ကိန်းရှင်

From Wikipedia, the free encyclopedia

ကိန်းရှင်
Remove ads

တိုင်းဖွယ် (quanity) အခြင်းအရာတစ်ခုသည် အခြားသော တိုင်းဖွယ်တစ်ခုခုက မှီခိုနေလျှင် ထိုအမှီခိုခံ တိုင်းဖွယ်ကို ကိန်းရှင် (အင်္ဂလိပ်: variable) ဟု ခေါ်နိုင်ပြီး မှီခိုနေသူ တိုင်းဖွယ်ကို ဖန်ရှင် ဟု ခေါ်သည်။ ထိုအခြေအနေမျိုးတွင် အမှီခံကိန်းရှင်က အခြားတန်ဖိုး ဖြစ်ပါက မှီခိုသူ ဖန်ရှင်ကလည်း အခြားရလဒ်တစ်မျိုး ဖြစ်နေတတ်သည်။ ဥပမာအားဖြင့် စက်ဝိုင်းတစ်ခုသည် ၎င်း၏ အချင်းဝက် ရှည်လျားသည်နှင့်အမျှ လိုက်လံ ကျယ်ဝန်းနေမည်။ ထိုအခါ စက်ဝိုင်း၏ အကျယ်အဝန်း (ဧရိယာ) က ဖှန်ရှင်ဖြစ်နေပြီး အချင်းဝက်က ကိန်းရှင်ဖြစ်နေသည်ဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် စက်ဝိုင်း အကျယ်အဝန်းပမာဏသည် "အချင်းဝက်၏ ဖန်ရှင် (အချင်းဝက်ကို မှီခိုသော ရလဒ်)" ဟု ဆိုနိုင်သည်။

Thumb
အောက်ပြင်ရှိ အဝိုင်းပြားအကျယ်အဝန်းသည် ကိန်းရှင်များ ကို ကိုယ်စားပြုပြီး ထောင်လိုက်ဝင်ရိုး၌ အကျဉ်းအကျယ် ပြောင်းနေသော အနီအလျားသည် ရလဒ်တန်ဖိုးကို ကိုယ်စားပြုသည်။ ကိန်းရှင် (အောက်အဝိုင်း) ပြောင်းလဲမှုအလျောက် ရလဒ်(ထောင်လိုက် အနီအလျား) လိုက်လံပြောင်းလဲနေ၏။
Remove ads

ဆက်စပ်

  • ကိန်းသေ

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads