ဗြဟ္မာစိုရ်အသင်းကြီး

From Wikipedia, the free encyclopedia

Remove ads

ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းသည် ရန်ကုန်နာရေးကူညီမှုအသင်းမတိုင်မီ ၃ နှစ်မှ ၅ နှစ်ခန့် စောလျင်စွာ စတင်တည်ထောင်ခဲ့သော စေတနာ့ဝန်ထမ်း လူထုကူညီရေးအသင်းဖြစ်သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို တည်ထောင်ခဲ့သည့် ဆရာကြီး ဦးသုခသည် ဤအသင်းကို နမူနာယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စတင်ပေါ်ပေါက်လာပုံ

ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကို ၁၉၉၈ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် မန္တလေးမြို့၌ စတင်ဦးဆောင်ဖွဲ့စည်းခဲ့သည်။ တောင်စလင်းဆရာတော် ဦးတိက္ခက ၎င်း၏ကျောင်းဝင်းအတွင်း ပေ ၂၀၀ ပတ်လည် မြေကွက်ကို အသုံးပြုခွင့်ပေးခဲ့သဖြင့် အသင်း၏ နေရာဌာန ဖြစ်လာခဲ့သည်။ ဆရာတော် ဦးတိက္ခသည် အသင်း၏ နာယကအဖြစ် တာဝန်ယူခဲ့သည်။

နဒီမြန်မာ ဦးအောင်ခိုင်နှင့် ဒေါ်ညိုမီ မိသားစုမှ နာရေးယာဉ်တစ်စီး လှူဒါန်းခဲ့ပြီး နာရေးကူညီမှုအပိုင်း အသားကျလာသည့်အခါ ကျန်းမာရေးကူညီမှုများကို ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ ၄ ရက်နေ့မှစ၍ ကူညီပေးခဲ့သည်။ စတင်တည်ထောင်ရာတွင် လူထုဒေါ်အမာလည်း နာယကအဖြစ် ကြည့်ရှုလမ်းညွှန်ပေးခဲ့သည်။

Remove ads

လုပ်ငန်းဆောင်ရွက်မှုများ

အသင်းသည် အခမဲ့ နာရေးကူညီမှုများအပြင် ငွေကြေးမတတ်နိုင်သည့် လူနာများအား ဆေးရုံစရိတ်ငွေကြေး ထောက်ပံ့ခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် အသင်းမှ ဆေးခန်းဖွင့်လှစ်၍ အခမဲ့ ကုသမှုများ ပေးလျက်ရှိသည်။ ယခုကဲ့သို့ ဆေးကုခန်းမဖွင့်မီက ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိပြီး ငွေကြေးမတတ်နိုင်သည့် လူနာများအား တစ်ရက်လျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ကူညီခဲ့သည်ဟု လူထုစိန်ဝင်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က ဆေးရုံဆောက်လုပ်ရန် မြေနေရာကို အလှူရှင်တစ်ဦးက လှူဒါန်းခဲ့သော်လည်း အစိုးရက ဆောက်လုပ်ခွင့်မပြုခဲ့သဖြင့် ဆောက်လုပ်နိုင်ခြင်းမရှိဘဲ ဆေးကုခန်းသာ ဖွင့်လှစ်၍ ကုသပေးလျက်ရှိသည်။

အထက်မြန်မာပြည်တွင် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၏ လုပ်ဆောင်မှုများသည် ထိရောက်မှုအတိုင်းအတာ တစ်စုံတစ်ရာအထိ ကြီးမားသည်။ သို့သော် အကျိုးခံစားခွင့်ရရှိနေသည့် လူဦးရေ အတိအကျကိုမူ မသိရှိရသေးပေ။ ဗြဟ္မစိုရ်အသင်းကို လက်ရှိတာဝန်ယူ လုပ်ကိုင်နေသူများမှာ ဥက္ကဋ္ဌ ဦးမြအောင်၊ စာရေးဆရာ ကျော်ရင်မြင့်နှင့် အခြားဆရာဝန်တစ်ဦးတို့ ဖြစ်သည်။

Remove ads

ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၏ ဩဝါဒါစရိယ

  1. ဘဒ္ဒန္တအဂ္ဃိယ ၊ အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ၊ မဟာနာယက၊ ရွှေကျင်သာသနာပိုင်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဝါဆိုကျောင်း၊ မန္တလေးမြို့။
  2. ဘဒ္ဒန္တသာသနာဘိဝံသ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မြတောင်ကျောင်းတိုက်၊ မန္တလေးမြို့။
  3. ဘဒ္ဒန္တဒေါက်တာကုမာရာဘိဝံသ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက်၊ မန္တလေးမြို့။
  4. ဘဒ္ဒန္တအရိယာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာနန္ဒိသေနာရာမတိုက်၊ မန္တလေးမြို့။
  5. ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ နိုင်ငံတော်ဩဝါဒါစရိယ ၊ မဟာဝိဇိတာရုံကျောင်းတိုက်၊ မန္တလေးမြို့။
  6. ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ မဟာနာယက ဆရာတော်၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။
  7. ဘဒ္ဒန္တတိက္ခ၊ အဂ္ဂမဟာပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ ထေရဝါဒဝံသာလင်္ကာရ၊ မရမ္မရဋ္ဌသာသနဓဇ (သီရိလင်္ကာ) နိုင်ငံတော်ဝိနည်းဓိုရ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပဓာန နာယက ဆရာတော်၊ တောင်စလင်းတိုက်သစ်၊ မန္တလေးမြို့။
  8. ဘဒ္ဒန္တနေမိန္ဒ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မန္တလေးတိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(ကထိက)တိုက်အုပ်ဆရာတော်၊ တောင်စလင်းတိုက်သစ်၊ မန္တလေးမြို့။

နာယကအဖွဲ့

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ နာယကအဖွဲ့ဝင် (၁၀) ဦးရှိသည်။

  1. အရီးတောင်း ဦးကျော်သိန်း
  2. အငြိမ်းစားကောလိပ်ကျောင်းအုပ်ကြီး ဦးသန်းဗိုလ်
  3. ချယ်ရီ ဦးခင်မောင်သန်း
  4. အငြိမ်းစားပါမောက္ခ ဒေါက်တာဦးသိန်းထွန်း (မျက်စိအထူးကုဆရာဝန်ကြီး)
  5. SK ဦးကျော်ဌေး
  6. ငွေတာရီ ဦးထွန်းသိန်း
  7. ဦးမြအောင်
  8. အငြိမ်းစားပါမောက္ခ ဒေါ်လှမြတ်
  9. အငြိမ်းစားပါမောက္ခ ဒေါက်တာ ဒေါ်သန်းရင်မာ
  10. အငြိမ်းစားဆည်မြောင်းညွှန်ကြားရေးမှူး ဦးသက်တင်

အလုပ်အမှုဆောင်အဖွဲ့

၂၀၁၁ ခုနှစ် မေလ ၇ ရက်နေ့က အသင်းအစည်းအဝေးခန်းမတွင် ကျင်းပသော ၁၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကြီးတွင် အမှုဆောင်သစ်ကို ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။ ၂၀၁၁-၂၀၁၂ ခုနှစ် အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ဒေါက်တာဦးဝင်းမြင့် ဥက္ကဋ္ဌ
  2. အငြိမ်းစားရုံပိုင်ချုပ်ကြီးဦးဝင်းမြင့် ဒုတိယ ဥက္ကဋ္ဌ
  3. ဒေါက်တာဦးစိုးတင့် ဒုတိယ ဥက္ကဋ္ဌ
  4. ဦးတင်ကျော်ဝင်း အတွင်းရေးမှူး
  5. ဒေါက်တာဦးဌေးဝင်း တွဲဘက် အတွင်းရေးမှူး
  6. ဦးတင်ဝင်းနိုင် တွဲဘက် အတွင်းရေးမှူး
  7. ဦးမျိုးထွန်း စာရင်းစစ်အဖွဲ့ခေါင်းဆောင်
  8. ဦးဘရမ်း ဘဏ္ဍာရေးမှူး
  9. ဦးကျော်ရင်မြင့် ဘဏ္ဍာရှာဖွေရေးနှင့်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်
  10. ဦးဇော်ဦး အလုပ်အမှုဆောင်အဖွဲ့ဝင်
  11. ဒေါက်တာဦးမျိုးမြင့် အလုပ်အမှုဆောင်အဖွဲ့ဝင်
  12. ဒေါက်တာကိုကိုလေး အလုပ်အမှုဆောင်အဖွဲ့ဝင်
  13. ဦးဘဦး အလုပ်အမှုဆောင်အဖွဲ့ဝင်
  14. ကား-ဦးသိန်းထွန်း အလုပ်အမှုဆောင်အဖွဲ့ဝင်
  15. ဦးကြီးစိုး အလုပ်အမှုဆောင်အဖွဲ့ဝင်
  16. UD-ဦးခင်မောင်ဝင်း အလုပ်အမှုဆောင်အဖွဲ့ဝင်
  17. ဦးသိန်းထွန်း(ဆားတောင်) အလုပ်အမှုဆောင်အဖွဲ့ဝင်
  18. ဦးမန်းမောင် အလုပ်အမှုဆောင်အဖွဲ့ဝင်
  19. ဦးမျိုးတင့် အလုပ်အမှုဆောင်အဖွဲ့ဝင်
  20. ဦးသန်းထိုက် အလုပ်အမှုဆောင်အဖွဲ့ဝင်
  21. ဒေါက်တာ ဒေါ်မြင့်မြင့်သိန်း အလုပ်အမှုဆောင်အဖွဲ့ဝင်
  22. ဒေါက်တာ ဒေါ်သီသီ အလုပ်အမှုဆောင်အဖွဲ့ဝင်
Remove ads

လိပ်စာ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads