ဗဟန်းတောင်

From Wikipedia, the free encyclopedia

Remove ads

ဗဟန်းတောင်သည် ရခိုင်ပြည်နယ်၊ ရမ္မာဝတီ ခေါ် ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့ကို ဝိုင်းရံလျက်ရှိသော တောင်ရံ ငါးလုံးအနက်မှ တစ်လုံး ဖြစ်ပြီး၊ ရှေးအခါက ဗဟန်းကျောက်များ ထွက်ရှိခဲ့၍ အဂ္ဂိရတ်ဝိဇ္ဇာများ ဖိုကစားခဲ့သော နေရာ ဖြစ်သည်။ တောင်ထိပ်တွင် တောင်မြောက် ပေ(၃၀၀)ခန့် ရှည်လျားအောင် မြေညှိပြုပြင်ထားသည်။ ပတ်ဝန်းကျင် ရှုခင်းများ သာယာပြီး လေပြည် တဟူးဟူး တိုက်ခတ်နေသဖြင့် အစဉ် အေးမြသော နေရာ တစ်နေရာ ဖြစ်သည်။

တောင်ပေါ်တွင် စေတီ သုံးဆူ တည်ထားပြီး တစ်ဆူစီ၏ ဒါယကာများမှာ ကောဇာသက္ကရာဇ် ၁၁၇၃ ခုနှစ် ရမ်းပြည့်မြို့ဝန်မင်းဖြစ်သော နေမျိုးသူရိယ နှင့် နှမတော် မိနှောင်း၊ တူတော် မောင်ရင်တို့ အသီးသီး ဖြစ်ကြသည်။ ခေတ်ကာလကြာ၍ ပျက်စီးယိုယွင်းလာသော် ၁၃၅၆ တွင် အစိုးရက ထပ်မံ ပြုပြင်သည်။ ၁၃၆၀ ပြည့် ကဆုန်ကဆန်း ၅ ရက်၌ ထီးတော် တင်လှူခဲ့သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads