ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ

From Wikipedia, the free encyclopedia

ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ
Remove ads

ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ (British Indian Ocean Territory (BIOT) သို့မဟုတ် ချာဂိုးကျွန်းများ) သည် အိန္ဒိယသမုဒ္ဒရာတွင်းရှိ ယူနိုက်တက်ကင်းဒမ်းနိုင်ငံပင်လယ်ရပ်ခြားနယ်မြေတစ်ခု ဖြစ်သည်။ ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေတွင် ချာဂိုးကျွန်းစုရှိ သန္တာကျွန်း ၇ ခုအပါအဝင် ကျွန်းငယ်ပေါင်း တစ်ထောင်ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ စုစုပေါင်းကုန်းမြေဧရိယာမှာ ၆၀ စတုရန်းကီလိုမီတာ (၂၃ စတုရန်းမိုင်) ခန့်ရှိသည်။[]

အချက်တိုများ ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ British Indian Ocean Territory, မြို့တော် ...

အကြီးဆုံးနှင့် တောင်ဘက်အကျဆုံးကျွန်းမှာ ဒီယေဂိုဂါစီယာ ဖြစ်ကာ ၄၄ စတုရန်းကီလိုမီတာ (၁၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ တွဲဖက် စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သည်။ ထိုကျွန်းမှာ ပုံမှန်ခရီးသွားများ၊ သတင်းသမားများနှင့် ယခင်ကနေထိုင်ခဲ့သူများကို ဝင်ခွင့်ကန့်သတ်ထားသော ကျွန်းဖြစ်သည်။

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads