ပြောင်းဖူး

From Wikipedia, the free encyclopedia

ပြောင်းဖူး
Remove ads

ပြောင်းဖူးကို အင်္ဂလိပ်ဘာသာစကားဖြင့် Maize သို့မဟုတ် Corn ဟု ခေါ်ဝေါ်ကြပြီး မီဆို အမေရိကားတွင် နေထိုင်သူများမှ သမိုင်းမတင်မီခေတ်ကပင် စိုက်ပျိုးရသည့် အသီးအနှံဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်။ အက်ဇ်တက် နှင့် မာယာလူမျိုးများက မက္ကဆီကို တောင်ပိုင်းနှင့် အလယ်ပိုင်း တလျှောက်တွင် ပြောင်းဖူး အမျိုးမျိုးကို ချက်ပြုပ်ရန်နှင့် နစ်ဇ်တမယ်လိုင်ဇေးရှင်း ခေါ်သည့် ထုံးရည်တွင် စိမ်၍ အခွံချွတ်သည့်နည်းဖြင့် ပြင်ဆင်စားသုံးရန် စိုက်ပျိုးခဲ့ကြသည်။ နောက်ပိုင်းတွင် ပြောင်းဖူးသည် အမေရိကားတခွင်တွင် ပျံ့နှံ့သွားခဲ့သည်။ ၁၂၅၀ ခုနှစ်မှ ၁၇၀၀ ခုနှစ် ကြားတွင် အမေရိကားတိုက် တစ်ခုလုံးတွင် ပြောင်းဖူးကို ရရှိနိုင်လာသည်။ ဒေသအတွင်းရှိ လူဦးရေထူထပ်သော နေရာနှင့် ထင်ရှားသော နေရာများတွင် ပိုလျှံသော ပြောင်းဖူး နှင့် ပြောင်းဖူးအမျိုးမျိုး အပေါ်တွင် အခြေခံ၍ ကျယ်ပြန့်သော ကုန်သွယ်မှု ကွန်ယက်ကို တည်ဆောက်ကြသည်။ ၁၅ရာစု နှောင်းပိုင်းနှင့် ၁၆ ရာစု အစောပိုင်းတွင် ဥရောပသားတို့ အမေရိကန်နှင့် ဆက်သွယ်လာကြသော အခါတွင် စွန့်စားရှာဖွေသူများနှင့် ကုန်သည်များသည် ပြောင်းဖူးကို ဥရောပသို့ ပြန်လည်သယ်ယူသွားခဲ့ကြပြီး အခြားနိုင်ငံများနှင့် မိတ်ဆက်ပေးခဲ့ကြသည်။ ပြောင်းဖူးသည် ရာသီဥတုအမျိုးမျိုးတွင် စိုက်ပျိုးနိုင်မှုနှင့် လူကြိုက်များမှုတို့ကြောင့် တကမ္ဘာလုံးသို့ ပြန့်နှံ့သွားခဲ့ လေသည်။

အချက်တိုများ Maize, မျိုးရိုးခွဲခြားခြင်း ...
Thumb
Zea mays 'Ottofile giallo Tortonese'

ပြောင်းကို ပြုတ်ပြီးစားသုံးနိုင်သည်။ သို့မဟုတ် ပြောင်းပါသည့် စားဖွယ်မျိုးစုံကို စီမံပြုလုပ်ကာ စားကြသည်။ ပြောင်းကိုပုံစံအမျိုးမျိုးထုတ်လုပ်ကာ ကွန်းဖလိတ်ကဲ့သို့နံနက်စာ စားဖွယ်အဖြစ်စားသုံးကြသည်။ ပြောင်းဆီ၊ ပြောင်းဟင်းချို၊ ပြောင်းဖူးပြုတ်၊ပြောင်းမှုန့်စသည် ပြုလုပ်ကာရောင်းချကြသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads