ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ
From Wikipedia, the free encyclopedia
Remove ads
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Federal Democratic Party) သည် ယခင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို အမည်ပြောင်းလဲ၍ ၂၀၂၃ ခုနှစ်တွင် စတင်တည်ထောင်၊ မှတ်ပုံတင်ထားသော ပါတီတစ်ခု ဖြစ်သည်။[၁]
ပါတီ၏ ဥက္ကဋ္ဌသည် ဒေါ်ချိုချိုကျော်ငြိမ်း ဖြစ်သည်။
Remove ads
ပါတီမှတ်ပုံတင်ခြင်း
၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၂၅) ဖြင့် ခွင့်ပြုခဲ့သည်။[၂]
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်၊ ပဒေသရာဇာလမ်း၊ အမှတ် (၇၃၁)တွင် ပါတီ ရုံးချုပ် ဖွင့်လှစ်ထားသည်။
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား
- ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီသည် မြန်မာပြည်ထောင်စုသူ ပြည်ထောင်စုသား များအား ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝ ခံစားရရှိနိုင်ရန်နှင့် ဒီမိုကရေစီ ထွန်းကား သော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပေးမည်။
- ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် (၁၉၆၂) ခုနှစ်မှစ၍ (၂၀၀၉) ခုနှစ်အထိ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကွယ်ပျောက်ခဲ့ရပါသည်။ ဒီမိုကရေစီဟု ဆိုခြင်း၌ နိုင်ငံတွင် အချုပ်အခြာ အာဏာသည် ပြည်သူလူထု၌တည်၍ အာဏာဟူသမျှ လူထုထံမှ ဆင်းသက်ရသောစနစ်ကို ဆိုလိုပါသည်။
- ပြည်သူလူထုသည် ဒီမိုကရေစီနှင့် ကင်းကွာရသည့်အတွက် လူ့အခွင့်အရေးများ ဆုံးရှုံးရသည်။ လွတ်လပ်မှု ကင်းမဲ့သော စိတ်၏ဆင်းရဲခြင်းဒုက္ခ၊ ခေတ်မမီ ရုပ်ဝတ္တု မပြည့်စုံသော ကိုယ်၏ဆင်းရဲခြင်းဒုက္ခ ကြုံတွေ့ရပါသည်။
- ပြည်သူတို့သည် မိမိတို့ ဒုက္ခအပေါင်းမှ လွတ်မြောက်ရေးအတွက် ဒီမိုကရေစီကို တမ်းတမ်းတတ မျှော်လင့်နေကြသည်။ ထိုအခြေအနေကို အသုံးချ၍ အမြတ်ထုတ် လိုသော အဓမ္မဝါဒီတို့က ဒီမိုကရေစီဆိုသည့် စကားလုံး၌ အမြီးတပ်ပေးကာ ပြည်သူတို့ကို လှည့်စားကြပါသည်။ လမ်းညွှန်ဒီမိုကရေစီ၊ ဒီမိုကရေစီသစ် အစရှိသည့် အမည်များဖြင့် ပြည်သူတို့ကို နဖားကြိုးထိုး၍ လိုရာသို့ ဆွဲခေါ်တတ်ကြပါသည်။
- ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ယုံကြည်သော ဒီမိုကရေစီစနစ်တွင် လွတ်လပ် ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကား ကျင့်သုံးနိုင်ရေး၊ နိုင်ငံရေး လွတ်လပ်မှု၊ စီးပွားရေး လွတ်လပ်မှု၊ တရားစီရင်ရေးတွင် လွတ်လပ်မှု၊ လွတ်လပ်စွာ တွေးတောကြံဆနိုင်မှု၊ လွတ်လပ်စွာ ဟောပြောစည်းရုံးနိုင်မှု စသည့် လွတ်လပ်မှု အခြေခံ အခွင့်အရေးများကို ပြည်သူတို့ အပြည့်အဝ ခံစားနိုင်ကြရန် ဖြစ်သည်။[၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads