ဖားကန့်မြို့

ဖားကန့်မြို့ From Wikipedia, the free encyclopedia

ဖားကန့်မြို့
Remove ads

ဖားကန့်မြို့အား မြန်မာနိုင်ငံ၏ ကျောက်စိမ်းသိုက်တည်ရာအဖြစ် လူသိများသည်။

အချက်တိုများ ဖားကန့်မြို့ Phakant, နိုင်ငံ ...
Remove ads

ဖြစ်တည်ပုံသမိုင်း

ဖားကန့်ဟူသောစကားသည် ရှမ်းဘာသာစကား (ဖာ − ကျောက်ဖျာ၊ ကန့် − ပြိုကျခြင်း) မှ ဆင်းသက်လာပြီး ကျောက်ဖျာပြိုကျသည့်နေရာ ဟု ဆိုနိုင်သည်။[] ဖားကန့်၏ ပထမဆုံးတည်ရာမှာ အောင်မင်္ဂလာရွာ ဖြစ်သည်။ ၁၈၃၂ ခုနှစ်တွင် ဦးပူလွယ်ဟိန်းနှင့် အဖွဲ့သား (၆) ဦးတို့က မျောက်ဖြူချောင်းပေါက်ဝအထက်တွင် ရွာတည်သည်။ ချောင်းပေါက်ဝအနီးတွင် ကျောက်ဖျာတောင် ရှိသည်။ ရွာတည်သော အဆိုအမိန့်မှာ "ကိုးကေနဝစတု၊ လူထွေစု၊ တည်ပြုအောင်မင်္ဂလာ ဖားကန့်ပထမရွာ" ဟူ၍ ဖြစ်သည်။ ရွာတည်ပြီး မကြာမီပင် ကျောက်ဖျာတောင် ပြိုကျသည်ကို အကြောင်းပြု၍ ဖာကန့်ဟု တွင်လာခြင်း ဖြစ်သည်။

တောင်ပြိုအပြီးတွင် ဖားကန့်ကို ၁၈၃၆ ခုနှစ်တွင် ဒုတိယအကြိမ် တည်ထောင်ကြသည်။ ရွာတည်အဆိုအမိန့်မှာ "ဥဩနဝ၊ အငှာပြ၊ တောင်ကိုလာကြည့်ကြ၊ ဖာကန့်အမည်ရ" ဟု ဆိုသည်။

Remove ads

အခြား သိမှတ်ဖွယ်ရာများ

မြန်မာတို့၏ ကျောက်စိမ်းသိုက် တည်ရှိရာ ဖားကန့်ရတနာမြေသည် ၁၃ ရာစုကတည်းက စတင်ထင်ရှားနေခဲ့ပြီး ဖြစ်ကာ ဖားကန့်မြို့ကို ဗဟိုပြု၍ ဥရုချောင်း ဝဲယာဘက်ကမ်းတို့၌ တည်ရှိသည်။

ကျောက်စိမ်းဟူသော ရတနာမှာ ဂျေဒိုက်ကျောက်စိမ်းနှင့် နက်ဖရိုက်ကျောက်စိမ်းဟု နှစ်မျိုးရှိသည့်အနက် ဂျေဒိုက် အမျိုးအစားသည် အဖိုးတန်မျိုး၊ အရည်အသွေး ထိပ်တန်းကျသော ကျောက်စိမ်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ဂျေဒိုက်ကျောက်စိမ်း ထွက်ရှိရာ၌ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော နိုင်ငံ၊ ၎င်းပြင် ကျောက်စိမ်းဈေးကွက်ကြီး တည်ရှိရာ နိုင်ငံ ဖြစ်၍၊ ကျောက်စိမ်းနှင့် ပတ်သက်လာပါက ဂုဏ်ယူရလောက်သော နိုင်ငံ ဖြစ်သည်။

ဖားကန့် မြို့၊ ဆိပ်မူ ကျေးရွာအုပ်စု၊ နတ်မှော် ကျေးရွာ နတ်မှော် ချောင်းနဲ့ ရေကြည် ချောင်းတို့ ဆုံရာ မြေပုံ အညွှန်း ၉၂ – စီ ၂ဘီ ၈၅၅၆၂၂ မှာ အလျား ပေ၇၀ x အမြင့်ပေ ၂၀ x အနံ ၁၆ပေ ရှိသော ကမ္ဘာ့ အံ့ဖွယ် ကျောက်စိမ်း ရတနာ တုံး ကြီး ရှိပြီး ၎င်းကျောက်စိမ်း တုံးကြီးကို မူလ နေရာမှ မရွှေ့ဘဲ မဟာကျောက်စိမ်းပြတိုက်ကို တည်ဆောက်ပြီးထားရှိသည်။ တန် ၁၁၀ ကျော်၊ ပိဿာ ၆၆,ဝ၀ဝ ကျော်ရှိ အရည် အသွေး, ကောင်းမွန်သော ကျောက်စိမ်း ရတနာကြီး ကိုလည်း တွေ့ရှိ ထားပြီဟု ကြားသိရသည်။

ဖားကန့် ကျောက်စိမ်းထွက်ရှိရာနှင့် တူးဖော်ရာ နေရာကို မှော်ဟု ခေါ်တွင်ပြီး၊ တစ်နိုင်ငံလုံးမှ အားကောင်းမောင်းသန် လူငယ်လူရွယ်များသည် မြေလွှာကို ဖွင့်၊ တိုင်းပြည်ကို မြှင့်မည်ဟူသော ဇွဲစိတ်ဖြင့် မိမိနေရာကို စွန့်ခွာကာ မိဝေးဘဝေး စွန့်စွန့်စားစား လာရောက် ကျောက်စိမ်း ရှာဖွေကြသည်။ ဖားကန့်မှော်သည် ကျောက်အပြိုင် ရှာကြသော ဒေသဖြစ်ကာ မှော်ထဲသို့ ရောက်လျှင် စက်ယန္တရားကြီးများ သုံးကာ တောင်များ ဖြိုချ၊ တောင်ကြားများကို မိုးထိအောင်ဖို့၍ နေ့မအား၊ ညမနား လောဘစိတ်ကို အရင်းလုပ်ပြီး ဆောင်ရွက်နေကြသည်ကို တွေ့ရမည်။

ဖားကန့်မှော် ဒေသ၌ ဒေသခံ ခရစ်ယာန် ဘာသာဝင် အများစု နေထိုင်လျက် ရှိကာ၊ ဗုဒ္ဓဘာသာ ဝင်များလည်း နေထိုင်လျက်ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads