ဖုန့်ဟွမ်ရှေးဟောင်းမြို့

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်ရှိ ခရိုင် From Wikipedia, the free encyclopedia

ဖုန့်ဟွမ်ရှေးဟောင်းမြို့map
Remove ads

ဖုန့်ဟွမ်ခရိုင် (တရုတ်: 凤凰县; ပင်ယင်: Fènghuáng Xiàn)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြညနယ်၊ မြောင်နှင့်ထူကျားလူမျိုးများ၏ ရှန်းရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တည်ရှိသည်။ လူမျိုးစု၏ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ အနုပညာများနှင့် မင်ခေတ်နှင့်ချင်ခေတ်ရှေးဟောင်းဗိသုကာလက်ရာများကို ကောင်းစွာထိန်းသိမ်းထားသည့်ဒေသလည်းဖြစ်သည်။ မြို့ကိုတောင်တန်းဒေသတွင်တည်ထားပြီးမြို့လယ်တွင် ချောင်းတစ်ခုစီးဆင်းနေသည်။ . [] မြို့လူဦးရေ၏ထက်ဝက်သည် မြောင်နှင့်ထူကျားလူနည်းစုတိုင်းရင်းသားများဖြစ်ကြသည်။ [] ၁၈၅၄ မြောင်ပုန်ကန်မှု၏ဗဟိုချက်မဖြစ်ခဲ့ပြီးမြောင်လူမျိုးများစွာအရှေ့တောင်အာရှဒေသသို့ပြောင်းရွှေ့သွားခဲ့ရသည်။ မြောင် ရိုးရာနှင့်ဈာပနပွဲတော်များတွင် ဤမြို့မှာအရေးပါပြီး ဟန်တရုတ်လူမျိုးများအား မြောင်တို့၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးရန် မင် မင်းဆက်က ခံတပ်ဆောက်လုပ်ပေးခဲ့သည့် တောင်ပိုင်း တရုတ်မဟာတံတိုင်း တရုတ်: 中国南方长城; ပင်ယင်: Zhōngguó Nánfāng Chángchéng; Miao: "Suav Tuam Choj") ရှိရာ နေရာလည်းဖြစ်သည်။

Thumb
ဖုန့်ဟွမ်မြို့လမ်းပေါ်မှ မြောင်လူမျိုးအဘွားအို
အချက်တိုများ ဖုန့်ဟွမ်ခရိုင်, တရုတ် စာသားဖြင့် ဖော်ပြခြင်း ...
Thumb
ဖုန့်ဟွမ်မြို့ရှုခင်း


Remove ads

ကမ္ဘာ့အမွေအနှစ်သတ်မှတ်မှုအခြေအနေ

Thumb
၁၉၂၀ပြည့်လွန်များက အစိုးရရုံးတစ်ခု၏တံခါး၊ တံခါးပေါ်ရှိစာလုံးများ၏အဓိပ္ပာယ်မှာ "ဖုန့်ဟွမ်စီရင်စု"ဟုအဓိပ္ပာယ်ရသည်။

ဖုန့်ဟွမ်ရှေးဟောင်းမြို့အား ၂၀၀၈၊ မတ် ၂၈ တွင် ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းထဲသို့သွင်းခဲ့သည်။

မှတ်ချက်

မှီငြမ်း

ပြင်ပချိတ်ဆက်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads