ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေး ဦးစီးဌာန
From Wikipedia, the free encyclopedia
Remove ads
ဗဟိုစက်ပစ္စည်း စစ်ဆေးရေးနှင့် စာရင်းအင်း ဦးစီးဌာန (အင်္ဂလိပ်: Central Equipment statistics and Inspection Department) သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ စီမံကိန်းနှင့် သက်ဆိုင်သော ဦးစီးဌာနတစ်ခုဖြစ်သည်။
Remove ads
သမိုင်းကြောင်း
၁၉၅၉ခုနှစ် မတ်လ ၂၈ရက်နေ့တွင် အစိုးရဌာန အဖွဲ့အစည်းများရှိ စက်ပစ္စည်း အင်အားကို စီမံခန့်ခွဲနိုင်ရန်အတွက် စက်ပစ္စည်းကြီးကြပ်ရေးအဖွဲ့ကို အမျိုးသားစီမံကိန်းဝန်ကြီးဌာန လက်အောက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ခုနှစ် အောက်တိုဘာ ၆ရက်နေ့တွင် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနဟု အမည်ပြောင်းလဲကာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၉၃ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဟူ၍ ခွဲခြား ဖွဲ့စည်းခဲ့ရာ ဤဦးစီးဌာနသည် စီမံကိန်းဘက်တွင် ပါဝင်ခဲ့သည်။ ၂၀၁၆ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ရာ ထိုဝန်ကြီးဌာနလက်အောက်တွင် ပါဝင်ဖွဲ့စည်းခဲ့သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads