ရမ်းဗြဲမြို့

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ From Wikipedia, the free encyclopedia

ရမ်းဗြဲမြို့map
Remove ads

ရမ်းဗြဲမြို့ သည် မြန်မာနိုင်ငံရခိုင်ပြည်နယ်ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရမ်းဗြဲကျွန်း၏ အရှေ့ဘက်ကမ်းအနီးတွင် တည်ရှိသည်။ ရခိုင်တိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသောအခါတွင် ရမ်းဗြဲမြို့သည် ရမ်းဗြဲခရိုင်၏ မြို့တော်ဖြစ်ခဲ့၏။ ၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲနှင့် အမ်းခရိုင်ကို ပေါင်း၍ ကျောက်ဖြူခရိုင် ဟု ဖွဲ့စည်းသောအခါ ခရိုင်ဌာနချုပ်ရုံးကို ကျောက်ဖြူမြို့ သို့ ရွေ့လိုက်သဖြင့် ရမ်းဗြဲမြို့သည် မြို့နယ်ရုံးစိုက်ရာ မြို့အဖြစ်သာ ကျန်ရစ်တော့သည်။ ထိုအခါ၌ လူဦးရေ ၃၈၉၂ ယောက်သာ ရှိတော့သည်။

အချက်တိုများ ရမ်းဗြဲမြို့, နိုင်ငံအမည် ...

ရမ်းဗြဲမြို့သည် ကျောက်ဖြူမြို့မှ မိုင် ၅ဝ ခန့်ဝေး၍ ရေကြောင်းမှ သွားလာနိုင်သည်။ ရမ်းဗြဲမြို့နယ်မှ ဆန်မဲနယ်သကြားထုံးနှင့် ရေနံထွက်သည်။[]

'အင်း၊ ဗန်း၊ မျက်၊ ညောင်၊ ကိုရံတောင်၊ တောင်ရံငါးလုံး၊ ပိတ်ဖုံးကွယ်ကာ၊ မြို့ရမ္မာ' ဟူသော စာဆိုနှင့်အညီ ရမ္မာဝတီ ခေါ်သော ရမ်းဗြဲမြို့ကို အင်းတောင်ဗဟန်းတောင်၊ ရေမျက်တောင်၊ ညောင်တောင်နှင့် ကိုရံတောင်တို့က ပြင်ပမှ မမြင်ရအောင် ပတ်ပတ်လည်၌ ဝိုင်းရံထားသည်။[]

မြန်မာ့ပြည်တွင်းစစ်ကာလအတွင်း ၂၀၂၄ ခုနှစ် မတ်လတွင် ရမ်းဗြဲမြို့အား အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။

Remove ads

သမိုင်းကြောင်း

လက်ရှိ

မြန်မာ့ပြည်တွင်းစစ်ကာလတွင် ရမ်းဗြဲမြို့သည် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နေရာ ဖြစ်သည်။[]၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ရမ်းဗြဲမြို့နှင့် မြို့ပတ်ဝန်းကျင်အား အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပြီး[] မတ်လ ၁၁ ရက်နေ့တွင် အာရက္ခတပ်တော်က တရားဝင်ထုတ်ပြန်ခဲ့သည်။[][]

ပညာရေး

ရမ်းဗြဲမြို့တွင် အခြေခံပညာ အထက်တန်ကျောင်း ၂ ကျောင်း(ခန့်မှန်း) ရှိပြီး။ အလယ်တန်း၊ မူလတန်းကျောင်းများ လည်းတည်ရှိသည်။

ကျန်းမာရေး

  • မြို့နယ်ပြည်သူဆေးရုံ၊ရမ်းဗြဲ

အားကစား

ရမ်းဗြဲမြို့တွင် ရမ္မာဝတီအားကစားကွင်း ရှိပြီး နှစ်စဉ် အားကစားပြိုင်ပွဲများ ကျင်းပ‌လေ့ရှိသည်။

အထင်ကရနေရာများ

  • ရခိုင်ဘုရင် မဟာသမ္မတရာဇာ မိဖုရားမြတ်သန္တာအုတ်ဂူ
  • ကိုယ်ရံတောင်စေတီ

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads