မရမာကြီး လူမျိုး

From Wikipedia, the free encyclopedia

မရမာကြီး လူမျိုး
Remove ads

မရမာကြီး (ဘင်္ဂါလီ: বড়ুয়া, ရောမအက္ခရာ: Boṛua) သို့မဟုတ် ဘောရိုဝါ လူမျိုးသည် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၊ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်နေထိုင်သော ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာလူမျိုးစုတစ်ခုဖြစ်သည် []။ရခိုင်သမိုင်း အရ မရမာကြီး ဗုဒ္ဓဘာသာဝင်များသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀၀၀ ကျော် နေထိုင်လာခဲ့သည်။မရမာကြီးလူမျိုးများကို ရခိုင်မျိုးနွယ်စု ခုနစ်မျိုးအနက်မှ တစ်ခုအဖြစ် သတ်မှတ်ထားသည်။အနောက်ဘင်္ဂလား (အိန္ဒိယ) တွင် မရမာကြီး ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကို Scheduled Tribe (ST) အဖြစ် အသိအမှတ်ပြုထားသည်။ ဤအမည်ကို တချို့နေရာများတွင် မရမာလူမျိုးများနှင့် မထင်မှတ်စွာ ရောထွေးဖော်ပြနေကြသော်လည်း၊ မရမာ သည် တိဗက်-ဗမာနွယ် လူမျိုးစုဖြစ်ပြီး မရမာကြီးလူမျိုးသည် ဘင်္ဂလီဘာသာစကားပြော လူမျိုးစုဖြစ်သည်။[]

အချက်တိုများ လူဦးရေ စုစုပေါင်း, အများစု နေထိုင်သည့် နေရာ ...

မျိုးရိုးဗီဇ သုတေသနအရ မရမာကြီးလူမျိုး များသည် အဓိကအားဖြင့် အင်ဒို-အာရိယန်နွယ်ဖြစ်ပြီး ဘင်္ဂါလီလူမျိုးများ နှင့် အလွန်နီးစပ်ကြသည် []။ အများစုတွင် haplogroup R1a၊ H၊ haplogroup L တို့ကို တွေ့နိုင်ပြီး တချို့တွင် O နှင့် D ကဲ့သို့ တိဗက်-ဗမာနွယ် haplogroups တို့လည်း တွေ့ရသည် []။မရမာကြီးလူမျိုး များသည် အင်ဒို-အာရိယန် အခြေခံမျိုးရိုးဖြစ်သော်လည်း တိဗက်-ဗမာနွယ် မျိုးရိုး အနည်းငယ်ပါဝင်ကြသည်။သမိုင်းကြောင်းအရ ရခိုင်လူမျိုးများနှင့်လည်း ဆက်စပ်လျက်ရှိသောလူမျိုးများဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads