စိန်ထွား (ဗိုလ်ချုပ်)
From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ချုပ်စိန်ထွားသည် တပ်မတော် စစ်ဆေးရေး အရာရှိချုပ်၊ သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြို့မ အမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ မြို့မ ရဲခေါင် တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ ထုတ်ဝေခွင့် ရပ်နားထားသော မြို့မဝံသာယုဝ မဂ္ဂဇင်းအား ၁၉၉၃ ခုနစ်မှစပြီး မြို့မမဂ္ဂဇင်း အမည်ဖြင့် ပြန်လည်ထုတ်ဝေနိုင်ရေး အတွက် အထူးကူညီမှု ပြုခဲ့သည်။ ၁၉၉၅ ခုနှစ် မြို့မကျောင်း၏ ၇၅နှစ်ပြည့် စိန်ရတု ကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့ရာတွင် ဗိုလ်ချုပ် စိန်ထွားသည် ရှေ့နေချုပ် ဦးသာထွန်း၊ ဆရာမကြီး ကထိက ဒေါ်မြင့်သန်း၊ ဗိုလ်ချုပ် သောင်းတင်၊ ဗိုလ်ချုပ် ချစ်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်လှ နှင့် ဗိုလ်မှူးကြီး လှဘူး စသော မြို့မဟောင်းများနှင့်အတူ မြို့မကျောင်း စိန်ရတု နာယက အဖြစ် ဦးစီးဦးဆောင်မှုပြုခဲ့သည်။

ရွှေတိဂုံဘုရား ဘက်စုံ ပြုပြင်ရေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် နှင့် အတူ ဦးဆောင်မှုပြုခဲ့သည်။ [၁] ဗိုလ်ချုပ်စိန်ထွားသည် National Working Committee for Women Affairs (NWCWA) တွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ [၂]
ဇနီးမှာ ဒေါ်ခင်အေးဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads