ဗှတ္တာ

From Wikipedia, the free encyclopedia

ဗှတ္တာ
Remove ads

သင်္ချာနှင့် ရူပဗေဒရှိ ဗှတ္တာ (အင်္ဂလိပ်: vector) ဆိုသည်မှာ ၁-ကြောင်းဆွဲ တာအုံတမျိုး ဖြစ်၍၊ ကိုင်တွယ်အသုံးပြုနေသည့် ရပ်ဝန်း(manifold) သို့မဟုတ် အမှတ်ချအိမ်(ကိုဩဒီးနိတ်အိမ်) တို့၏ သဘောသဘာဝအလျောက် တန်ဖိုးအသီးသီး စုတွဲထွက်ပေါ်လျက် (တည်နေရာဖြစ်စေ ရွေ့လျားနှုန်းဖြစ်စေ စသော) ရည်ရွယ်ရာတိုင်းဖွယ်တခုခုကို ဖော်ပြနေသည့် သင်္ချာဇာတ်ကောင် (mathematical object) ဖြစ်သည်။ သင်္ချာစကားဖြင့် ဆိုရလျှင် ဗှတ္တာများသည် ဗှတ္တာရပ်ဝန်း၌ ပါဝင်စုဖွဲ့သည့် သင်္ချာဝတ္ထုများ ဖြစ်သည်။
တနည်းအားဖြင့်၊ ဂျီဩမေထြီ ဗှတ္တာများ[] သည် သမားရိုးကျ ယူကလစ်ဒ် စပေ့စ်အတွင်း၌ ပမာဏ(magnitude) နှင့်တကွ ဦးတည်ချက်(direction) လည်း ရှိနေသော အရာများ ဖြစ်သည်။ ထို့ကြောင့် ကန်းအုံ(materix)၏ ကိန်းလုံး(element) တခုစီက ဆိုင်ရာ တိုင်းကြောင်း(dimension) အတွက် အပိုင်းခွဲတန်ဖိုးကို ဖော်ပြလျက် ပုံ၌ မြားပုံတစ်ခု တည်ဆောက်သကဲ့သို့ ဖြစ်မည်။

Thumb
ဗှတ္တာချင်း ပေါင်းနိုင်ပုံ
Thumb
ကာတက်စီးယန်း အမှတ်ချအိမ် (Cartesian coordinate system) အတွင်း၌ ချအမှတ်(2, 3) ကို ညွှန်းဆို ဖော်ပြနေသည့် ဗှတ္တာပုံ

ကြောင်းဆွဲရေပိုမြင့်သော တာအုံ (high-ranked tensor) တို့ကို ထောင့်စက် ကိန်းအုံဖြင့် ကိုယ်စားပြုပြီး၊ ၂-ကြောင်းဆွဲ ဖြစ်သည့် ဤ ဗှတ္တာ(vector)တို့ကိုမူ တိုင်ထီးကိန်းအုံ (column vector) ဖြင့် ကိုယ်စားပြုရိုး ရှိ၏။

Thumb
ဗှတ္တာကို ဆပွားကိန်း(scalar)နှင့် မြှောက်နိုင်ပုံ။ မြှောက်ဖော်ကိန်း 3နှင့် မြှောက်လိုက်ခြင်းသည် ဗှတ္တာကို ထိုဦးတည်ချက်အတိုင်းပင် ၃ဆ ရှည်သွားစေခြင်း။
Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads