ပြည်ထောင်စုပါတီ

မြန်မာနိုင်ငံရေးပါတီ From Wikipedia, the free encyclopedia

ပြည်ထောင်စုပါတီ
Remove ads

ပြည်ထောင်စုပါတီ (ပထစ) (အင်္ဂလိပ်: Union Party) သည် ၁၉၅၀ ခုနှစ်များနှောင်းပိုင်းနှင့် ၁၉၆၀ ခုနှစ်များအစောပိုင်းတွင် မြန်မာနိုင်ငံတွင် အာဏာရနိုင်ငံရေးပါတီဖြစ်သည်။ ဖဆပလနှစ်ခြမ်းကွဲပြီးနောက်တွင် ပေါ်ပေါက်လာသည်။ သန့်ရှင်းဖဆပလဟု ကနဦးခေါ်ဝေါ်ကြရာမှ ၁၉၆၀ ရွေးကောက်ပွဲအပြီးတွင် အမည်ပြောင်းခဲ့သည်။

အချက်တိုများ ပြည်ထောင်စုပါတီ, နာယက ...
Remove ads

သမိုင်း

ဖဆပလအတွင်း၌ မပြေလည်မှုများ ပေါ်ပေါက်လာခဲ့ရာမှ ၁၉၅၈ ဇူလိုင်လတွင် အဖွဲ့ချုပ်မှာ နှစ်ခြမ်းကွဲခဲ့ရသည်။[] တစ်ဖွဲ့ကို ဝန်ကြီးချုပ် ဦးနု က ဦးဆောင်ပြီး "သန့်ရှင်းဖဆပလ" ဟု အမည်ပေးခဲ့သည်။ ကျန်တစ်ဖွဲ့ကို ဦး ကျော်ငြိမ်း နှင့် ဘဆွေ တို့က ဦးဆောင်ပြီး ယင်းကို တည်မြဲဖဆပလ ဟု လူသိများသည်။ သန့်ရှင်းသောအဖွဲ့ကို နုတင်အဖွဲ့ ဟု ရံဖန်ရံခါ ရည်ညွှန်းပြီး အခြားခေါင်းဆောင် သခင်တင် ကို ရည်ညွှန်းပြီး မြန်မာ့ဆိုရှယ်လစ်ပါတီ၏ လက်ဝဲ ပုံးကျောင်းအဖွဲ့နှင့် ရှေးရိုးစွဲ စီးပွားရေး အကျိုးအမြတ်အုပ်စုများ အပါအဝင် နိုင်ငံရေး လမ်းကြောင်းအမျိုးမျိုးမှ အဖွဲ့များစွာ ပါဝင်ပါသည်။ []

အဆိုပါတည်မြဲဖဆပလအဖွဲ့ဝင်များသည် စစ်ဗိုလ်များ၏ ထောက်ခံမှုကို ရခဲ့သော်ငြားလည်း ဦးနုသည် ပြည်သူ့ထောက်ခံမှုကို ပိုမိုရရှိခဲ့သောကြောင့် ဝန်ကြီးချုပ်အဖြစ်ဆက်လက်တည်ရှိနိုင်ခဲ့သည်။ [] သို့သော်လည်း နှစ်ဖက်အဖွဲ့များကြား အငြင်းပွားမှုမှာ ပိုမိုဆိုးရွားလာကာ ၁၉၅၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်မှ ကြားဝင်စေ့စပ်ပေးခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီ ဆယ့်ရှစ်လအကြာတွင် နေဝင်း ဦးဆောင်သော အဖွဲ့က အာဏာသိမ်းခဲ့သည်။ []

၁၉၆၀ ရွေးကောက်ပွဲတွင် မွန် နှင့် ရခိုင် လူနည်းစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုးမြှင့်ပေးကာ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာ ဖြစ်လာစေမည်ဟု သန့်ရှင်းဖဆပလက ကတိပြုမဲဆွယ်စည်းရုံးရာတွင် ဗုဒ္ဓဘာသာဘုန်းကြီးများ၏ ထောက်ခံမှုကိုရရှိခဲ့သည်။ [] ထို့ကြောင့် အောက်လွှတ်တော်တွင်ထိုင်ခုံ ၂၅၀ ရှိသည့် အနက် ၁၅၈ ခုံကျော်အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဦးနုသည်လည်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်တည်မြဲခဲ့ပြန်သည်။ ရွေးကောက်ပွဲ အပြီးတွင်မူ ပြည်ထောင်စုပါတီ ဟူသော အမည်ကိုအတည်ပြုခဲ့သည်။ []

ပထစအစိုးရသည် နိုင်ငံရေးလမ်းစဉ်သစ်များကို ချမှတ်နိုင်ခဲ့သော်လည်း ပါတီအတွင်း၌ အုပ်စုကွဲအားပြိုင်မှုများ ပေါ်ပေါက်လာခဲ့သည်။ ကိုလိုနီခေတ်ပညာတတ်များက "ဦး"၊ တပ်မတော်ဝင်ဟောင်းများက "ဗိုလ်"၊ ဒို့ဗမာအစည်းအရုံးဝင်များက "သခင်" ဟူ၍ အုပ်စုများကွဲသွားခဲ့ပြန်သည်။ ၁၉၆၂ ခုနှစ်တွင် ဦးနု၏အစိုးရကို ဗိုလ်နေဝင်းက နိုင်ငံတော်မတည်ငြိမ်မှုအကြောင်းပြ၍ အာဏာသိမ်းခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads