ဘဂ္ဂဒက်မြို့
From Wikipedia, the free encyclopedia
Remove ads
ဘဂ္ဂဒက်မြို့သည် အီရတ်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဘဂ္ဂဒက်မြို့တွင် ခန့်မှန်းခြေ လူဦးရေ ၇,၂၁၆,၀၄၀ ဦးခန့် ရှိသည်။ အီရတ်နိုင်ငံတွင် အကြီးဆုံးမြို့ဖြစ်ပြီး အာရပ်ကမ္ဘာတွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ပြီးလျှင် အကြီးဆုံး ဖြစ်သည်။ အနောက်အာရှတွင် အီရန်နိုင်ငံ တီဟီရန်မြို့ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးဖြစ်သည်။
တိုင်းဂရစ်မြစ်ကမ်းပေါ်တွင် တည်ရှိပြီး ၈ ရာစု မှ စတင် တည်ထောင်ခဲ့ကာ အဘာဆစ် ကယ်လီဖိတ်၏ မြို့တော် အနေနှင့် တည်ရှိခဲ့သည်။ စတင်တည်ထောင်သည့် အချိန်မှစ၍ အချိန်အနည်းငယ် အတွင်းမှာပင် ဘဂ္ဂဒက်သည် ထင်ရှားသော အစ္စလာမ် ကမ္ဘာတွင် ယဉ်ကျေးမှုဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ နှင့် ပညာဆိုင်ရာ အချက်အချာဌာန ဖြစ်လာခဲ့သည်။ ထို့အပြင် ပညာသင်ကြားတတ်မြောက်ရာ တက္ကသိုလ်များ တည်ရှိခြင်းကြောင့် တကမ္ဘာလုံးတွင် သင်ကြားမှုဆိုင်ရာ ဗဟိုဌာန အဖြစ် ကျော်ကြားလာခဲ့သည်။ အလယ်ခေတ် ထိပ်ပိုင်းတွင် ဘဂ္ဂဒက်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးမြို့ အဖြစ် မှတ်ယူကြပြီး ခန့်မှန်းခြေလူဦးရေ ၁.၂ သန်းခန့် ရှိသည်။ ၁၂၅၈ တွင် မြို့တော်သည် မွန်ဂိုအင်ပိုင်ယာကြောင့် အကြီးအကျယ် ပျက်စီးခဲ့ပြီး စတင် ဆုတ်ယုတ်လာခဲ့သည်။ ကပ်ရောဂါများ နှင့် အင်ပိုင်ယာ အများအပြား ပြောင်းလဲ အုပ်ချုပ်မှုတို့ကြောင့် ဆက်လက်၍ ဆုတ်ယုတ်လာခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အီရတ်နိုင်ငံကို လွတ်လပ်သော နိုင်ငံ အဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် ဘဂ္ဂဒက်မြို့သည် ယခင်က တည်ရှိခဲ့သော ကျော်စောထင်ရှားမှုများ တဖြည်းဖြည်း ပြန်လည် ရရှိလာခဲ့ပြီး အာရပ်ယဉ်ကျေးမှုတွင် ထင်ရှားသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
ယနေ့ခေတ်ကာလတွင် ဘဂ္ဂဒက်မြို့တော်သည် အခြေခံအဆောက်အအုံ အကြီးအကျယ် ပျက်စီးမှုများနှင့် မကြာခဏ ကြုံတွေ့ရသည်။ လောလောလတ်လတ်တွင် ၂၀၀၃ ခုနှစ် အမေရိကန် ကျူးကျော်ဝင်ရောက်မှုနှင့် ၂၀၁၀ ခုနှစ် အထိ ဆက်လက်ဖြစ်ပေါ်နေသော စစ်ပွဲများကြောင့် ဖြစ်သည်။ လတ်တလောနှစ်များတွင် ဘဂ္ဂဒက်မြို့တော်သည် လက်နက်ကိုင် တိုက်ခိုက်မှုများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက် ရှိသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads