ဖက်ဒရယ်ပြည်ထောင်စုစနစ်
နိုင်ငံရေးအယူအဆ From Wikipedia, the free encyclopedia
ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုသည်မှာ တိုင်းရင်းသားလူမျိုးစုများနှင့် တိုင်းရင်းသားပြည်သူ့ကိုယ်စားလှယ်များ အတူတကွ စုပေါင်းဖွဲ့စည်းသည့် နိုင်ငံရေးအုပ်ချုပ်ပုံနည်းစနစ်တစ်မျိုးဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုသည့်အသုံးအနှုန်းကိုလည်း ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြည်ထောင်စုအစိုးရနှင့် ဖွဲ့စည်းပုံပါ တိုင်း၊ ဒေသ၊ ပြည်နယ်၊ စီရင်စု အစိုးရများအကြား ဖွဲ့စည်းပုံအရ လက်တွေ့ခွဲဝေကျင့်သုံးသည့် အစိုးရအုပ်ချုပ်ရေးယန္တရားစနစ်ကို ရည်ညွှန်းဖော်ပြရန် အသုံးပြုလေ့ရှိကြသည်။ (ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုစနစ်ဖြစ်၍၊ ယူနစ်ထေရီစနစ်သည် တစ်ပြည်ထောင်သွင် စနစ်မျှသာဖြစ်သည်ကို သတိပြုရာသည်။) ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ဒီမိုကရေစီနည်းဥပဒေသများနှင့်၊ အမျိုးသားအစိုးရနှင့် ပြည်နယ်၊ ဒေသ တိုင်းအစိုးရများအကြား အုပ်ချုပ်ရေးအာဏာမျှဝေသုံးစွဲလျက် ဖက်ဒရယ်ခေါ်ပြည်ထောင်စုအဖြစ် ဖော်ဆောင်သည့် လက်တွေ့လမ်းစဉ်များအပေါ်တွင် အခြေတည်သည်။ ပါဝင်ဖော်ဆောင်သူများကိုမူ ပြည်ထောင်စုစနစ်ဖော်ဆောင်ရေးသမားများ၊ ဖက်ဒရယ်လစ်များဟု မကြာခဏ ခေါ်လေ့ရှိကြသည်။
ဥရောပတွင်မူ ဒေသန္တရအဆင့်၊ အမျိုးသားအဆင့်၊ အဆင့်မြင့်အမျိုးသားအဆင့်များတွင် ခွဲဝေအာဏာသုံးစွဲသည့် ဘုံပြည်ထောင်စုအစိုးရ သဘောကျသူများကို ပြည်ထောင်စုစနစ်သမား၊ ဖက်ဒရယ်လစ်များဟု ခေါ်ဆိုဖော်ပြလေ့ရှိကြသည်။ ဥရောပရှိ ပြည်ထောင်စုစနစ်သမားများ၊ ဖက်ဒရယ်လစ်များ အများစုသည် ဥရောပသမဂ္ဂအတွင်း ဤစနစ်ပိုမိုဖွံ့ဖြိုးမှုကို ဆက်လက်တိုးတက်စေလိုကြသည်။ ဥရောပပြည်ထောင်စုစနစ်သည် ဥရောပ စစ်အေးတိုက်ပွဲကာလတွင် အစပြုခဲ့ပြီး၊ အထူးအရေးပါသည့် ကနဦး စတင်လှုပ်ရှားမှုများမှာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ၏ ၁၉၄၆ ခုနှစ်တွင် ဇူးရစ်မြို့၌ ပြောကြားသည့် မိန့်ခွန်းဖြစ်သည်။
ကနေဒါတွင် ပြည်ထောင်စုစနစ် ဖက်ဒရယ်စနစ်သည် လွတ်မြောက်ရေးသမားများ၏ လှုပ်ရှားမှုများကို စံပြုလောက်စွာပင် ထောက်ပံ့အားပြုပေးနေသည်။
ဥပမာအားဖြင့် အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ အိန္ဒိယနှင့် မက္ကဆီကိုအစိုးရယန္တရားများကိုလည်း ပြည်ထောင်စုစနစ်ဖက်ဒရယ်နည်းဥပဒေသများဖြင့် ဖွဲ့စည်းကြရသည်။
ပြည်ထောင်စုစနစ်(ဖက်ဒရယ်စနစ်)သည် ဘယ်လဂျီယံ၊ ဘော့စနီးယားနှင့် ဟာဇယ်ဂိုဗီးနားတို့ကဲ့သို့မျိုးတွင် ပြည်ထောင်စုဝင် နှစ်တိုင်းသုံးတိုင်း(သို့မဟုတ်)နှစ်တိုင်းသုံးတိုင်းအောက် တိုင်းများဖြင့် ဝန်းရံဖွဲ့စည်းကောင်းဖွဲ့စည်းနိုင်သည်။ ယေဘုယျအားဖြင့် ပြည်ထောင်စုစနစ်ကို အဓိကပုံစံနှစ်မျိုး ပိုင်းခြားနိုင်သည်။ တစ်မျိုးမှာ ပိုမိုအင်အားကြီးသော ပြည်ထောင်စုဝင် ပြည်နယ်သည် လုံးဝနီးပါး လွှမ်းမိုးလွန်းပြီး၊ ဒေသန္တရအစိုးရများအတွက် အုပ်ချုပ်ရေးအာဏာများ နည်းနည်းသာ ချထားပေးတတ်ကြသည်။ အခြားတစ်မျိုးမှာ အမျိုးသားအစိုးရသည် ပြည်ထောင်စုနိုင်ငံတော်အဖြစ် အမည်သာမက အစစ်အမှန်ပြည်ထောင်စု ဖော်ဆောင်တတ်သည်။
၁၉၉၉ ခုနှစ်တွင် ကနေဒါအစိုးရသည် ပြည်ထောင်စုများ လူထုဆွေးနွေးဌာန(သို့မဟုတ်) “ပြည်ထောင်စုများလူထုရင်ပြင်”ကို အပြည်ပြည်ဆိုင်ရာကွန်ရက်အဖြစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်နေသည့် နိုင်ငံများအကြား အကောင်းဆုံး လုပ်ထုံးလမ်းစဉ် အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် ထူထောင်ခဲ့သည်။ ကနေဒါနိုင်ငံမြို့တော် ဩတာဝါတွင် ဗဟိုဌာနချုပ်စိုက်သည့် ပြည်ထောင်စုများ လူထုဆွေးနွေးဌာန၏ မိတ်ဖက်အစိုးရများအဖြစ် ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ဣသိယိုးပီယား(အီသီယိုးပီးယား)၊ ဂျာမနီ၊ အိန္ဒိယ၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့ ပါဝင်သည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ ဥဒါဟရုဏ်များ(ဝါ) ဥပမာများ
အမေရိကန်ပြည်ထောင်စု
မူရင်းဆောင်းပါး = အမေရိကန်ပြည်ထောင်စုက ပြည်ထောင်စုစနစ်
အမေရိကန်ပြည်ထောင်စုရှိ ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာသည့် အပြန်အလှန်ဆက်သွယ်မှုစနစ်ဖြစ်သည်။ အမေရိကန်အစိုးရယန္တရားကို (နှစ်ဦးဒဿန) နှစ်ပိုင်းနှစ်စ ဖက်ဒရယ်ပြည်ထောင်စုစနစ်မှ ပေါင်းစည်းဖက်ဒရယ်ပြည်ထောင်စုစနစ်တစ်ခုတည်းအသွင်သို့ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်လာစေခဲ့သည်။
ဆက်စပ်အကြောင်းအရာများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.