ဘီနင်နို အကွီနို (၃)

၁၅​ယောက်​မြောက် ဖိလစ်ပိုင်သမ္မတ From Wikipedia, the free encyclopedia

ဘီနင်နို အကွီနို (၃)
Remove ads


ဘီနင်နို အကွီနို (၃) (အင်္ဂလိပ်: Benigno Simeon Cojuangco Aquino II)[] (Tagalog pronunciation: [bɛˈniɡnɔʔ aˈkino])သည် ဖိလစ်ပိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ ၁၅ဦးမြောက် ဖိလစ်ပိုင်သမ္မတလည်းဖြစ်သည်။၂၀၀၉ခုနှစ် စက်တင်ဘာလတွင် မိခင်ဖြစ်သူ သမ္မတဟောင်း ကိုရာဇွန် အကွီနို ကွယ်လွန်ပြီးနောက် ၂၀၁၀သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ ထို့နောက် အရွေးခံခဲ့ရပြီး ၂၀၁၀ပြည့်နှစ် ဇွန်လ ၃၀ရက်နေ့တွင် သမ္မတဖြစ်လာခဲ့သည်။

အချက်တိုများ ဘီနင်နို အကွီနို (၃)Benigno Simeon Aquino III, ဖိလစ်ပိုင်နိုင်ငံ၏ ၁၅ယောက်မြောက် သမ္မတ ...
Remove ads

လွှတ်တော်အမတ်ဘဝ

ဘီနင်နို အကွီနိုသည် သူ၏မိသားစုတွင် စတုတ္ထမြောက်မျိုးဆက် နိုင်ငံရေးသမားဖြစ်သည်။၎င်းသည် လစ်ဘရယ်ပါတီဝင်ဖြစ်သည်။

အောက်လွှတ်တော်အမတ် (၁၉၉၈ - ၂၀၀၇)

အကွီနိုသည် ၂၀၀၄ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ သို့သော် ၂၀၀၆ခုနှစ်တွင် ထိုစဉ်က သမ္မတ ဂလိုရီရာ မာဂါပါကယ် အာရိုယိုကို ရာထူးမှ နုတ်ထွက်ရန် လစ်ဘရယ်ပါတီအမတ်များကတောင်းဆိုချိန်တွင် အကွီနိုလည်း ပူးပေါင်းပါဝင်ခဲ့သည်။

Remove ads

သမ္မတဘဝ

၂၀၀၈ခုနှစ် နိုဝင်ဘာ ၂၆ရက်နေ့တွင် လစ်ဘရယ်ပါတီမှ မာရောဆက်ကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့သည်။ သို့သော် ၂၀၀၉ခုနှစ်တွင် အကွီနို၏ မိခင် ယခင်သမ္မတဟောင်း ကိုရာဇွန်အကွီနို ကွယ်လွန်ပြီးနောက် အကွီနိုအား သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြရန် အများက တောင်းဆိုခဲ့ကြသည်။[] ၂၀၀၉ခုနှစ် စက်တင်ဘာလ ၁ရက်နေ့တွင် မာရောဆက်မှ ၎င်းအနေဖြင့် သမ္မတလောင်း ယှဉ်ပြိုင်မှုမှ နုတ်ထွက်ကာ အကွီနိုအား ထောက်ပံ့ခဲ့သည်။၂၀၁၀ပြည့်နှစ် မေလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကာ ထိုနှစ်၏ ဇွန်လ ၉ရက်နေ့တွင် လွှတ်တော်က အကွီနိုအား ရွေးကောက်ခံသမ္မတအဖြစ် ကြေညာခဲ့သည်။

၂၀၁၀ပြည့်နှစ် ဇွန်လ ၃၀ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။၂၀၁၀ပြည့်နှစ်မှ ၂၀၁၆ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ရွေးကောက်ခံသမ္မတ ရော်ဒရီဂို ဒူတာတေးအား လွှဲပြောင်းပေးခဲ့သည်။

Thumb
ဒူတာ​တေးနင့် အကွီနို
Remove ads

ကွယ်လွန်ခြင်း

အကွီနိုသည် ၂၀၂၁ခုနှစ် ဇွန်လ ၂၄ရက်နေ့တွင် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သမ္မတ ဒူတာဒေးက ဇွန်လ ၂၄ရက်မှ ဇူလိုင်လ ၃ရက်နေ့အထိ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ထားပြီး နိုင်ငံတော်အလံကို တစ်ဝက်လျှော့ချ လွှင့်ထူထားကြသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads