ဖလော်ရီဒါပြည်နယ်

From Wikipedia, the free encyclopedia

ဖလော်ရီဒါပြည်နယ်
Remove ads

ဖလော်ရီဒါ ပြည်နယ် (Florida) သည် အမေရိကန်ပြည်နယ် တစ်ခု ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် အယ်လ်ဘားမားပြည်နယ်၊ မြောက်ဘက်တွင် ဂျော်ဂျီယာပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ ပြည်နယ်၏ ကုန်းမြေ အစိတ်အပိုင်း အတော်များများမှာ ကြီးမားကျယ်ပြန့်သော ကျွန်းဆွယ်ပေါ်တွင် တည်ရှိပြီး ထိုကျွန်းဆွယ်ကို အနောက်ဘက်တွင် မက္ကဆီကို ပင်လယ်ကွေ့၊ အရှေ့ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာနှင့် တောင်ဘက်တွင် ကာရစ်ဘီယံ ပင်လယ် တို့က ဝန်းရံထားကြသည်။ ဖလော်ရီဒါသည် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ၁၈၄၅ ခုနှစ်တွင် ၂၇ ခုမြောက် ပြည်နယ် အဖြစ် ဥရောပသားတို့ နှစ်၃၀၀ အကြာ အုပ်ချုပ်အပြီးတွင် ဝင်ရောက်ခဲ့သည်။

အချက်တိုများ ဖလော်ရီဒါပြည်နယ်, နိုင်ငံ ...

ဧရိယာ အကျယ်အဝန်းမှာ ၆၅,၇၅၅ စတုရန်းမိုင်မျှ ကျယ်ဝန်းပြီး အမေရိကန် ပြည်နယ် ၅၀ တွင် ၂၂ ခုမြောက် အကြီးဆုံး ပြည်နယ် ဖြစ်သည်။ ဖလော်ရီဒါပြည်နယ်သည် ကုန်းမြေတဆက်တည်း ဖြစ်နေသော အမေရိကန် ပြည်နယ်များတွင် ကမ်းရိုးတန်း အရှည်လျားဆုံး ဖြစ်ပြီး ၁၃၅၀ မိုင်မျှ ရှည်လျားသည်။ ပြည်နယ် အတွင်းတွင် ကျယ်ပြန့်သော မြို့ပြနေရာ ၄ခု၊ ထိုထက် ပို၍သေးငယ်သော စက်မှုမြို့တော်များ နှင့် မြို့ငယ်ကလေးများ အများအပြား ပါဝင်သည်။

ဖလော်ရီဒါပြည်နယ်သည် ယေဘူယျအားဖြင့် နွေးထွေးသော ရာသီဥတု ရှိသဖြင့် နေသာသော ပြည်နယ် (Sunshine State) ဟု တင်စားခေါ်ဝေါ်ကြသည်။ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် မုတ်သုံဆန်သော ရာသီဥတု ရှိပြီး တောင်ဘက်ပိုင်းတွင် မုတ်သုံရာသီဥတု ရှိသည်။ အမေရိကန် လူဦးရေ ဗြူရို၏ စာရင်းဇယားအရ ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက်တွင် လူဦးရေ ၁၈,၈၀၁,၃၁၀ ရှိပြီး အမေရိကန် ပြည်ထောင်စုတွင် စတုတ္တမြောက် လူဦးရေ အများဆုံး ပြည်နယ် ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်တက္ကဆပ်စ်ပြည်နယ် နှင့် နယူးယောက်ပြည်နယ်တို့ ပြီးလျှင် လူဦးရေ အများဆုံး ဖြစ်သည်။ [] တာလာဟာဆီမြို့သည် ပြည်နယ်၏ မြို့တော် ဖြစ်ပြီး ဂျက်ဆင်ဗီးလ်မြို့သည် အကြီးဆုံးမြို့ ဖြစ်သည်။ တောင်ဖလော်ရီဒါ မက်ထရိုပိုလစ်တန် ဧရိယာမှာ အကြီးဆုံး မြို့ပြဧရိယာ ဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads