ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်

မြန်မာ နိုင်ငံ​ရေး ပါတီ From Wikipedia, the free encyclopedia

ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်
Remove ads

ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (အတိုကောက် - ဖဆပလ)သည် လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အင်အားကြီးနိုင်ငံရေးပါတီဖြစ်ပြီး မြန်မာနိုင်ငံအား လွတ်လပ်ရေးရချိန် ၁၉၄၈ခုနှစ်မှ ပါတီပြိုကွဲချိန် ၁၉၅၈ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။

အချက်တိုများ Anti-Fascist People's Freedom League ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်, ပါတီဥက္ကဋ္ဌ ...
Thumb
ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ရုံး

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို သိမ်းပိုက်ထားသော ဖက်ဆစ်ဂျပန်တို့၏ ဖိနှိပ်ရက်စက်မှုမှ တွန်းလှန်လိုသူတစ်စုသည် ဖဆပလအဖွဲ့ချုပ်ကြီးကို ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဥက္ကဋ္ဌ၊ သခင်သန်းထွန်းအား အတွင်းရေးမှူး တင်မြှောက်၍ လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြသည်။

အဖွဲ့ကြီး၏ အဓိက ရည်ရွယ်ချက်မှာ ဖက်ဆစ်ဝါဒကို မြန်မာနိုင်ငံ၌သာမက ဖက်ဆစ်၏ မူရင်းဒေသများ၌ပါ အမြစ်ပြုတ်အောင် တိုက်ဖျက်ရန်နှင့် ပြည်သူလူထုက မျှော်မှန်းတမ်းတခဲ့ကြသည့် လွတ်လပ်ရေးကို ရရှိအောင် မနားမနေကြိုးပမ်းရန် တို့ဖြစ်သည်။ ယင်းကို အကြောင်းပြု၍ ထိုအဖွဲ့ကို ပထမတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဟု ခေါ်တွင်သည်။ အတိုကောက်အားဖြင့် ဖတပလဟု ဖြစ်သည်။ စစ်ပြီးနောက်တွင်မှ တိုက်ဖျက်ရေးလုပ်ငန်း ကုန်ဆုံး၍ ဆန့်ကျင်ရေး လုပ်ငန်းကိုသာ ရှေးရှုလုပ်ကိုင်ရန် ဆုံးဖြတ်ကာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဝါ) ဖဆပလ အဖွဲ့ချုပ်ဟု ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။

Remove ads

ဖက်ဆစ်တိုက်ဖျက်ရေး

ဖဆပလ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းရာ၌ ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီကွန်မြူနစ်ပါတီတို့ကို ဦးစီးခဲ့၍ မကြာမီ ရခိုင်အမျိုးသား အစည်းအရုံး၊ ကရင်ဗဟိုအဖွဲ့ချုပ်၊ အရှေ့အာရှ လူငယ်များ အစည်းအရုံး၊ မျိုးချစ်အဖွဲ့နှင့် မဟာဗမာအဖွဲ့တို့မှ ခေါင်းဆောင်အချို့ ပါဝင်လာကြသည်။ ဖဆပလ အဖွဲ့ချုပ်ကြီးကို ယင်းသို့ဖွဲ့စည်းပြီးသည်နှင့် ဂျပန်တို့၏ ရေလမ်း၊ ကြည်းလမ်း အဆက်အသွယ်များကို ဖြတ်တောက်ဖျက်ဆီး၍ မီးရှို့ပစ်ခြင်း၊ ဂျပန်တို့ချွေးတပ်ဆွဲသည်ကို လူထုက ရှောင်ရှားနေကာ လူစု၍ အကူအညီမပေးပဲနေခြင်း၊ လှေလှည်းနွား စသည်တို့ကို သိုဝှက်၍ အကူအညီ မပေးပဲနေခြင်း၊ ဂျပန်ကိုယ်စားလှယ်များနှင့် နိုင်ငံသစ္စာဖောက်များအား သုတ်သင်ပစ်ခြင်း၊ ဗမာ့တပ်မတော်က ပြောက်ကျားစနစ်သုံးကာ ဂျပန်တို့အား တော်လှန်တိုက်ခိုက်ခြင်း၊ တော်လှန်ရာ၌ အခြေအနေအရ သတင်းမှန်တို့ကို ဖဆပလအဖွဲ့သို့ လာရောက်ပေးပို့ပြီးလျှင် သတင်းမှားများကို ရန်သူ့နားသို့ရောက်အောင် ပေးခြင်း၊ မြို့နယ်ရွာများတွင် ဖဆပလအဖွဲ့ခွဲများ၊ ပြောက်ကျားတပ်များနှင့် အလုပ်သမား သမဂ္ဂများကို ဖွဲ့စည်းခြင်း စသည်တို့ကို ဖဆပလအဖွဲ့ချုပ်က ညွှန်ကြားသည့်အတိုင်း တော်လှန်ရေး လမ်းစဉ်အဖြစ် ဆောင်ရွက်ကြသည်။

ဖဆပလအဖွဲ့ကြီးသည် တော်လှန်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် အိန္ဒိယနိုင်ငံဘက်သို့ တိတ်တဆိတ်ထွက်ခွာသွားနှင့်ပြီဖြစ်သော ရဲဘော် ၇၀ ကျော်မှတဆင့် မဟာမိတ်စစ်ဖက်ဆိုင်ရာ အာဏာပိုင်များနှင့် အဆက်အသွယ်ပြုသည်။ မဟာမိတ်တို့က လက်နက်ခဲယမ်းမီးကျောက်၊ အဝတ်အစား အသုံးအဆောင်များဖြင့် အကူအညီပေး၍ ဖဆပလအဖွဲ့ချုပ်ကြီးကလည်း ဖက်ဆစ်ဂျပန်များအား မြန်မာနိုင်ငံအတွင်းမှ မောင်းထုတ်ရာတွင် မဟာမိတ်တပ်အား အစွမ်းကုန် အကူအညီပေးမှုကြောင့် ဖက်ဆစ်တိုက်ဖျက်ရေး လုပ်ငန်းသည် မျှော်လင့်သည်ထက် ထူးကဲစွာ အောင်မြင်ခဲ့သည်။

အရှေ့တောင်အာရှအတွက် မဟာမိတ် စစ်သေနာပတိ ဗိုလ်ချုပ် လော့မောင့် ဗက်တန်ကပင် ဖဆပလအဖွဲ့ကြီးသည် ဂျပန်ကို တော်လှန်သော အင်အားစုမျှသာမက အမျိုးသားတပ်ဦးကြီးတစ်ခုအဖြစ် တည်ရှိနေကြောင်း ယင်းအဖွဲ့ခေါင်းဆောင်များသည် မျိုးချစ်စိတ်ထက်သန်၍ ထထကြွကြွဆောင်ရွက်နိုင်သူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ် ဖွဲ့စည်းသည့်အခါ ဖဆပလမှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းသင့်ကြောင်း လန်ဒန်မြို့ရှိ မဟာမိတ်စစ်ဦးစီးအဖွဲ့သို့ အကြံပေးခဲ့သည်အထိ ဖဆပလ၏ ဂုဏ်သတင်းသည် ပျံ့သင်းကျော်စောခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads