အာရှတိုက်၏ နယ်မြေဒေသခွဲ From Wikipedia, the free encyclopedia
အာရှ၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသော ဒေသဖြစ်ပြီး SEA(South East Asia) ဟုလည်း အတိုကောက် ခေါ်သည်။ ပို၍တိကျစွာ ဆိုရသော် တရုတ်နိုင်ငံ၏ တောင်ဘက်၊ အိန္ဒိယနိုင်ငံ ၏ အရှေ့ဘက်နှင့် ဩစတေးလျနိုင်ငံ၏ မြောက်ဘက်တို့တွင် တည်ရှိသည်။ ကမ္ဘာ့မြေအောက်ရှိ ကျောက်လွှာကြီးများ ဆုံရာတွင် တည်ရှိသောကြောင့် မြေငလျင်နှင့် မီးတောင်လှုပ်ရှားမှုများ အများအပြားရှိသည်။
အရှေ့တောင်အာရှ | |
---|---|
ဧရိယာ | ၄,၅၀၀,၀၀၀ km2 (၁,၇၀၀,၀၀၀ sq mi) |
လူဦးရေ | ~ ၆၁၈,၀၀၀,၀၀၀ |
သိပ်သည်းဆ | ၁၃၅.၆/km2 (၃၅၁/sq mi) |
နိုင်ငံများ | အချုပ်အခြာ အာဏာပိုင် (၁၁)
အခြားနယ်မြေ (၂+၁)
|
GDP (၂၀၁၁) | $2.158 trillion (ငွေလဲလှယ်နှုန်း) |
GDP per capita (၂၀၁၁) | $3,538 (ငွေလဲလှယ်နှုန်း) |
ဘာသာစကားများ | |
အချိန်ဇုန်များ | |
မြို့တော်များ | |
အကြီးဆုံးမြို့များ |
|
အရှေ့တောင်အာရှဒေသအား ကုန်းမကြီးဒေသ (သို့) ကျွန်းဆွယ်ဒေသ နှင့် ကျွန်းစုဒေသ ဟူ၍ နှစ်မျိုးပိုင်းခြား ရှုမြင်နိုင်သည်။ ကုန်းမကြီးဒေသတွင် တိုင်(Tai) အနွယ်များနှင့် ဩစတိုအာရှ (Austroasiatic) အနွယ်များ အများဆုံးရှိပြီး ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ခရစ်ယာန်ဘာသာ ဝင်များ အရေအတွက်အားဖြင့် အစဉ်လိုက် တည်ရှိကြသည်။ ကျွန်းစုဒေသတွင် ဩစတိုအာရှ (Austroasiatic) အနွယ်များ လွှမ်းမိုးကာ အစ္စလာမ်ဘာသာဝင် အများဆုံး ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် အရေအတွက်က ဒုတိယလိုက်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.