ဗဒင်

From Wikipedia, the free encyclopedia

ဗဒင်
Remove ads

ဗဒင် (၁၉၆၄–၂၂ ဒီဇင်ဘာ ၂၀၀၁[]) သည် ပေါ့ပ်ဂီတဖြင့် ကျော်ကြားခဲ့သော မြန်မာအဆိုတော် တေးရေးဆရာ တစ်ဦးဖြစ်သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ရေးသားသီဆိုလေ့ရှိပြီး သူ၏ "နေရာ" သီချင်းစီးရီး မှာ မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံးအဖြစ် စံချိန် တင်ခဲ့သည်။ သို့သော် သီချင်း စီးရီး ၄ ခုသာ ထုတ်ဝေခဲ့ပြီးနောက် ကွယ်လွန်ခဲ့သည်။

အချက်တိုများ ဗဒင်, ကိုယ်ရေး အချက်အလက်များ ...
Remove ads

ကိုယ်ရေးကိုယ်တာ

ဗဒင်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒေါနလမ်းတွင် နေထိုင်ခဲ့သည်။ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အင်းစိန်မြို့နယ် မင်းကြီးလမ်းမပေါ်ရှိ ရွာမနှစ်ခြင်းအသင်းတော်တွင် ပုံမှန်တက်ရောက်လေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ အထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။

မအောင်မြင်မီအချိန်ကာလများ

ဗဒင်သည် နာမည်ကျော်အဆိုတော်မဖြစ်မီအချိန်က သီချင်းရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဇော်ရည် သီဆိုခဲ့သော "ရိုးရိုးအေးအေးကြီးကိုပဲ" နှင့် ဂျေမောင်မောင် သီဆိုသော "အသည်းစွဲ" သီချင်းများမှာ ဗဒင် အဆိုတော်မဖြစ်မီ အချိန်က ရေးစပ်ခဲ့သော သီချင်းများထဲမှ ထင်ရှားသော သီချင်းများဖြစ်သည်။ ဗဒင်၏ နာမည်အကြီးဆုံးသီချင်းဖြစ်သော "သိုးမည်းတွေအကြောင်း" သီချင်းမှာ သူအဆိုတော် မဖြစ်မီ အချိန်ကာလက ဘဝကို ထင်ဟပ်ပြထားသော သီချင်းဖြစ်သည်။

Remove ads

ပထမဆုံးနှင့် အကျော်ကြားဆုံးစီးရီး

ဗဒင်သည် ၁၉၉၃ ခုနှစ်တွင် "နေရာ" အမည်ရှိသော ပထမဆုံးစီးရီးကို ထုတ်ဝေခဲ့သည်။ "နေရာ" စီးရီး၏ မူပိုင်ထုတ်ဝေသူမှာ ဗဒင်၏ ကွယ်လွန်ပြီးခဲ့သော အခင်ဆုံးသူငယ်ချင်းတစ်ဦး၏ မိခင်ဖြစ်ပြီး သူ့အား မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ "နေရာ" အခွေသည် စတင်ထွက်ရှိသည့်နေ့မှစ၍ သူ၏ ဇာတိမြို့ဖြစ်သော အင်းစိန်မြို့နယ်တွင် ရေပန်းအစားဆုံး သီချင်းစီးရီးဖြစ်ခဲ့ပြီး မကြာမီအချိန်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး တောမြို့များပါမကျန် ပျံ့နှံ့ နာမည်ကျော်ခဲ့သည်။ နေရာ စီးရီးအတွက် ကက်ဆက်ခွေ ကာဗာကတ်ဒ် ၁ သိန်းကျော်နှင့် သီချင်းစာအုပ်ပေါင်း ၅ သိန်းကျော် ရောင်းချခဲ့ရသဖြင့် မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စီးရီးအဖြစ် စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြား မြို့ကြီးများသာမက ကျေးလက်တောရွာများတွင်ပင် ဗဒင်၏ သီချင်းများက ကျော်ကြားခဲ့သည်။

နေရာ စီးရီး ထွက်ရှိပြီးနောက် အချိန်အတော်ကြာသည်အထိ ဒုတိယစီးရီးကို မထုတ်ဝေခဲ့ပေ။ "ဒီအတိုင်းပဲ" ဟု အမည်ရသော သင်္ကြန်သီချင်းတစ်ပုဒ်ကို သာ အခြားအဆိုတော်များနှင့် တွဲဖက်ထုတ်ဝေခဲ့သည်။

ထွက်ရှိခဲ့သော တေးစီးရီးများ

ဗဒင်သည် နေရာ ၊ ဒီနေ့ ၊ မမေ့ပါဘူး နှင့် အရှိအတိုင်း တေးအယ်လ်လ်ဘမ် စုစုပေါင်း ၄ ချပ်သာ ထုတ်ဝေခဲ့ပြီး ကွယ်လွန်သွားခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads