ဗိုလ်အောင်ကျော်လမ်း

မြန်မာနိုင်ငံ၊ ရန်ကုန်ရှိ လမ်း From Wikipedia, the free encyclopedia

ဗိုလ်အောင်ကျော်လမ်း
Remove ads

ဗိုလ်အောင်ကျော်လမ်း(ယခင် စပတ်လမ်း)သည် အဓိကလမ်းမတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တောင်ပိုင်းတွင်တည်ရှိကာ တောင်မှ မြောက်သို့ ကျောက်တံတားမြို့နယ်ဗိုလ်တထောင်မြို့နယ်တို့ကို ဖြတ်ကာတည်ရှိနေသည်။ ရန်ကုန်မြစ်နှင့် ကမ်းနားလမ်းဆုံရာမှ ဗိုလ်အောင်ကျော်လမ်းစတင်ခဲ့ပြီး မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းတို့ကိုဖြတ်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆုံသည်။[][]

Thumb
ဗိုလ်အောင်ကျော်လမ်းအား အပြာရောင် ကမ္ဗည်းပြားဖြင့် မှတ်တမ်းတင်ထားပုံ
Thumb
ဗိုလ်အောင်ကျော်လမ်း

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းထဲ အထင်ကရဖြစ်စဉ်တစ်ခုဖြစ်သည့် ၁၃၀၀ပြည့် အရေးတော်ပုံ ကာလအတွင်း ဤလမ်းမထက် ကျောင်းသားများဆန္ဒပြကြစဉ် ပုလိပ်များ၏ ရိုက်နှက်မှုကြောင့် ၁၉၃၈ ဒီဇင်ဘာ ၂ဝ ၌ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ရ၍[] ယခင် စပတ်လမ်းကို ဗိုလ်အောင်ကျော်လမ်းဟု ၁၉၅၆ တွင် ပြောင်းလဲ ခေါ်ဝေါ်ကာ ဂုဏ်ပြုကြခြင်းလည်းဖြစ်သည်။[]

ယခုအခါတွင် ရန်ကုန်မြို့ ပြအမွေအနှစ် တစ်ခုအဖြစ် ၂၀၁၈ ဒီဇင်ဘာ ၂၀ တွင် အပြာရောင် ကမ္ဗည်းပြား မှတ်တမ်းတင်ထားသည်။ []

ဗိုလ်အောင်ကျော်လမ်းပေါ်တွင် ရှေးဟောင်းအဆောက်အဦများ အတိုင်းအတာတစ်ခုထိရှိပြီး ထိုအထဲတွင် စိန့်မေရီဘုရားရှိခိုးကျောင်းနှင့် ဟိန္ဒူဘုရားရှိခိုးကျောင်းတခုလည်း ပါဝင်သည်။ ဗိုလ်အောင်ကျော်လမ်းသည် စီးပွားရေးအချက်အချာကျသော လမ်းဖြစ်ကာ ထိုလမ်းပေါ်တွင် မြန်မာနိုင်ငံမှ လေကြောင်းလိုင်းကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများတို့၏ ရုံးချုပ်များသည် ထိုလမ်းပေါ်တွင် တည်ရှိသည်။ ယခင် မြန်မာတိုင်း(မ်)သတင်းစာတိုက်နှင့် မြန်မာနိုင်ငံ ဗဟိုစာတိုက်ကြီးသည်လည်း ထိုလမ်းပေါ်တွင်ပင် တည်ရှိသည်။

ဗိုလ်အောင်ကျော်လမ်းကို ယခင်က စပတ်လမ်း အဖြစ် ရန်ကုန် အရေးပိုင် တီပီစပတ် Captain T.P. Sparks ကို အစွဲပြု၍ ပေးထားခဲ့သည်။ [][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads