ဗွိုင်ယေဂျာ ၂ အာကာသယာဉ်

From Wikipedia, the free encyclopedia

ဗွိုင်ယေဂျာ ၂ အာကာသယာဉ်
Remove ads

ဗွိုင်ယေဂျာ ၂ အာကာသယာဉ် (အင်္ဂလိပ်: Voyager 2) သည် နာဆာ အဖွဲ့မှ ဂျူပီတာဂြိုဟ်စနေဂြိုဟ်ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့ကို လေ့လာရန် အသုံးပြုသော အာကာသယာဉ် ဖြစ်သည်။ ယခုအချိန်တိုင်အောင် ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့တိုင်အောင် သွားရောက်သော တစ်စင်းတည်းသော အာကာသယာဉ် ဖြစ်သည်။ ထို့ကြောင့် ထိုဂြိုဟ် နှစ်ခုနှင့် ဆက်စပ်သော ပုံအများစုမှာ ထိုအာကာသယာဉ်မှ ပေးပို့ခဲ့သော ပုံများပင်ဖြစ်သည်။ ထိုယာဉ်သည် ညီအစ်မယာဉ် ဗွိုင်ယေဂျာ ၁ အာကာသယာဉ် နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ ထိုအာကာသယာဉ်သည် လက်ရှိတွင် နေအဖွဲ့အစည်းမှ ဝေးရာသို့ ရွေ့လျားနေပြီး နေအဖွဲ့အစည်း အပြင်ဘက်ပိုင်းသို့ ဦးတည် သွားလာလျက် ရှိသည်။ ၂ဝ၁၅ ခုနှစ် ဧပရယ်လအရ ယာဉ်သည် နေမှ ၁ဝ၈ AU (၁.၆၂×၁ဝ၁ဝ ကီလိုမီတာ) အကွာတွင် ရောက်နေသည်။[]

အချက်တိုများ မက်ရှင်အမျိုးအစား, အော်ပရေတာ ...

ဗွိုင်ယေဂျာ၂ အာကာသယာဉ်ကို ၁၉၇၇၊ ဩဂုတ်လ ၂၀ ရက်တွင် လွှတ်တင် ခဲ့သည်။ ဗွိုင်ယေဂျာ ၂ အာကာသယာဉ်သည် မည်သည့်ကြယ်ကိုမှ ဦးတည်ပြီး စေလွှတ်ခဲ့သည် မဟုတ်ပေ။ သို့သော်လည်း နှစ်ပေါင်း ၄ဝဝဝဝ ကြာလျင် ယင်းသည် အလင်းနှစ် ၁.၇ အကွာသို့ ရောက်ရှိမည်ဖြစ်သည်။ အကယ်၍ စက်ပစ္စည်းကောင်းမွန်နေပါက ဗွိုင်ယေဂျာ ၂ အာကာသယာဉ်သည် အလင်းနှစ် ၄.၃ အကွာမှ ဆိုင်ရပ်စ်ကြယ်သို့ နှစ်ပေါင်း ၂၉၆ဝဝဝ အကြာတွင် ရောက်ရှိမည်ဖြစ်သည်။ ဗွိုင်ယေဂျာ ၂ အာကာသယာဉ်သည် သက္ကရာဇ် ၂ဝ၂၅ ခုနှစ်အထိ အားပျော့သော ရေဒီယိုဆက်သွယ်မှုကို ထုတ်ပေးနေအုံးမည်ဟု မျော်လင့်ရသည်။ ထိုနောက်ပိုင်းတွင်ကား လုံလောက်သော လျှပ်စစ်စွမ်းအင်များ ထုတ်ပေးနိုင်တော့မည်မဟုတ်ပါ။


ဗွိုင်ယေဂျာ ၁ နှင့် ဗွိုင်ယေဂျာ ၂ အာကာသယာဉ် နှစ်စင်းစလုံးတွင် ကမ္ဘာပေါ်ရှိ သက်ရှိတို့၏ ပုံများ နှင့် အသံများကို ထည့်သွင်းထားသော ရွှေဓာတ်ပြား တစ်ချပ်စီ ပါရှိသည်။ ထို့ပြင် ဘာသာစကားပေါင်း အမျိုး ၅ဝ ကျော် ထည့်သွင်းထားပြီး ကမ္ဘာမြေတည်နေရာအား ဖော်ပြထားသည်။ ထိုဓာတ်ပြားများကို ဂြိုဟ်သားများနှင့် ဆက်သွယ်နိုင်ရန် ရည်ရွယ်၍ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

Remove ads

အခြား ကြည့်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads