ဗမာပြည် ဒီမိုကရက်တစ် ပါတီ

From Wikipedia, the free encyclopedia

Remove ads

ဗမာပြည် ဒီမိုကရက်တစ်ပါတီ ကို ၁၉၄၈၊ ဒီဇင်ဘာ-၁၀ နေ့မှာ ဖွဲ့စည်းခဲ့သည်။ သမိုင်းဝင် တို့ဗမာအစည်းအရုံး ကြီး နှစ်ခြမ်းကွဲခဲ့ပြီး သခင်ထွန်းအုပ်-သခင်ဗစိန်တို့ ဗမာအစည်းအရုံး လို့ ကင်ပွန်းတပ် ခေါ်ဝေါ်ခြင်း ခံခဲ့ရတဲ့ တို့ဗမာအစည်းအရုံး တခြမ်းရဲ့ ခေါင်းဆောင် သခင်ဗစိန်ဟာ ၁၉၄၇၊ ဇူလိုင်-၁၉ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံခံရပြီး နောက်ပိုင်း ဖဆပလ အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းထားခြင်း ခံရရာက တနှစ်ခန့် အကြာမှာ လွတ်မြောက်လာခဲ့ပါတယ်။ ထောင်မှ လွတ်မြောက်လာပြီး လ အနည်းငယ် အကြာ ၁၉၄၈၊ ဒီဇင်ဘာ-၁၀ ရက်နေ့မှာ သခင်ဗစိန် ဦးဆောင် တည်ထောင်လိုက်တဲ့ ဗမာပြည် ဒီမိုကရက်တစ် ပါတီ ပေါ်ထွက် လာတာဖြစ်သည်။

ဥက္ကဋ္ဌ သခင်ဗစိန်၊ အထွေထွေ အတွင်းရေးမှူး သခင်ချစ် (ဒေးဒရဲ) ဖြစ်ပြီး ဦးဂုဏ်မာန် (မြင်ကွန်း မင်းသားကြီးရဲ့ သား)၊ ဦးလှမြတ်စိုး၊ သခင်ကျော်ရင်၊ သခင်ကျင်၊ ဦးမြင့် စတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့သည်။ သခင်ဗစိန် ခေါင်းဆောင် တည်ထောင်ခဲ့တဲ့ ဗမာပြည် ဒီမိုကရက်တစ် ပါတီဟာ ဒီမိုကရေစီရေး ကြွေးကြော်သံ တွေပေးပြီး လှုပ်ရှားခဲ့ပေမဲ့ လူထုထောက်ခံမှု မရှိခဲ့ချေ။ လက်ျာစွန်းပါတီအဖြစ် လူသိများခဲ့ပြီး ရွေးကောက်ပွဲများမှာလည်း ရှုံးနိမ့်ခဲ့သည်။ လက်ဝဲဝါဒ ဆန့်ကျင်ရေး၊ မာ့က်စ်ဝါဒ ဆန့်ကျင်ရေး၊ ကွန်မြူနစ် ဆန့်ကျင်ရေးတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပြီး သခင်ဗစိန် ဟာ ၁၉၅၂ မှာ အာရှတိုက် ရှိ ကွန်မြူနစ် ဆန့်ကျင်ရေး ခေါင်းဆောင်များ နဲ့ အဆက်အသွယ်ပြုခဲ့သည်။ ၁၉၅၆ ခုနှစ်မှာ အာရှတိုက် ကွန်မြူနစ် ဆန့်ကျင်ရေး အဖွဲ့ချုပ်၊ ဥရောပတိုက် ကွန်မြူနစ် ဆန့်ကျင်ရေး အဖွဲ့ချုပ်တွေနဲ့ ဆက်သွယ်ပြီး ဗမာပြည် ကွန်မြူနစ် ဆန့်ကျင်ရေး အဖွဲ့ချုပ် ဆိုတာကိုပါ အတိအလင်း ထူထောင်ကာ ကွန်မြူနစ် ဆန့်ကျင်ရေး တံခွန်ကို ထူခဲ့သည်။ ထိုင်း၊ ဂျပန်၊ ထိုင်ဝမ် နိုင်ငံများသို့ သခင်ဗစိန် ကိုယ်တိုင် သွားရောက်ပြီး ကွန်မြူနစ် ဆန့်ကျင်ရေး ခေါင်းဆောင်များနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ၁၉၅၇ ခုနှစ်၊ တောင်ဗီယက်နမ် ဆိုင်ဂုံမြို့မှာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ကွန်မြူနစ် ဆန့်ကျင်ရေး ကွန်ဂရက်နဲ့ အနောက်ဂျာမဏီ ဖရန်ဖွတ်မြို့မှာ ကျင်းပတဲ့ ဥရောပ ကွန်မြူနစ် ဆန့်ကျင်ရေး ကွန်ဂရက် တို့ကိုလည်း သွားရောက် ပါဝင် တက်ရောက်ခဲ့သည်။ ဗမာပြည်ကို ဆီးတိုး စစ်စာချုပ်ဝင် နိုင်ငံဖြစ်စေရေး ကို သခင်ဗစိန် ကလိုလားခဲ့ပြီး ဗမာပြည် ဒီမိုကရက်တစ် ပါတီဟာ ဗမာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ပြုလုပ်ပေးရန်၊ ကိုလံဘို စီမံကိန်းသို့ ဝင်ရန်တွေကို အကြိမ်ကြိမ် အကြံပေး တောင်းဆိုခဲ့သည်။ ၁၉၅၇ ခုနှစ်၊ ၅၈ ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းကွဲတဲ့အခါ နိုင်ငံတော် ကို ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ တပ်မတော်က ဝင်ရောက်အာဏာ သိမ်းသင့်ကြောင့်လည်း အကြံပေးတိုက်တွန်းခဲ့သည်။ ၁၉၅၆ အထွေထွေရွေးကောက်ပွဲ၊ ၁၉၆၀ ပြည့် အထွေထွေရွေးကောက်ပွဲတွေမှာလည်း သခင်ဗစိန် ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြိုးပမ်းခဲ့သေးပေမယ့် ဒီမိုကရက်တစ် ပါတီဟာ လုံးဝနလံမထူနိုင်ခဲ့ချေ။ (ပါတီစ တင်ထူ ထောင်စက အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ သခင်ချစ် (ဒေးဒရဲ) ကိုယ်တိုင် ၁၉၆၀ ပြည့်ရွေးကောက်ပွဲ မှာ သန့်ရှင်း ဘက်ကနေ ဝင်ရောက် အရွေးချယ်ခံ ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်)။ ၁၉၆၃ ဇွန်လမှာ သခင်ဗစိန် ကွယ်လွန်ပြီး နောက်ပိုင်းမှာတော့ ဗမာပြည် ဒီမိုကရက်တစ် ပါတီ ဟာလည်း တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားရသည်။

Remove ads

ကိုးကား

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads