ဘန်ကောက် မိုးပျံရထား
ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ပြေးဆွဲပေးနေသောတံတားမြင့်အမျိုးအစား အမြန်ရထားစနစ် From Wikipedia, the free encyclopedia
Remove ads
ဘီတီအက်စ်မိုးပျံရထား ခေါ် ဘန်ကောက်မိုးပျံရထား (အင်္ဂလိပ်: Bangkok Mass Transit System, BTS Skytrain, ထိုင်း: รถไฟฟ้าบีทีเอส, RTGS: Rot Faifa BTS) သည် ဘန်ကောက်မြို့၏ အဆင့်မြင့် သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်သည်။ မြောက်ဘက်နှင့် အရှေ့ဘက်သို့ ပြေးဆွဲရာ ဆူခုမ်ဗစ်လိုင်း (Sukhumvit Line) နှင့် ဘန်ကောက်၏ စီးပွားရေးမြို့နယ်ဖြစ်သော စီလုမ်နှင့် ဆာသွန်ဘက်သို့ ပြေးဆွဲရာ စီလုမ်လိုင်း (Silom Line) တို့ ဖြစ်သည်။
ဘန်ကောက်မြို့ရှိ ဘီတီအက်စ်မိုးပျံရထားလိုင်း၌ ပင်မလိုင်းနှစ်သွယ် ပါဝင်ပါသည်။ ဆူခုမ်ဗစ်လမ်းကြောင်းသည် ခူခွတ်ဘူတာမှ စတင်၍ ဂေဟာဘူတာ၌ ဆုံးခန်းတိုင်ပါသည်။ စီလုမ်လမ်းကြောင်းသည် အမျိုးသားအားကစားရုံဘူတာမှ စတင်ကာ ဘန်ဝါဘူတာအထိ ပေါက်ရောက်ပါသည်။ အဆိုပါ ရထားလမ်းကြောင်းနှစ်သွယ်သည် ဆယမ်ဘူတာကြီး၌ ဆုံဆည်းကြပြီး ခရီးသည်များအနေဖြင့် လိုင်းပြောင်း၍ စီးနင်းနိုင်ပါသည်။
ရွှေရောင်လမ်းကြောင်း (Gold Line) မှာမူ ကရုန်ထွန်ဘူရီဘူတာမှ ခလောင်ဆန်အရပ်သို့ ဦးတည်သွားလာပြီး ထင်ရှားသော ICONSIAM ကုန်တိုက်ကြီးကို ဖြတ်သန်းပါသည်။ ယင်းရွေရောင်လမ်းကြောင်းနှင့် အခြားရထားလမ်းကြောင်းများကို ဆယမ်နှင့် ကရုန်ထွန်ဘူရီဘူတာများတွင် လိုင်းပြောင်းစီးနင်းရန် ဖြစ်နိုင်ပါသည်။
ဘီတီအက်စ်မိုးပျံရထားလိုင်း၏ တရားဝင်အခေါ်အဝေါ်မှာ "ဘုရင်မင်းမြတ်၏ သက်တော် ၇၂ ပြည့် အထိမ်းအမှတ် မိုးပျံရထားလိုင်း" (ထိုင်းဘာသာဖြင့်: รถไฟฟ้าเฉลิมพระเกียรติ 6 รอบ พระชนมพรรษา) ဖြစ်ပါသည်။
ဘီတီအက်စ်ရထားလိုင်းများအပြင် ဘန်ကောက်မြို့၏ အမြန်သယ်ယူပို့ဆောင်ရေးစနစ်တွင် မြေအောက်ရထားလိုင်း (MRT) နှင့် မြေပေါ်ပြေးဆွဲသော MRT လိုင်းခွဲများ၊ ဘတ်စ်ကား အမြန်ပို့ဆောင်ရေးစနစ် (BRT)၊ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆက်သွယ်ပေးသော လေဆိပ်ရထားလိုင်း (Airport Rail Link) နှင့် နိုင်ငံပိုင်ထိုင်းမီးရထား၏ ဆင်ခြေဖုံးပြေးဆွဲသော လိုင်းအချို့လည်း ပါဝင်လျက်ရှိပါသည်။

Remove ads
သမိုင်းကြောင်း

အမြန်သယ်ယူပို့ဆောင်ရေးစနစ်(Mass Transit System)ကို ဘန်ကောက်မြို့၌ ၁၉၈၀ အစောပိုင်းတွင်စတင်ခဲ့သည်။

ဘူတာရုံပုံစံများ


ဘူတာအားလုံးကိုမြင့်မား၍အများအားဖြင့်၂ထပ်အဖြစ်ဆောက်လုပ်ထားသည်။ လမ်းမကြီးများ၏လမ်းလယ်ကျွန်းများတွင်ဖောင်ဒေးရှင်းချထားသည်။ ပလတ်ဖောင်းများပေါမှနေ၍လှေကားဖြင့်လည်းကောင်း၊စက်ကှေားဖြင့်လည်းကောင်းတက်နိုင်သည်။ အချို့ရုံများတွင်ဓာတ်လှေကားများပါရှိသည်။
ပထမထပ်တွင် လက်မှတ်စက်၊စားသောက်ဆိုင်များဆိုင်သေးသေးလေးများနှင့်လက်မှတ်စစ်ဂိတ်များရှိသည်။ ဒုတိယထပ်(ဆိုင်ရမ်တွင်တတိယထပ်ပါ)ဘူတာစကြ်န်နှင့် ရထားလမ်းများရှိသည်။ ဆိုင်ရမ်ရုံတွင်လိုင်းပြောင်းရန်မှာ မျက်နှာချင်းဆိုင်ရထားပေါသို့တက်ရန်သာဖြစ်သည်။
ဆလာဒန်၊အဆုတ်နှင့်မိုချစ်တို့တွင် မြေအောက်ရထားနှင့်ကူးပြောင်းစီးနိုင်သည်။
Remove ads
လက်မှတ်နှင့်စီးနင်းပုံ

ရထားလက်မှတ်ဝယ်ရန်အင်မတန်လွယ်ကူသည်။၂၀၀၇တွင် "ဘီတီအက်စ် စမတ်ပတ်စ် ကတ်များ "ထုတ်ပေးခဲ့ပြီးမေလ၂၀၁၂တွင် "ရတ်ဘစ်ကတ်(Rabbit card)"များဖြင့်အစားထိုးခဲ့သည်။
ရတ်ဘစ်ကတ်မှာ မိုးပျံရထားနှင့် BRTဘတ်စ်ကားများတွင်သုံးနိုင်သောအီလတ်ထရောနစ်ကတ်ဖြစ်သည်။ ထို့အပြင် BTSနှင့်မိတ်ဖက်ဖြစ်သော McDonald's, Burger King, Starbucks တို့တွင်လည်း သုံးနိုင်သည်။
ဘူတာရုံပထမထပ်ရှိ လက်မှတ်စက်တွင် လက်မှတ်ဝယ်ယူနိုင်သည်။ စက်ဘေးရှိ မြေပုံတွင် မိမိသွားလိုသောဘူတာ၏ ကုန်ကျငွေကို ကြည့်ကာ စက်ထဲ၌နှိပ်၍ကျသလောက်ငွေထည့်ရသည်။ ထိုအခါစက်မှ လက်မှတ်ထွက်လာမည်။ ထိုလက်မှတ်ကို အချိန်၂နာရီ အတွင်းသာ အသုံးပြုနိုင်သည်။ ထိုလက်မှတ်ကိုလက်မှတ်စစ်ဂိတ်ရှိ စက်ထဲသို့ထည့်လိုက်လျှင်မောင်းတံပွင့်ကာလက်မှတ်ပြန်ထွက်လာမည်။
ထို့နောက်လက်မှတ်ကို ယူကာ ဒုတိယထပ်ရှိ ပလက်ဖောင်းတွင် ရထားစီးကာ ဆင်းမည့်ဘူတာရှိ လက်မှတ်ဂိတ်တွင် လက်မှတ်ကိုပြန်ထည့်လိုက်ရသည်။
လက်မှတ်မှန်ကန်မှသာ မောင်းတံပွင့်ပေမည်။ အကူအညီလိုပါက သတင်းအချက်အလက်ဂိတ်များတွင်အကူအညီတောင်းနိုင်သည်။
ဆက်စပ် ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads