ဘင်္ဂါလီလူမျိုး

From Wikipedia, the free encyclopedia

ဘင်္ဂါလီလူမျိုး
Remove ads

ဘင်္ဂါလီလူမျိုး (ဘင်္ဂါလီ: বাঙ্গালী, বাঙালি bn) များသည် တောင်အာရှ တွင်နေထိုင်သော အင်ဒို-အာရိယန်လူမျိုးများဖြစ်ပြီး ဘင်္ဂလားဒေသတွင် အဓိကနေထိုင်ကြသည်။ဘင်္ဂါလီလူမျိုးများသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊အိန္ဒိယ်နိုင်ငံ ၏ ဘင်္ဂလားဒေသတစ်ဝိုက်တွင် လူဦးရေအများအပြားဖြင့် ပြန့်နှံ့နေထိုင်လျက်ရှိသည်။အင်ဒို-အာရိယန် ဘာသာစကားပြောလူမျိုးများတွင် လူဦးရေအများဆုံးဖြစ်သည်။

အချက်တိုများ လူဦးရေ စုစုပေါင်း, အများစု နေထိုင်သည့် နေရာ ...

ဘင်္ဂါလီလူမျိုးများသည် ကမ္ဘာပေါ်တွင် တတိယမြောက်လူဦးရေအများဆုံးဖြစ်ပြီးတောင်အာရှတွင်သာမက ပင်မ အင်ဒို-ဥရောပဘာသာစကားပြောလူမျိုးများ တွင်လည်း လူဦးရေအများဆုံးလူမျိုးများဖြစ်သည်။ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယပြည်နယ်များ၏ အနောက်ဘင်္ဂလား၊ ထရီပူရ၊ မဏိပူရနှင့် အာသံပြည်နယ်၏ ဘားရက်ချိုင့်ဝှမ်းများမှလွဲ၍ ဘင်္ဂါလီအများစုနေထိုင်သည့် အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုနယ်မြေဖြစ်သော Andaman နှင့် Nicobar ကျွန်းစုများတွင် နေထိုင်ကြပြီး၊ အိန္ဒိယပြည်နယ်များဖြစ်သည့် Arunachal Pradesh၊ Delhi၊ Odisha၊ Chhattisgarh, Jharak'shan, Indian ပြည်နယ်များတွင် သိသာထင်ရှားသော လူဦးရေများဖြင့် နေထိုင်ကြသည်။ကမ္ဘာလုံးဆိုင်ရာဘင်္ဂါလီလူမျိုးအများစုနေထိုင်ရာ အရှေ့အလယ်ပိုင်း၊ ပါကစ္စတန်၊ မြန်မာ၊ ဗြိတိန်၊ အမေရိကန်၊ မလေးရှား၊ အီတလီ၊ စင်ကာပူ၊ မော်လဒိုက်၊ ကနေဒါ၊ သြစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့တွင်လည်း ဘင်္ဂါလီအသိုင်းအဝိုင်းများ ကောင်းစွာထူထောင်ထားသည်။

ဘင်္ဂါလီများသည် ဘာသာရေးအရ ဆက်နွယ်မှုနှင့် ဓလေ့ထုံးတမ်းအရ ကွဲပြားသောအုပ်စုဖြစ်သည်။ဘင်္ဂါလီ ၇၀% သည် မွှတ်ဆလင်များဖြစ်ပြီး ဟိန္ဒူနှင့် အခြားဘာသာကိုးကွယ်သူများလည်းရှိသည်။ အဓိကအားဖြင့် ဆွန်နီမွတ်ဆလင်များဖြစ်သည်။အိန္ဒိယဘင်္ဂါလီများသည် ဟိန္ဒူဘာသာကိုးကွယ်ကြသည်။ပေါ်တူဂီကုန်သည်များမှ ဆင်းသက်လာသော ဘင်္ဂလီခရစ်ယာန်ဘာသာဝင် အနည်းစုရှိသည်။ ဗုဒ္ဓဘာသာဝင်ဘင်္ဂလီအများစုသည် စစ်တကောင်းနှင့် ရခိုင်ပြည်နယ်ရှိ မရမာကြီးလူမျိုးများဖြစ်သည်။အနောက်ဘင်္ဂလားနှင့် Jharkhand ၏ Rarh ဒေသတွင် Sarak ဟုခေါ်သော ဂျိန်းဘာသာဝင် ဘင်္ဂါလီများလည်းရှိသည်။

  1. Bangladesh Bureau of Statistics (2022). Population and Housing Census 2022. Dhaka: Government of Bangladesh.
  2. Census of India (2011). Language Data: Bengali Speakers. Government of India.
  3. Eaton, Richard (1993). The Rise of Islam and the Bengal Frontier. University of California Press.
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads