ဗိုလ်ဆွန်ပက်

From Wikipedia, the free encyclopedia

Remove ads

ဗိုလ်ဆွန်ပက် ခေါ် ကြွမ်ဘိခ့် (Cawn Bik) သည် ၁၈၃၄ ခုနှစ်တွင် ချင်းတောင်တန်းဖလမ်းနယ်၊ တာစွန်းရွာ၌ မွေးဖွားခဲ့သည်။ ဖခင် တာစွန်းချင်းမျိုးနွယ်ခေါင်းဆောင် ဦးကိပ်ဘိတ်နှင့် မိခင် ဒေါ်ဇတိလ်တို့မှ ဖွားမြင်သော သားဖြစ်သည်။ ကြွမ်ဘိခ့်သည် အသက် ၂၂ နှစ်အရွယ်တွင် ဖခင်၏ အရိုက်အရာကို ဆက်ခံကာ တာစွန်းချင်းမျိုးနွယ်စုတို့၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

Remove ads

ဗြိတိသျှနယ်ချဲ့ကို တော်လှန်ခြင်း

ကြွမ်ဘိခ့်သည် ဟောက်မန်း၊ ဆွန်အွန်၊ ကိမ်းလန်း အစရှိသည့် ချင်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ပူးပေါင်း၍ ဗြိတိသျှတပ်များကို ခုခံတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ပုဂံ၊ မြင်းခြံနယ်မှ ဆုတ်ခွာလာသော ရွှေချိုးဖြူမင်းသားနှင့်လည်း ပူးပေါင်းကာ တိုက်ပွဲဝင်ခဲ့သည်။ ဗြိတိသျှတို့သည် ကြွမ်ဘိခ့်ကို ဖမ်းဆီးနိုင်ခြင်းမရှိသောအခါ ၎င်း၏သားဖြစ်သူ ဗန်မွန်း (ဗန်မှုန်း) အား ဖမ်းဆီးခဲ့သည်။ ဗန်မွန်းက ဖခင်ဖြစ်သူ ကြွမ်ဘိခ့်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးပါက ချင်းတိုင်းရင်းသားများ လက်နက်ချမည်ဟု ဗြိတိသျှတို့အား ကတိပေးခဲ့သည်။ ဗန်မွန်း၏ ကတိစကားကို ဗြိတိသျှတို့က လက်ခံခဲ့သဖြင့် ကြွမ်ဘိခ့်၏ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု ရပ်တန့်ခဲ့ရသည်။

Remove ads

မိသားစုနှင့် ကွယ်လွန်ခြင်း

ကြွမ်ဘိခ့်တွင် ဒေါ်ကိန်းကြွယ် နှင့် အခြားဇနီးတစ်ဦးရှိပြီး သားသမီး ၆ ဦး ထွန်းကားခဲ့ရာ သားသမီးများအနက် ဗန်မွန်းသည် အထင်ရှားဆုံးဖြစ်သည်။ ကြွမ်ဘိခ့်သည် ၁၉၁၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အသက် ၇၆ နှစ်အရွယ်၌ ကွယ်လွန်ခဲ့သည်။ ၎င်း၏ ကွယ်လွန်သည့် ရက်စွဲနှင့် ပတ်သက်၍ မူကွဲများရှိသည်ဟု သိရသည်။

အင်္ဂလိပ်မှတ်တမ်းများတွင် ၎င်းကို Cawn Bik (ကြွမ်ဘိခ့်) သို့မဟုတ် Sonpek ဟု ဖော်ပြထားသောကြောင့် ဗိုလ်ဆွန်ပက် အမည်ဖြင့် လူသိများသည်။

Remove ads

ဂုဏ်ပြုခံရခြင်း

  • ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ လမ်း ၃၀ နှင့် လမ်း ၃၁ ကြားလမ်းကို ဗိုလ်ဆွန်ပက်လမ်းဟု ဂုဏ်ပြုအမည်ပေးထားသည်။
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads