃ခုနှစ်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်တွင် ပါဝင်သည်။ ၂၀၁၆ခုနှစ်၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းရာ ထိုဝန်ကြီးဌာနလက်အောက်တွင် ပါဝင်ခဲ့သည်။[]

အကြီးအကဲများ

  • ဦးတွမ်မှုန်း - (၂.၁၀.၁၉၇၂ - ၂၂.၁၂.၁၉၇၆)
  • ဦးအုန်းမောင် - (၂၃.၁၂.၁၉၇၆ - ၁.၉.၁၉၇၉)
  • ဦးစိန်လင်း - (၁၇.၉.၁၉၇၉ - ၁၅.၅.၁၉၉၃)
  • ဦးသန်းညွန့် - (၅.၈.၁၉၉၃ - ၅.၉.၁၉၉၇)
  • ဦးချစ်ဆွေ - (၅.၉.၁၉၉၇ - ၁၄.၁၀.၂၀၀၂)
  • ဦးဝင်းနိုင် - (၂၅.၁၁.၂၀၀၂ - ၁၄.၁၁.၂၀၀၄)
  • ဦးဆန်းထွန်း - (၁၄.၁၁.၂၀၀၄ - ၉.၅.၂၀၁၁)
  • ဦးမြတ်မော် - (၉.၅.၂၀၁၁ - ၂၈.၃.၂၀၁၃)
  • ဦးသန်းအောင် - (၂၉.၃.၂၀၁၃ - ၂၃.၅.၂၀၁၃)
  • ဦးမင်းထွဋ် - (၂၄.၅.၂၀၁၃ - ၄.၇.၂၀၂၄)
  • ဒေါ်မြမြဦး - (၁.၈.၂၀၂၄ - လက်ရှိ)[]
Remove ads

ဖွဲ့စည်းပုံ

  • ဦးစီးရုံးဌာနခွဲ
  • လူစွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ
  • ထောက်ပံ့ရေးနှင့်အထွေထွေဌာနခွဲ
  • ငွေစာရင်းဌာနခွဲ
  • စစ်ဆေးရေးဌာနခွဲ
  • သတင်းစာရင်းနှင့်စုံစမ်းစစ်ဆေးရေးဌာနခွဲ
  • သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ
  • စာရင်းအင်းဌာနခွဲ
  • အခွန်ဆိုင်ရာကြီးကြပ်ရေးဌာနခွဲ
  • စီမံချက်ရေးဆွဲကြီးကြပ်ရေးဌာနခွဲ
  • ဗဟိုလုပ်ငန်းလုပ်ဆောင်မှုဌာနခွဲ
  • အောင်ဘာလေသိန်းဆုဌာနခွဲ
  • ဥပဒေရေးရာဌာနခွဲ
  • အခွန်မူဝါဒနှင့် သုတေသနဌာနခွဲ
  • အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲ
  • အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads