ဗွိုင်ယေဂျာ ၁ အာကာသယာဉ်
From Wikipedia, the free encyclopedia
Remove ads
ဗွိုင်ယေဂျာ ၁ (အင်္ဂလိပ်: Voyager 1) အာကာသယာဉ်သည် နေအဖွဲ့အစည်းအပြင်ပိုင်းနှင့် ကြယ်တာရာကြားနယ်များကို လေ့လာရန် အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးဌာနက ၁၉၇၇ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အာကာသယာဉ်သည် Deep Space Network သို့ သတင်းအချက်အလက်များ ပို့ပေးသည်။ ၂ဝ၁၅ ခုနှစ်တွင် ၁၃၂ AU အကွာသို့ရောက်ရှိကာ ကမ္ဘာပေါ်မှ လူလုပ်အာကာသယာဉ်များထဲတွင် အဝေးဆုံးသို့ရောက်ရှိသော အာကာသယာဉ် ဖြစ်လာသည်။[၃]ဗွိင်ယေဂျာ ၁ အာကာသယာဉ်သည် ယခုအချိန်တွင် ဟေလီယိုစဖီးယားအလွှာ၏ အပြင်ဘက်အကျဆုံးအလွှာဖြစ်သော ဟီလီယိုအာ့သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်တွင် နာဆာမှ သိပ္ပံပညာရှင်များသည် နေအဖွဲ့အစည်းမှ ထွက်လာသော ပထမဆုံးအာကာသယာဉ် တစ်စင်းဖြစ်လာပြီဟု အစီရင်ခံတင်ပြခဲ့သည်။
ဗွိုင်ယေဂျာစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ်၊ ယင်း၏ညီမ ဗွိုင်ယေဂျာ ၂ အာကာသယာဉ်ကဲ့သို့ပင် ခရီးစဉ်ချဲ့ထားသည်။ ယင်း၏လုပ်ငန်းမှာ ကျူးပါးခါးပတ်၊ ဟီလီယိုစဖီးယားနှင့် ကြယ်တာရာ ကြားခံနယ်တို့ပါဝင်သော နေအဖွဲ့အစည်း၏ အပြင်ဘက်အား လေ့လာရန်ဖြစ်သည်။ အဓိက မက်ရှင်မှာ ၁၉၇၉ ခုနှစ်တွင် ဂျိုဗီယမ် စနစ်အားလည်းကောင်း ၁၉၈ဝ ခုနှစ်တွင် စေတန်ရီယမ် စနစ်အားလည်းကောင်း ဝင်ရောက်ခဲ့ပြီးနောက် ၁၉၈ဝ ခုနှစ် နိုဝင်ဘာ၂ဝ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ယင်းသည် အကြီးမားဆုံး ဓာတ်ငွေ့ဂြိုဟ်နှင့် ဂြိုဟ်ရံလများ၏အသေးစိတ်ဓာတ်ပုံများကို ဖမ်းယူနိုင်ခဲ့သော အာကာသယာဉ် ဖြစ်လာခဲ့သည်။
Remove ads
ခရီးစဉ်နောက်ခံ
ရာဇဝင်
၁၉၆ဝ ခုနှစ်တွင် ဂရန်းတာဝါမှ အပြင်ဘက်ဂြိုဟ်များအား လေ့လာရန် အဆိုပြုခဲ့သည်။ ယင်းသည် ၁၉၇ဝ ခုနှစ် အစောပိုင်းတွင် နာဆာအား မက်ရှင်အဖြစ် ဆောင်ရွက်ရန် အဆိုပြုခဲ့သည်။[၄] အတွင်းပိုင်းဂြိုဟ်များအား လေ့လာရေး နည်းပညာများသည် ဒြပ်ဆွဲအားနည်းပညာသစ်ဖြင့် တိုးတက်လာခဲ့သည်။ ဆိုလိုသည်မှာ ဂြိုဟ်များ၏ ဒြပ်ဆွဲအားကို အသုံးချကာ နေအဖွဲ့အစည်းအတွင်း ရောက်ရှိနိုင်သည့်အကွာအဝေးအတွင်း ယာဉ်များကို စေလွှတ်ရန်ဖြစ်သည်။ ဒြပ်ဆွဲအားအကူအညီသည် အာကာသယာဉ်တစ်စင်းကို ဓာတ်ငွေ့ဂြိုဟ်ကြီးများဖြစ်သော ဂျူပီတာဂြိုဟ် စေတန်ဂြိုဟ် ယူရေးနပ်စ်ဂြိုဟ် နက်ပကျွန်းဂြိုဟ်များအား တွန်းကန်အား အနည်းဆုံး တိုတောင်းသော ခရီးသွားချိန်များဖြင့် အလည်အပတ်သွားရန် ဖြစ်စေနိုင်ခဲ့သည်။ မူလအားဖြင့် ဗွိုင်ယေဂျာ ၁ သည် မာရီယာနာ ပရိုဂရမ်၏ မာရီယာနာ ၁၁ အဖြစ် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ဘက်ဂျက်ငွေ ဖြတ်တောက်မှုကြောင့် ဂျူပီတာဂြိုဟ်နှင့် စေတန်ဂြိုဟ်အား ပျံသန်းရန် နောက်ဆုတ်ခဲ့ရသည်။ ပရိုဂရမ်အား မွမ်းမံလာခဲ့ပြီးနောက် မူလ မာရီယာနာပရိုဂရမ်နှင့် ကွဲပြားစွာ ဗွိုင်ယေဂျာဟု ပြောင်းလဲခဲ့သည်။[၅]
ရွှေဓာတ်ပြား

ဗွိုင်ယေဂျာယာဉ်များတွင် ရွှေရောင်ပလိပ်ပြားဖြင့် လောင်းထားသော အသံချပ်ပြားပါဝင်သည်။ အကယ်၍ အာကာသယာဉ်သည် အသိဉာဏ်ရှိသော သက်ရှိများနှင့်ကြုံတွေ့သည်ရှိသော် ရည်ရွယ်ချက်ဖြင့် ထည့်ထားခြင်းဖြစ်သည်။[၆] ချပ်ပြားတွင် ကမ္ဘာမြေ၏မြေပုံ သက်ရှိပုံစံ သိပ္ပံအချက်အလက် အဆင့်အတန်း လူသားတို့၏ မတူညီသော ဘာသာစကား ၅၅ မျိုးအပြင်[၇] ကမ္ဘာမြေ၏ အသံ ပါဝင်သည်။ ယင်းတွင် ဝေလငါးအသံ ကလေးငိုသံ ကမ်းစပ်အား ပင်လယ်လှိုင်းရိုက်ခတ်သံ ကမ္ဘာအနှံ့မှ သီချင်းမျိုးစုံတို့ ပါဝင်သည်။ မိုးဇက်နှင့် ချက်ဘယ်ရီတို့၏ "Johnny B. Goode" သီချင်းလည်း ပါဝင်သည်။
အာကာသယာဉ်ဒီဇိုင်း
ဗွိုင်ယေဂျာ ၁ ကို Jet Propulsion Laboratory တွင် တည်ဆောက်ခဲ့သည်။ ယင်းတွင် ဟိုက်ဒရင်ဇင် သရက်စတာ (hydrazine thruster) ၁၆ ခု၊ ဝင်ရိုးသုံးခုရှိသော ချိန်ညှိ ဂိုင်ရိုစကုပ်နှင့် အညွန်း ကိရိယာများ (နေ ခြေရာခံပစ္စည်း၊ ကန်နိုပက် ကြယ်ထောက်လှမ်း ကိရိယာ) တို့ပါဝင်သည်။ ကမ္ဘာမြေသို့ ရေဒီယို အင်တာနာအား အမြဲတမ်း ဦးတည်နေစေရန် ဖြစ်သည်။ အရန် သရက်စတာ ၈ ခုပါဝင်ထားပြီး အာကာသယာဉ်တွင် ဂြိုဟ်များအားလေ့လာရန် သိပ္ပံဆိုင်ရာ ကိရိယာတန်ဆာပလာပေါင်း ၁၁ ခုပါဝင်သည်။
ဆက်သွယ်ရေးစနစ်
ဗွိုင်ယေဂျာ ၁ အာကာသယာဉ်၏ ရေဒီယို ဆက်သွယ်ရေးသည် နေအဖွဲ့အစည်းအပြင်ဘက် ကြမ်းတမ်းလှသော အာကာသထဲတွင် ဆက်သွယ်နိုင်ရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ ဆက်သွယ်ရေးစနစ်တွင် ကမ္ဘာပေါ်မှ Deep Space Network နှင့်ဆက်သွယ်ရန် ၃.၇ မီတာရှိသော စွမ်းအားမြင့် အင်တာနာအား တပ်ဆင်ထားသည်။[၈] ယင်းသည် ဂျူပီတာဂြိုဟ်အကွာအဝေးသို့ ရောက်ပါက တစ်စက္ကန့်လျင် ၁၁၅.၂ ကီလိုဘိုက်အထိ မြန်နှုန်းကို မြှင့်တင်ပေးမည်ဖြစ်သည်။ အကယ်၍ အာကာသယာဉ်သည် ကမ္ဘာမြေသို့ သတင်းအချက်အလက်များ တိုက်ရိုက် မပို့နိုင်တော့ပါက နောက်တစ်ကြိမ် ပို့လွှတ်မှုအတွက် သတင်းအချက်အလက် ၆၂၅ဝဝ ကီလိုဘိုက်အထိ သိမ်းထားနိုင်သော ဒယ်ဂျစ်တယ် တိပ်ရီကော်ဒါ (DTR) ပါဝင်သည်။[၉] သတင်းလက်ခံရန်နှင့် ပို့ပေးရန် ကြာမြင့်ချိန်မှာ ကမ္ဘာမြေနှင့် ဗွိုင်ယေဂျာ ၁ တို့၏ မျဉ်းဖြောင့်အကွာအဝေးပေါ်တွင် မူတည်သည်။ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် အချက်အလက် ဖြတ်သန်းရသည့်ကြာမြင့်ချိန်မှာ ၁၆ နာရီကျော် ဖြစ်သည်။
စွမ်းအင်
ဗွိုင်ယေဂျာ ၁ တွင် ကြီးမားသော ရေဒီယို သာမိုလျှပ်စစ် ဂျင်နရေတာ (RTG) သုံးခုအား တပ်ဆင်ထားသည်။ MHW-RTG တစ်ခုချင်းစီတွင် ပလူတိုနီယံ-၂၃၈ အောက်ဆိုဒ် အလုံးရေ ၂၄ ခုပါဝင်သည်။ RTG မှထုတ်ပေးသော စုစုပေါင်း စွမ်းအင်မှာ ၄၇ဝ ဝတ်(watt) ဖြစ်သည်။ RTG မှထုတ်ပေးသော စွမ်းအင်ပမာဏသည် နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ လျှော့နည်းသွားမည်ဖြစ်သည်။ သို့သော် ဗွိုင်ယေဂျာ ၁ သည် ၂ဝ၂၅ ခုနှစ်ထိ ဆက်လက် အလုပ်လုပ်နေအုံးမည်ဖြစ်သည်။[၁၀]
- RTG လောင်စာကန်
- RTG ဇယား
- RTG ယူနစ်
သိပ္ပံပစ္စည်းများ
Remove ads
မက်ရှင် ပရိုဖိုင်း
ပစ်လွတ်မှုနှင့် လမ်းကြောင်း
ဗွိင်ယေဂျာ ၁ အာကာယာဉ်သည် ၁၉၇၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် ကိတ် ကာနာဗီရယ် ဖလော်ရီဒါမှ Space Launch Complex 41 ဖြင့် ပစ်လွှတ်ခဲ့သည်။ ညီအစ်မ ဗွိုင်ယေဂျာ ၂ အာကာသယာဉ်ကိုမူ နှစ်ပတ်စောကာ ၁၉၇၇ ခုနှစ် ဩဂုတ်လ ၂ဝ ရက်နေ့တွင် ပစ်လွှတ်ခဲ့သည်။ ဗွိင်ယေဂျာ ၁ အာကာယာဉ်သည် ဂျူပီတာဂြိုဟ်နှင့်[၁၆] စေတန်ဂြိုဟ်ဆီသို့ တိုတောင်းသောလမ်းကြောင်းဖြင့် စောလျင်စွာ ရောက်ရှိခဲ့သည်။[၁၇]

ဂျူပီတာဂြိုဟ်နှင့် တွေ့ဆုံမှု
ဗွိုင်ယေဂျာ ၁ သည် ဂျူပီတာဂြိုဟ်အား ၁၉၇၉ ခုနှစ် တွင်စတင်ဓာတ်ပုံ ရိုက်ယူခဲ့သည်။ အနီးစပ်ဆုံး ချဉ်းကပ်မှုမှာ ၁၉၇၉ ခုနှစ် မတ်လ ၅ ရက်နေ့တွင်ဖြစ်ပြီး မိုင်ပေါင်း ၂၁၇ဝဝဝ အကွာမှ ဖြစ်သည်။ နီးကပ်သော ချဉ်းကပ်မှုတွင် ဓာတ်ပုံအရည်အသွေး ကောင်းမွန်မှုများကြောင့် ဂျူပီတာဂြိုဟ်၏ ဂြိုဟ်ရံလများ၊ ကွင်းများနှင့် ဓာတ်ရောင်ခြည် ခါးပတ်များကို ချဉ်းကပ်မှုကာလ ၄၈ နာရီအတွင်း လေ့လာစူစမ်းနိုင်ခဲ့သည်။ ဗွိုင်ယေဂျာ ၁ အာကသယာဉ်သည် ဂျိုဗီယမ်စနစ်အား ဓာတ်ပုံရိုက်ယူခြင်းအား ၁၉၇၉ ခုနှစ် ဧပရယ်လတွင် အပြီးသတ်ခဲ့သည်။[၁၈]
လေ့လာမှုအတွင်း ဗွိုင်ယေဂျာ ၁ အာကသယာဉ်သည် ထင်ရှားသော ရှာဖွေတွေ့ရှိမှုများအား လုပ်ဆောင်နိုင်ခဲ့သည်။
| ||||||||
![]() |
စနေဂြိုဟ်နှင့် ထိတွေ့ခြင်း
စနေဂြိုဟ်နှင့် ယင်း၏ဂြိုဟ်ရံလများဆီသို့ စေလွှတ်ခဲ့သော ဗွိုင်ယေဂျာ အာကာသယာဉ်နှစ်စင်းလုံးသည် ဒြပ်ဆွဲငင်အား အကူညီဖြင့်မောင်းနှင်သည့်နည်းကို အသုံးချခဲ့သည်။ ဗွိုင်ယေဂျာ ၁ သည် ၁၉၈ဝ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စနေဂြိုဟ်၏ အနီးဆုံးနေရာ (စနေဂြိုဟ်တိမ်တိုက်အပေါ်မှ ၁၂၄ဝဝဝ ကီလိုမီတာ)အကွာသို့ ချဉ်းကပ်ခဲ့သည်။ အာကာသယာဉ်တွင်ပါဝင်သော ကင်မရာသည် စနေဂြိုဟ်၏ ရှုပ်ထွေးလှသော ကွင်းစနစ်အား ခြေရာခံမိသည်။[၁၉] အဝေးထိန်း ကိရိယာများဖြင့် စနေဂြိုဟ်လေထုနှင့် ယင်း၏ဂြိုဟ်ရံလ တိုက်တန်အား လေ့လာခဲ့သည်။
ပိုင်အိုနီးယား ၁၁ သည် တိုက်တန်အား တစ်နှစ်စောကာ ယင်း၏ ထူထပ်သော ဓာတ်ငွေ့လေထုအား ခြေရာခံမိသဖြင့် ဗွိုင်ယေဂျာ အာကာသာယာဉ်များကို အနီးကပ်လေ့လာရန် ထုတ်ပယ်ခဲ့သည်။ ဗွိုင်ယေဂျာ အာကာသယာဉ်သည် စနေဂြိုဟ်၏ ဒြပ်ဆွဲအားကို အသုံးချကာ slingshot နည်းဖြင့် ပလူတို ဂြိုဟ်ပတ်လမ်း ကျော်သည်အထိ ထိန်းချုပ်နိုင်ခဲ့ကောင်းသည်။
|
| ||||||||
![]() |
Remove ads
ကြယ်တာရာကြားခရီး မက်ရှင်
၁၉၉ဝ ခုနှစ်တွင် ဗွိုင်ယေဂျာ ၁ သည် နေအဖွဲ့အစည်း၏အပြင်ဘက်မှ family portrait အား ပထမဆုံး ရိုက်ယူခဲ့သည်။ ယင်းတွင် နာမည်ကြီး အပြာရောင်အစက်လည်း ပါဝင်သည်။ ဗွိုင်ယေဂျာ အာကာသယာဉ်သည် ၂ဝ၂၅ ခုနှစ်ထိ အလုပ်လုပ်နေအုံးမည်ဟု ခန့်မှန်းထားသည်။ ယင်းသည် စတင်ပစ်လွှတ်ပြီး နှစ်ပေါင်း (၄၈) နှစ် ဖြစ်ပေမည်။ အာကာသယာဉ်သည် ကမ္ဘာမြေမှ ၆၉.၄၁၉ AU (၁.၀၃၈၄၉×၁၀၁၀ ကီလိုမီတာ) အကွာသို့ ရောက်ရှိနေသည်။ ယင်းသည် ကြယ်တာရာကြားခံနယ်ပယ်သို့ ဝင်လာပြီဖြစ်သည်။ ဗွိင်ယေဂျာ ၁ အာကာသယာဉ်သည် နေမှ အဝေးဆုံးအကွာအဝေးသို့ရောက်ပါက အမြန်နှုန်းမှာ တစ်စက္ကန့်လျင် ၁၃ ကီလိုမီတာဖြစ်ပေလိမ့်မည်။ စတင်ပစ်လွှတ်စဉ်က အမြန်နှုန်းမှာ တစ်စက္ကန့်လျင် ၁၇.၂၆ ကီလိုမီတာနှုန်းဖြစ်ပြီး ကမ္ဘာပေါ်မှ ပစ်လွှတ်ခဲ့ဖူးသမျှထဲတွင် အမြန်ဆုံးဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် ပလူတိုဂြိုဟ်သိမ်အနား နောက်ဆုံးချဉ်းကပ်ခဲ့သော New Horizons သည်ပင် ထိုအမြန်နှုန်းကို မမှီပေ။ New Horizons ၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျင် ၁၅ ကီလိုမီတာနှုန်းသာ ဖြစ်သည်။[၂၀]
ဟီလီယိုပေါ့စ်

ဗွိုင်ယေဂျာ ၁ သည် ကြယ်တာရာကြားခံအာကာသဆီသို့ ဦးတည်နေသောကြောင့် ယင်း၏ ကိရိယာတန်ဆာပလာများသည် နေအဖွဲ့အစည်းအား ဆက်လက် လေ့လာလျက်ရှိသည်။ Jet Propulsion Laboratory မှ သိပ္ပံပညာရှင်များသည် ပါလာဆမာလှိုင်း စမ်းသပ်ချက်များအား ဗွိုင်ယေဂျာ ၁၊ ၂ နှစ်စင်းလုံးတွင် ထည့်သွင်းကာ ဟီလီယိုပေါ့စ်အလွှာအား လေ့လာစေခဲ့သည်။ ယင်းသည် နေလေနှင့် အာကာသကြားခံနယ်မြေတို့၏ နယ်နမိတ်အစွန်းပင်ဖြစ်သည်။ ၂ဝဝ၅ ခုနှစ် မေလတွင် နာဆာမှပြောကြားသည်မှာ ဗွိုင်ယေဂျာ ၁ သည် heliosheath သို့ရောက်ရှိခဲ့ပြီးဟု ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် အာကာသယာဉ်သည် ဟီလီယိုပေါ့စ်နယ်နမိတ်သို့ ရောက်ရှိနေပြီဟု အစီရင်ခံတင်ပြခဲ့သည်။


Remove ads
လက်ရှိအခြေနေ
ဗွိုင်ယေဂျာ ၁ အာကာသယာဉ်အား ကမ္ဘာမြေမှ ထိန်းချုပ်မောင်းနှင်ထားသည်။


ဗွိုင်ယေဂျာ ၁ အာကာသယာဉ်သည် မည်သည့်ကြယ်ကိုမျှ ဦးတည်ကာ ပျံသန်းနေခြင်း မဟုတ်ပေ။ သို့သော် နောင်နှစ်ပေါင်း ၄ဝဝဝဝ ကြာလျင် အလင်းနှစ် ၁.၆ အကွာ Gliese 445 ဆိုသောကြယ်အနားသို့ ရောက်ရှိပေလိမ့်မည်။ ယင်းကြယ်သည် နေအဖွဲ့အစည်းဆီသို့ တစ်စက္ကန့်လျင် ၁၁၉ ကီလိုမီတာနှုန်းဖြင့် (တစ်နာရီလျင် မိုင်ပေါင်း ၂၇ဝဝဝ) ရွေ့လျားနေသည်။ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အာကာသယာဉ်သည် ကမ္ဘာပေါ်မှ ပြုလုပ်ခဲ့ဖူးသမျှ အာကာသယာဉ်များတွင် အဝေးဆုံးသို့ရောက်ရှိခဲ့သော ယာဉ်တစ်စင်း ဖြစ်လာခဲ့သည်။ ယင်းသည် နေမှ ၆၉ AU အကွာသို့ရောက်ရှိသော ပိုင်အိုနီးယား ၁ဝ အား ဖြတ်ကျော်ခဲ့လေသည်။ ဗွိုင်ယေဂျာ ၁ အာကာသယာဉ်သည် ကမ္ဘာပေါ်မှ အမြန်ဆုံးအာကာသယာဉ်တစ်စင်းဖြစ်သောကြောင့် ယင်းအား ကျော်ဖြတ်နိုင်မည့် အခြားအာကာယာဉ်မှာ နောင်နှစ်ပေါင်း ၂ဝ အတွင်း မရှိနိုင်ပေ။ နာဆာသည် ဗွိုင်ယေဂျာ ၁ အား Deep Space Network မှနေ့စဉ် ခြေရာခံလျက်ရှိသည်။ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် အာကာသယာဉ်သည် ပစ်လွှတ်ချိန်မှ နှစ်ပေါင်း ၃၅ နှစ်အကြာ၊ နေမှ မိုင်ပေါင်း ၁၁ ဘီလီယံအကွာသို့ ရောက်ရှိခဲ့ပြီး ညီအစ်မ ဗွိုင်ယေဂျာ ၂ မှာမူ နေမှ မိုင်ပေါင်း ၉ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် ဗွိုင်ယေဂျာ ၁ သည် ကမ္ဘာမြေမှ ၁၂၁.၈၃၆ AU အကွာသို့၊ နေမှ ၁၂၁.၇၉၈ AU အကွာသို့ ရောက်ရှိခဲ့ပြီး အမြန်နှုန်း တစ်စက္ကန့်လျင် ၁၇.ဝ၄၃ ကီလိုမီတာ၊ တစ်နှစ်လျင် ၃.၅၉၅ AU နှုန်းဖြင့် ပျံသန်းလျက်ရှိသည်။ နေရောင်ခြည်သည် ဗွိုင်ယေဂျာ ၁ သို့ရောက်ရှိရန် ၁၆.၈၉ နာရီ အချိန်ကြာမည်ဖြစ်သည်။ လက်ရှိတွက်ချက်မှုအရ ဗွိုင်ယေဂျာ ၁ သည် အမွှာဗွိုင်ယေဂျာ ၂ ထက် ၁ဝ ရာခိုင်နှုန်းပိုမြန်သောအမြန်နှုန်း၊ တစ်နှစ်လျင် ၃.၅၉၂ AU နှုန်းဖြင့် ပျံသန်းပါက အနီးဆုံးကြယ်သို့ ရောက်ရှိရန် နှစ်ပေါင်း ၇၃၇၇၅ ကြာမြင့်မည်ဖြစ်သည်။ အာကာသယာဉ်လားရာအတိုင်းရှိသော ပရိုဆီမာ စင်တောရိကြယ်သို့ ရောက်ရှိရန်မူ လက်ရှိအမြန်နှုန်းဖြင့် ပျံသန်းပါက နှစ်ပေါင်း ၁၇၆၅၆ ကြာမြင့်ပေလိမ့်မည်။
Remove ads
အခြားကြည့်ရန်
ကျမ်းကိုး
ပြင်ပ လင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads