ဖရန်စစ္စကို ဖရန်ကို
From Wikipedia, the free encyclopedia
Remove ads
စပိန်တော်လှန်ရေး ခေါင်းဆောင်ကြီးလည်း ဖြစ်ခဲ့၍၊ အာဏာရှင်လည်း ဖြစ်သော ဖရန်စစ္စကို ဖရန်ကိုသည် စပိန်နိုင်ငံ ဂလစ်ရှာပြည်နယ် အယ်ဖဲရောမြို့တွင် ၁၈၉၂ ခုနှစ် ဒီဇင်္ဘာလ ၄ ရက်နေ့၌ ဖွားမြင်သည်။ ငယ်စဉ်ကပင် စပိန်တပ်မတော်တွင် ဝင်ရောက်စစ်မှုထမ်းခဲ့သည်။ မိုရော့ကိုနယ်တွင် တာဝန်များကို ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သဖြင့်၊ အသက် ၃၂ နှစ်အရွယ်တွင် ဗိုလ်ချုပ် ကြီးအဆင့်အတန်းအထိ၊ အဆင့်ဆင့် တိုးမြှင့်ခန့်ထားခြင်း ခံရသည်။ ၁၉၃၁ ခုနှစ်တွင် စပိန်ဘုရင် အယ်လ်ဖွန်းဆိုး (၁၃) နန်းစွန၍၊ စပိန်သမ္မတနိုင်ငံ ဖြစ်လာသောအခါတွင်မူ၊ လက်ဝဲဂိုဏ်းသားများ ကြီးစိုးသ ဖြင့် ဖရန်ကိုအား ဗယ်လီအဲရစ်သို့ ပို့၍အမှုထမ်းစေသည်။ ပြည်နှင်ဒဏ်ပေးသည်ဟု ဆိုရလောက်နီးနီးပင် ဖြစ်သည်။ ၁၉၃၃ ခုနှစ်တွင် လကျာ်ဂိုဏ်းသားများ အာဏာရလာသောအခါ၊ ဖရန်ကိုအား ပြန်ခေါ်၍ မိုရော့ကိုမှ ဆူပူမှုတစ်ခုကို နှိပ်ကွပ်စေသည်။ ၁၉၃၅ ခုနှစ်တွင် ကနေရီကျွန်းများတွင် ဘုရင်ခံအဖြစ် ခန့်အပ် ခြင်းခံရ၍၊ ယင်းနှစ် ဇူလှိုင်လတွင် အသားနယားအစိုးရကို ပုန်ကန်တော်လှန်၍ ပြည်တွင်းစစ်ဖြစ်ပွားလာသော အခါ၊ ဖရန်ကိုသည် တော်လှန်သူများဖက်မှ ပါဝင်ခဲ့လေသည်။
ဖရန်ကိုသည် ထိုစဉ်အခါကသာမန်တော်လှန်ရေးခေါင်းဆောင် တစ်ဦးမျှသာ ဖြစ်ခဲ့သည်။ သို့သော် သူပုန်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ဆန်ဂျူဂျိုကွယ်လွန်ရာတွင်၊ ဖရန်ကိုအတွက် အခွင့်ကောင်း ကြုံခဲ့သည်။ ဖရန်ကိုသည် စပိန်သူပုန်တပ်များကို ခေါင်းဆောင်တိုက်ခိုက်ခဲ့၍၊ ၁၉၃၆ ခုနှစ် အောက်တိုဘာလ တရက်နေ့တွင် နိုင်ငံတော်ခေါင်းဆောင်အဖြစ်လည်းကောင်း၊ စစ်သေနာပတိချုပ်အဖြစ်လည်းကောင်း ကြေညာလေသည်။ စပိန်ပြည်တွင်းစစ်သည် နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျအဆုံးများစွာနှင့်၁၉၃၉ ခုနှစ်တွင် ပြီးဆုံးသွားသောအခါ၊ ဖရန်ကိုသည် စစ်နိုင်သူဖြစ်၍ စပိန်အာဏာရှင်အဖြစ် တန်ခိုး ကြီးမားလာခဲ့လေသည်။ ထိုအခါတွင် ရှေးကရှိခဲ့သော ကောတေးဥပေးဒပြုလွှတ်တော်ကို ပယ်ဖျက်၍ သူ၏နောက်လိုက်များသာ ပါဝင်သော အုပ်ချုပ်ရေးကောင်စီ ကြီးကို ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။ ဖရန်ကိုသည် မိမိတန်ခိုးအာဏာတည်မြဲရေး အတွက် အတိုက်အခံအားလုံးကို အပြင်းအထန် နှိပ်ကွပ်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းက စပိန် နိုင်ငံသည် မည်သည့်ဖက်တွင်မှ အတိအလင်းပါဝင်ခြင်း မရှိခဲ့သော်လည်း ဂျာမနီနိုင်ငံနှင့် ဆက်သွယ်ခဲ့သော အထောက်အထား သက်သေသာဓကအများကို မဟာမိတ်နိုင်ငံများက တွေ့ရှိကြလေသည်။
၁၉၄၂ ခုနှစ်တွင် ဖရန်ကိုသည် ကောတေးဥပဒေပြုလွှတ်တော်ကို
ပြန်လည်ဖွဲ့စည်းပေးမည်ဟု ကြေညာ၏။ ရွေးကောက်ပွဲကိုလည်း
၁၉၄၅ ခုနှစ်တွင် ကျင်းပရန် ချိန်းဆိုကြေညာခဲ့လေသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဖရန်ကိုသည် အခြားနိုင်ငံများ၏
ဆက်လက်အသိအမှတ်ပြုခြင်းကို ခံယူရရှိရန် အားထုတ်ခဲ့၏။
သို့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနှင့်
ဆက်သွယ်မှုပေါ်ပေါက်ခဲ့ခြင်း ၁၉၄၅ ခုနှစ်တွင် ကျင်းပရန်
ကြေညာထားသည့် ရွေးကောက်ပွဲကို အကြောင်းမဲ့
ရွှေ့ဆိုင်းခဲ့ခြင်းနှင့် အတိုက်အခံ နိုင်ငံရေးသမားများကို
ဆက်လက်ည|ဉ်းပန်းနေခြင်းတို့ကြောင့်ပြင်သစ်၊ အမေရိကန်နှင့်
အင်္ဂလိပ်တို့က ပြစ်တင် ရှုံ့ချခဲ့ကြလေသည်။ ၁၉၄၆ ခုနှစ်
ဒီဇင်္ဘာလတွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ
အထွေထွေညီလာခံကြီးက သမဂ္ဂဝင်နိုင်ငံများအား
ဖရန်ကိုအာဏာလွှမ်းမိုးနေစဉ်တွင် စပိန်နိုင်ငံရှိ မိမိတို့၏
ကိုယ်စားလှယ်များကိုပြန်လည်ရုပ်သိမ်းရန် ဆင့်ဆိုခဲ့လေသည်။
၁၉၄၇ ခုနှစ်တွင် ဖရန်ကိုသည် နိုင်ငံတော်၏
ရာသက်ပန်အဓိပတိအဖြစ် ခန့်အပ်ခြင်းခံရလေသည်။
ကောတေးဥပဒေပြုလွှတ်တော်က ဖရန်ကိုအား
သူ့ကိုဆက်ခံမည့်သူ ရွေးချယ်ခွင့်ပေးသည်။ ထိုအခွင့်အရေးကို
ဥပဒေအဖြစ် ထိုနှစ်ဇူလိုင်လတွင် လူထုဆန္ဒဖြင့်
ပြဋ္ဌာန်းအတည်ပြုလိုက်၏။ ဖရန်ကို၏လက်ထက်တွင်
ပြည်သူလူထုအား ပြည်သူ့အခွင့်အရေးများ ပေးအပ်သော
ဥပဒေတစ်ရပ်ပြုခဲ့သည်။ ထို့ပြင်အလုပ်သမား တို့၏
သက်သာချောင်ချိမှုအတွက် လေဘာချာတာ ကိုလည်း
ထုတ်ပြန်ကြေညာခဲ့လေသည်။ ကက်သလစ် အယူဝါဒကို
နိုင်ငံတော်၏ အယူဝါဒအဖြစ် ပြန်လည်အသိအမှတ်ပြုခဲ့လေသည်။
၁၉၅၁ ခုနှစ်တွင် စပိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့
သံတမန်ချင်း ပြန်လည်လဲလှယ်ခဲ့ကြသည်။ ထိုနောက်တွင်
ဖရန်ကိုသည် ဒုတိယကမ္ဘာစစ်အတွင်းက ထားရှိသော
ကြားနေရေးဝါဒကိုစွန့်လွှတ်ကာ၊ ၁၉၅၃ ခုနှစ် စက်တင်္ဘာလ
၂၆ ရက်နေ့တွင် အမေရိကန်တို့ စစ်ဖက်ဆိုင်ရာ
အခွင့်အလမ်းများ အသုံးပြုနိုင်ရေး၊ စီးပွားရေးအကူအညီပေးရေး
စသောအကြောင်းကိစ္စရပ်များ အကျုံးဝင်သည့် စာချုပ်သုံးခု
ချုပ်ဆိုခဲ့ လေသည်။
ဖရန်ကိုသည် တိုင်းပြည်ကာကွယ်ရေးကို အထူးဂရုစိုက်သူ
ဖြစ်၏။ သူ့လက်ထက်တွင် ကုန်းတပ်၊ ရေတပ်၊ လေတပ်များကို
တိုးချဲ့ရုံသာမက၊ နိုင်ငံတော်၏ ဘဏ္ဍာတော်သုံးပုံတစ်ပုံမျှကိုပင်
စစ်ဖက်တွင် သုံးခွင့်ပြုထားလေသည်။ ကမ္ဘာ့နိုင်ငံရေးကို
မျက်ခြေမပြတ်အောင်စောင့်ကြည့်တတ်သူလည်း ဖြစ်ပေသည်။
၁၉၅၇ ခုနှစ်တွင် ကောတေးဥပဒေပြုလွှတ်တော်၌ ဖရန်ကို
ကွယ်လွန်ပြီးနောက်တွင် ဘုရင်စနစ်ပြန်၍ ထူထောင်မည်ဟူ၍ ထုတ်ပြန်ကြေညာခဲ့လေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads