ဖူမီအို ခီရှိဒ
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် From Wikipedia, the free encyclopedia
Remove ads
ဖူမီအို ခီရှိဒ (အင်္ဂလိပ်: Fumio Kishida) (岸田 文雄, Kishida Fumio) သည် ဂျပန်နိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ လက်ရှိတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထို့အပြင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ဥက္ကဋ္ဌဖြစ်ကာ ဂျပန်အောက်လွှတ်တော် အမတ်တစ်ဦးလည်းဖြစ်သည်။၂၀၁၂ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။၂၀၁၇ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ LDPပါတီ၏ မူဝါဒနှင့်သုတေသနကောင်စီ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သည်။
Remove ads
ငယ်ဘဝနှင့်ပညာရေး
ဖူမီအို ခီရှိဒကို ၁၉၅၇ခုနှစ် ဇူလိုင်၂၇ရက်နေ့တွင် နိုင်ငံရေးမိသားစုတစ်စုမှ တိုကျိုမြို့တွင် ဖွားမြင်ခဲ့သည်။[၁]ဖခင်နှင့် အဘိုးဖြစ်သူမှာ အောက်လွှတ်တော်အမတ်များဖြစ်ကြသည်။ ဝန်ကြီးချုပ်ဟောင်း Kiichi Miyazawa သည်လည်း ဆွေမျိုးတော်စပ်သည်။
ဖခင်ဖြစ်သူသည် အမေရိကန်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ရသဖြင့် ဖူမီအို ခီရှိဒသည် နယူးယောက်မြို့တွင် မူလတန်းပညာ သင်ကြားခဲ့ရသည်။ တိုကျိုမြို့ရှိ Waseda တက္ကသိုလ်တွင် ပညာသင်ခဲ့ကာ ၁၉၈၂ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ နောင်တွင် ကာကွယ်ရေးဝန်ကြီးဖြစ်လာမည့် Takeshi Iwayaနှင့် ထိုတက္ကသိုလ်တွင် ဆုံတွေ့ခဲ့သည်။
Remove ads
နိုင်ငံရေးဘဝ
သူသည် ၁၉၉၃အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ဟီရိုရှီးမား ခရိုင်(၁)မှ အနိုင်ရကာ အောက်လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။
၂၀၀၇ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ အိုကီနာဝါရေးရာဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။၂၀၀၈ခုနှစ်တွင် ဝန်ကြီးချုပ် ဖူကုဒအစိုးရအဖွဲ့၌ စားသုံးသူရေးရာနှင့် စားနပ်ရိက္ခာဘေးကင်းရေး တာဝန်ခံဝန်ကြီး ဖြစ်လာခဲ့သည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင်လည်း တာဝန်ခံဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။
၂၀၁၂ရွေးကောက်ပွဲတွင် LDPပါတီအနိုင်ရပြီးနောက် ၎င်းကို ရှင်ဇို အာ့ဘဲ့အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[၂]၂၀၁၇အထိ လုပ်ကိုင်ခဲ့ကာ စစ်ပြီးခေတ်သမိုင်းတွင် သက်တမ်းအကြာဆုံးနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည်။၂၀၁၆ခုနှစ် မေလတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ သမိုင်းဝင်ဟီရိုရှီးမားခရီးစဉ်ကို စီစဉ်နိုင်ရန် ကူညီပေးခဲ့သူဖြစ်သည်။
၂၀၁၇ခုနှစ်တွင် အစိုးရအဖွဲ့မှ နုတ်ထွက်ကာ ပါတီ၏ မူဝါဒနှင့် သုတေသနကောင်စီတွင် ဥက္ကဋ္ဌလုပ်ခဲ့သည်။ဤနေရာကို လုပ်ကိုင်ခဲ့ခြင်းမှာ ထိုစဉ်ကပါတီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် ရှင်ဇို အာ့ဘဲ့အား ဆက်ခံနိုင်ရေး အခွင့်အလမ်းပိုများရန်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးရာထူးသည် ပါတီအတွင်း လွှမ်းမိုးနိုင်မှု နည်းပါးသည်။
၂၀၁၈ခုနှစ် LDPပါတီခေါင်းဆောင်ရွေးပွဲတွင် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သော်လည်း ဝန်ကြီးချုပ် ရှင်ဇို အာ့ဘဲ့က တားမြစ်ခဲ့ကာ ၎င်းကို နောက်ပိုင်းတွင် သူ၏ဆက်ခံသူအဖြစ် ထောက်ခံမည်ဖြစ်ကြောင်း အကြံပြုခဲ့သည်။၂၀၂၀ပြည့်နှစ်တွင် LDPအမတ်အများစုသည် ယိုရှီဟီဒဲ ဆူဂါကို ပြောင်း၍ ထောက်ခံလာခဲ့ကြသည်။ အကြောင်းပြချက်များမှ တစ်ခုမှ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကာလအတွင်း အိမ်ထောင်စုများကို ယန်း ၃၀၀,၀၀၀ ထောက်ပံ့ရန်အတွက် ကိစ္စများဖြစ်သည်။၂၀၂၀ပြည့်နှစ် LDPပါတီခေါင်းဆောင်ရွေးကောက်ပွဲတွင် ဆူဂါအနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် သူ့အား အစိုးရအဖွဲ့တွင် ရာထူးပေးခဲ့ခြင်းမရှိပေ။
ဝန်ကြီးချုပ်
၂၀၂၁ခုနှစ် စက်တင်ဘာလ ပါတီခေါင်းဆောင်ရွေးပွဲတွင် ပထမအကျော့၌ ဖူမီအို ခီရှိဒက ၂၅၆မဲ၊ ဒုတိယရသူ Taro Konoက ၂၅၅မဲ ရရှိခဲ့ပြီး ဒုတိယအကျော့ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ သူက ၂၅၇မဲ၊ Taro Konoက ၁၇၀မဲသာ ရရှိခဲ့သည်။ ထို့ကြောင့်သူသည် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။[၃]
Remove ads
မိသားစုဘဝ
သူ၏ဖခင်နှင့် အဘိုးတို့မှာ ယခင်အောက်လွှတ်တော်အမတ်များဖြစ်သည်။ ဝမ်းကွဲတော်စပ်သူမှာ စီးပွားရေး၊ ကုန်သွယ်ရေူနှင့် စက်မှုဝန်ကြီးဖြစ်သည်။ သူသည် ယုကို ခီရှိဒနှင့် လက်ထပ်ခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads