ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ
From Wikipedia, the free encyclopedia
Remove ads
ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ (British Indian Ocean Territory (BIOT) သို့မဟုတ် ချာဂိုးကျွန်းများ) သည် အိန္ဒိယသမုဒ္ဒရာတွင်းရှိ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ပင်လယ်ရပ်ခြားနယ်မြေတစ်ခု ဖြစ်သည်။ ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေတွင် ချာဂိုးကျွန်းစုရှိ သန္တာကျွန်း ၇ ခုအပါအဝင် ကျွန်းငယ်ပေါင်း တစ်ထောင်ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ စုစုပေါင်းကုန်းမြေဧရိယာမှာ ၆၀ စတုရန်းကီလိုမီတာ (၂၃ စတုရန်းမိုင်) ခန့်ရှိသည်။[၃]
အကြီးဆုံးနှင့် တောင်ဘက်အကျဆုံးကျွန်းမှာ ဒီယေဂိုဂါစီယာ ဖြစ်ကာ ၄၄ စတုရန်းကီလိုမီတာ (၁၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ တွဲဖက် စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သည်။ ထိုကျွန်းမှာ ပုံမှန်ခရီးသွားများ၊ သတင်းသမားများနှင့် ယခင်ကနေထိုင်ခဲ့သူများကို ဝင်ခွင့်ကန့်သတ်ထားသော ကျွန်းဖြစ်သည်။
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads