ဗူးခရက်မြို့
From Wikipedia, the free encyclopedia
Remove ads
ဗူးခရက်မြို့သည် ရူမေးနီးယားနိုင်ငံ၏ မြို့တော်ဖြစ်၍ ဒန်းညုမြစ်လက်တက် တစ်ခုဖြစ်သော ဒမ်ဗိုဗစ်ဇား မြစ်ပေါ်တွင် ခွ၍ တည်ရှိသည်။ ဗူးခရက်မြို့သည် နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး ထုတ်ကုန်လုပ်ငန်းများ၊ ယဉ်ကျေးမှု ဆိုင်ရာ ဗဟိုမြို့ တစ်မြို့ဖြစ်သည်။ ဒန်းညုမြစ် မြောက်ဘက် ၃၃ မိုင် ကွာဝေးသည်။ ဒမ်ဗိုဗစ်ဇား မြစ်ဝမှ ၃၇ မိုင် ဝေးသည်။ မြို့၏ အဆောက်အအုံများနှင့် တကွ လမ်းပန်းတိုကို ပြင်သစ်နိုင်ငံ ပါရီမြို့ နမူနာအတိုင်း တည်ဆောက်ထားသဖြင့် ယင်းမြို့ကို ဥရောပအရှေ့ပိုင်း၏ ပါရီမြို့ဟူ၍လည်း ခေါ်ကြသည်။
Remove ads
အခေါ်အဝေါ်

ဗူးခရက်ဟူသော အမည်သည် ဗူးကာ ဘုရားရှိခိုးကျောင်းကလေးကို အစွဲပြု၍ တွင်သည်ဟု အချို့ကဆို၍ အချို့ကမူ ရူမေးနီယန်းဘာသာဖြင့် ပျော်မြူးဖွယ်ရာ မြို့ ဟု အဓိပ္ပာယ် ရသော ဗူးကာရက်စီဟူသော စကားမှ လာသော အမည်ဟုဆိုကြသည်။ ယင်းမြို့၏ အစိုးရသုံး အမည်မှာ ဗူးကာရက်စတီမြို့ဖြစ်သည်။ ဗူးခရက်မြို့သည် ရူမေးနီးယန်းအစိုးရ ရုံးစိုက်ရာ မြို့ဖြစ်သည်။
ဗူးခရက်မြို့သည် ယခုအခါ တွင် ခေတ်မှီအဆောက်အဦးများဖြင့် တိုးတက်လျက် ရှိသောလည်း အချို့နေရာများတွင် ရှေးခေတ် အဆောက်အအုံအချို့နှင့် လမ်းကျဉ်းကလေးများလည်း ရှိသေးသည်။ စင်စစ် ဗူးခရက်မြို့သည် ရူမေးနီးယားနိုင်ငံ ပေါ်ပေါက်မလာမီကပင် တည်ရှိပြီး ဖြစ်သော မြို့ဖြစ်သော်လည်း၊ ၁၄ ရစုနှစ်ကပင် စတင်တည်ထောင် သော မြို့ဖြုစ်သဖြင့် အကောင်းဆုံးမြို့တမြို့ဟုကား မခေါ်နိုင်ချေ။
Remove ads
သမိုင်း
၁၈၆၁ ခုနှစ်တွင် ဝေါ့လေ့ကီးယားနှင့် မော်လဒေးဗီးယားနယ် ၂ နယ်ကို ပေါင်း၍ ရူမေးနီးယားနိုင်ငံ ထူထောင်သောအခါ ဝေါ့လကီးယားနယ်၏ မြို့တော် ဗူးခရက်ကို မြို့အဖြစ် သတ်မှတ်သည်။ ဗူးခရက်မြို့သည် အခြား ဘော်လကန်မြို့များကဲ့သို့ စစ်ဒဏ်ကို အကြိမ်ကြိမ် ခံခဲ့ရသည်။ ပထမ ကမ္ဘာစစ်အတွင်း ၁၉၁၆ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိ နှစ်များအတွင်း ဂျာမာန်တို့ သိမ်းပိုက်ထားခြင်း ခံရ၍၊ ဒုတိယ ကမ္ဘာစစ်အတွင်း ကမူ ရူမေးနီးယားအစိုးရ၏ ဘက်ပြောင်းမှုကြောင့် ဗူးခရက်မြို့သည် မဟာမိတ်ရော ဂျာမန်တို့ကပါ တိုက်ခိုက်ခြင်း ခံရလေသည်။

Remove ads
စီးပွားရေး
ဗူးခရက်မြို့သည် ဒုတိနှစ်များအတွင်း စက်မှု၊ လက်မှု လုပ်ငန်းများကို ချဲ့ထွင်လုပ်ကိုင် လာခဲ့သည်။ နိုင်ငံခြားမှ ချည်မျှင်ကို မှာယူ၍ အထည်ရက်လုပ်သည့် လုပ်ငန်းသည် တိုးတက်ထွန်းကား လာ၏။ ဗူးခရက်မြို့၏ ထင်ရှားသော စက်မှုလုပ်ငန်းများမှာ မြေထည်လုပ်ငန်း၊ သံထည်လုပ်ငန်း၊ အထည်အလိပ်လုပ်သန်း၊ သားရေ၊ ဆပ်ပြာ၊ စက္ကူ၊ အရက်၊ စသော လုပ်ငန်းများဖြစ်သည်။ ဗူးခရက်မြို့သည် ဓာတ်ဆီ အမြောက်အမြား ဖြန့်ဖြူးရာ မြို့ကြီးလည်း ဖြစ်သည်။

လူမှုရေး
၁၉၆၁ ခုနှစ်၏ ခန့်မှန်းခြေအရ ဗူးခရက်မြို့၏ လူဦးရေသည် ၁,၂၂၉,၁၃၅ ယောက်ဖြစ်သည်။ မြို့သူမြို့သားများသည် အရှေ့တိုင်း၏ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးစံကို လိုက်နာကြသော်လည်း အထူးသဖြင့် အထက်တန်းလွှာတို့ကမူ အနောက်တိုင်း ယဉ်ကျေးမှုကို လိုက်နာကြသည်။

ပညာရေး
၁၈၄၆ ခုနှစ်တွင် တည်ထောင်သော ဗူးခရက် တက္ကသိုလ်သည် ဥရောပတိုက် အရှေ့ပိုင်း၍ အကောင်းဆုံးတက္ကသိုလ်များအနက် တစ်ခု အပါအဝင်ဖြစ်သည်။။[၁] [၁][၂][၃] [၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads