ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှု

From Wikipedia, the free encyclopedia

Remove ads


၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်စိမ်းတူးဖော်သည့် နေရာအနီးရှိ စွန့်ပစ်မြေစာပုံ ပြိုကျကာ လူပေါင်း ၁၁၆ ဦးသေဆုံးပြီး ၁၀၀ ကျော်ခန့် ပေျာက်ဆုံးခဲ့သည်။[][][][][][]

အချက်တိုများ နေ့ရက်, တည်နေရာ ...

နိုဝင်ဘာလ ၂၈ ရက်နေ့တွင်လည်း ဖားကန့်မြို့ နမ့်မှော်ကျေးရွာအုပ်စုတွင် ပေ ၄၀ ခန့်ရှိ စွန့်ပစ်မြေစာပုံ ပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကာ လူတစ်ဦး သေဆုံးခဲ့သေးသည်။[]

Remove ads

မြေပြိုကျမှု

မြေပြိုကျမှုသည် နံနက် လေးနာရီခန့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်မျက်ကုမ္ပဏီများမှ စွန့်ပစ်ထားသည့် မြေစာပုံ ပြိုကျခဲ့ခြင်းဖြစ်သည်။ မြေစာပုံအောက်ဘက်တွင် ရေမဆေးကျောက်ရှာဖွေသူများ နေထိုင်သည့် ယာယီတဲအိမ် ၂၀၀ ကျော်ခန့်ရှိပြီး ပြိုကျချိန်တွင် အလုံး ၅၀ ခန့်မြေပိမိခဲ့သည်။[]ပြိုကျရခြင်း အကြောင်းရင်းကို မသိရသေးပေ။[][]

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် အခြားအဖွဲ့အစည်းများမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရာ လူတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်။[] အနည်းဆုံး ၁၁၆ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။[] လူ ၁၀၀ ကျော်ခန့် ပေျာက်ဆုံးလျက်ရှိကြောင်းလည်း သိရှိရသည်။ ဖြစ်ပွားရာဒေသတွင် နေထိုင်လျက်ရှိကြသူဦးရေကို တိကျစွာ မသိရှိရသည့်အတွက် ထိခိုက်သေဆုံးသူဦးရေကို တိကျစွာ ခန့်မှန်းနိုင်ခြင်း မရှိပေ။[][] ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းများအရ မြေပြိုကျနိုင်မှု အန္တရာယ်ရှိသော စွန့်ပစ်မြေစာပုံများအနီးတွင် သွားလာနေထိုင်ခြင်းမပြုရန် ဌာနဆိုင်ရာများမှ သတိပေးတားမြစ်ထားကြောင်း သိရသည်။[]


Remove ads

အခြားကြည့်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads