ပွား၊ ဦး (မြန်မာပညာရှိကြီး)

ပထမဆုံး ဝေလမင်းသားစာပေဆုရ မြန်မာပညာရှိ From Wikipedia, the free encyclopedia

Remove ads

ဦး ပွား (၁၈၆၁-၁၉၄၀) သည် မြန်မာလူမျိုး စာပေပညာရှင်တစ်ဦး ဖြစ်သည်။ ဝေလမင်းသားစာပေဆုကို ပထမဆုံး ရယူခဲ့သူအဖြစ် ထင်ရှားသည်။

ဘဝဖြစ်စဉ်

၁၂၃၃ ခု၊ ဝါခေါင်လဆန်း ၆ ရက်၊ စနေနေ့တွင် ရမည်းသင်းခရိုင်၊ ရွာတန်းရွာနေ ဦးကျူး၊ ဒေါ်စံငြိမ်းတို့မှ မွေးသည်။ မွေးချင်း ၆ ယောက်အနက် အထွေးဆုံးသား ဖြစ်သည်။

ငယ်စဉ်ကပင် ရှင်ပြုကာ ရွာတန်းပင်ကျောင်းဆရာတော် ဦးသာသန၊ ထိန်ကန်ဆရာတော် အရှင် စက္ကိန္ဒ၊ အုတ်ဖိုဆရာတော် ဦးဝိသုဒ္ဓ၊ မန္တလေး ဂွေးချိုတိုက် အရှင် စာရိတ္တာဘိဓဇနှင့် ဥသျှစ်ပင်တိုက်ဆရာတော် အရှင်သီလာစာရဘိဓဇ မဟာရာဇာဓိရာဇဂုရု တို့ထံ၌ ပညာနို့ သောက်စို့သည်။

အသက် ၁၇ အရွယ်တွင် လူထွက်ကာ တောင်ငူနှင့် ပျဉ်းမနားတစ်ဝိုက်တွင် အရောင်းအဝယ်လုပ်ကာ အသက်မွေးသည်။ တောင်ငူရှိ ကုန်သည်ကြီးသမီး ဒေါ်ရွှေအိမ်နှင့် အိမ်ထောင်ပြုသည်။ တောင်ငူ၌ပင် နှစ် ၂၀ ခန့် နေထိုင်ဖြစ်သည်။

ထို့နောက် ရန်ကုန်သို့ ပြောင်းလာကာ မြန်မာ့အလင်း အယ်ဒီတာအဖြစ် ၃ နှစ်ကြာ လုပ်ကိုင်သည်။ ထို့နောက် ကေတုမတီ ပုံနှိပ်တိုက် စာပြင်ဆရာအဖြစ် အလုပ်ဝင်သည်။ ဦးပွားအသက် ၄၇ နှစ်တွင် ဇနီး တိမ်းပါးသည်။ []

အစိုးရစာတော်ပြန်စာမေးပွဲကို ဝင်ဖြေရာ ပထမအဆင့်နှင့် အောင်ပြီး ၁၂၈၁ ခုတွင် စအမှုထမ်းသည်။ ၁၂၈၅ ခုအထိ ဖြစ်သည်။

၁၂၈၅ ရန်ကုန်ကောလိပ်တွင် မြန်မာစာနည်းပြ ဖြစ်လာသည်။ ၎င်းကောလိပ်အား တက္ကသိုလ်အဖြစ် ပြောင်းသောအခါ ဂုဏ်ထူးဆောင်နည်းပြအဖြစ် ဆက်လုပ်ရာ ၁၂၉၇ ခု ရောက်မှ အငြိမ်းစား ယူသည်။

အင်္ဂလိပ်အစိုးရက ချီးမြှင့်သော တိုင်းကျိုးပြည်ကျိုးဆောင် (တီပီအက်စ်) (အင်္ဂလိပ်: Taingkyo Pyikyo Saung) ဘွဲ့ရသည်။ ၁၉၃၈ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ပေးသော ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ ရခဲ့သေးသည်။ []

Remove ads

ဝေလမင်းသား စာပေဆု

၁၉၂၂ ခု၊ ဇန်နဝါရီလ ၂ ရက်မှ ၁၀ ရက်အထိ မြန်မာနိုင်ငံသို့ ဝေလမင်းသား လာလည်သည့်အခါ စာပေဆုတစ်ခု ချီးမြှင့်မည်ဖြစ်ကြောင်း ကျေညာသည်။ ဆုငွေမှာ ကျပ် ၁၀၀၀ ဖြစ်သည်။ ထိုစဉ်က ရွှေတစ်ကျပ်သား ငွေအစိတ်သာ ပေးရရာ ရွှေ ၄၀ သားခန့် အဖိုးရှိသည်။ ပြည်ထဲရေးဝန်ကြီး ဦးမေအောင်က ဆရာလွန်းအား ရေးသားပေးရန် တိုက်တွန်းသည်။ မလုပ်နိုင်ကြောင်း ငြင်းသဖြင့် ထိုစဉ်က မြန်မာစာနည်းပြ ဆရာပွားထံ မြားဦးလှည့်လာသည်။ ဆရာပွားက "ဝေလမင်းသား နားတော်သွင်း ဧချင်း" ကို ရေးပေးလိုက်ရာ တက္ကသိုလ်ကျောင်းသား မောင်ကျော်အေးက ဝေလမင်းသားအား ဖတ်ပြရသည်။ ထိုစာအတွက် ဆရာပွား စာပေဆု ရသည်။ []

Remove ads

ဘဝနိဂုံး

၁၃၁၂ ခု၊ နတ်တော်လဆန်း ၁ ရက် (၁၉၄၀ ခု၊ နိုဝင်ဘာလ ၂၉ ရက်) တွင် ကွယ်လွန်သည်။

ရေးသားတည်းဖြတ်ခဲ့သော စာအုပ်များ

ဆရာပွား ရေးသား၊ တည်းဖြတ်ခဲ့သော စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

နောက်ထပ် အချက်အလက်များ စာအုပ် ခေါင်းစီး, မူရင်း ရေးသားသူ ...
Remove ads

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads