ဖက်ဒရယ်ပြည်နယ်

ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများ၏ အုပ်ချုပ်ရေးဒေသ From Wikipedia, the free encyclopedia

ဖက်ဒရယ်ပြည်နယ်
Remove ads

ဖက်ဒရယ်ပြည်နယ် (အင်္ဂလိပ်: Federated State၊ ရည်ညွှန်းသည့်အခေါ်အဝေါ်များ: state၊ province၊ region၊ canton၊ land၊ governorate၊ oblast၊ emirate သို့မဟုတ် country) ဆိုသည်မှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးသော နိုင်ငံများ (ဖက်ဒရေးရှင်းများ) ကို နယ်မြေအရသော်လည်းကောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရသော်လည်းကောင်း ဖွဲ့စည်းထားသည့် ပြည်နယ်မျိုးဖြစ်သည်။[] ဖက်ဒရယ်ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသော်လည်း အချုပ်အခြာအာဏာပိုင်အဖြစ် သတ်မှတ်၍မရနိုင်ပေ။ ဖက်ဒရယ်ပြည်နယ်များဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုသာ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် သတ်မှတ်နိုင်သည်။[] ဖက်ဒရယ်ပြည်နယ်များတွင် ကိုယ်ပိုင်ဥပဒေပြုရေး၊ ကိုယ်ပိုင်တရားစီရင်ရေး စသည်တို့ရှိသည်။

Thumb
အစိမ်းရောင်ခြယ်နိုင်ငံများသည် ဖက်ဒရယ်ပြည်နယ်များပါဝင်သည့် ဖက်ဒရယ်နိုင်ငံများဖြစ်သည်။

ဖက်ဒရယ်နိုင်ငံများသည် လွတ်လပ်သည့်နယ်မြေများ သို့မဟုတ် ကိုလိုနီကဲ့သို့ "Dependent territory" ခေါ် မှီခိုနယ်မြေများ (သာဓက– အမေရိကန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံ) မှဖွဲ့စည်းခြင်းဖြင့် ဖြစ်ပေါ်လာသည်။ သို့တည်းမဟုတ်လျှင် ပြည်ထောင်စုနိုင်ငံများ၏ အုပ်ချုပ်ရေးဒေသများကို ပြန်လည်ဖွဲ့စည်းခြင်းမှ ဖြစ်ပေါ်လာသည်။

ဖက်ဒရယ်နိုင်ငံတွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို ဗဟိုဖက်ဒရယ်အစိုးရနှင့် ပြည်နယ်များအကြားခွဲဝေရသည်။ သို့ဖြစ်ရာ ဖက်ဒရယ်ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အတိုင်းအတာတစ်ခုအထိရရှိသည်။ ဖက်ဒရယ်ပြည်နယ်များသည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်သည်။ ပြည်နယ်၏ဥပဒေပြုရေးကို ဗဟိုအစိုးရမှဗီတိုအာဏာဖြင့် ကန့်ကွက်ခြင်းမျိုးလည်းမရှိပေ။ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရအကြား ဆက်ဆံရေးဆိုင်ရာ ဥပဒေများကို နှစ်ဖက်လုံးမှ ဆွေးနွှေးတိုင်ပင်ပြီး ပြောင်းလဲပြင်ဆင်နိုင်သည်။

Remove ads

အခေါ်အဝေါ်ကွဲပြားပုံ

အင်္ဂလိပ်ဘာသာစကားတွင် အစိုးရအဖွဲ့ဝင်များကို ခေါ်ဆိုရာတွင် ပြည်နယ်နှင့်နိုင်ငံတော်အဆင့်အလိုက် ကွဲပြားနိုင်သည်။ ဤဇယားသည် ယေဘုယျအားဖြင့် ခေါ်ဆို‌လေ့ရှိသော အခေါ်အဝေါ်များဖြစ်သည်။

နောက်ထပ် အချက်အလက်များ အခေါ်အဝေါ်, နိုင်ငံတော်အဆင့် ...
Remove ads

ပြည်နယ်အလိုက်ဖက်ဒရယ်နိုင်ငံများစာရင်း

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads