ဘီဘီစီသတင်း

From Wikipedia, the free encyclopedia

ဘီဘီစီသတင်း
Remove ads

ဘီဘီစီသတင်း (အင်္ဂလိပ်: BBC News) သည် ဗြိတိသျှ ရုပ်သံလွှင့် ကော်ပိုရေးရှင်း၏ လုပ်ငန်းပိုင်းဆိုင်ရာ ဌာနခွဲတစ်ခုဖြစ်၍[] လက်ရှိဖြစ်ရပ်များ၊ သတင်းများကို စုဆောင်းခြင်း၊ ထုတ်လွှင့်ခြင်းများအား ပြုလုပ်သည်။ ဤဌာနသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရုပ်သံလွှင့်အဖွဲ့အစည်းဖြစ်ပြီး အွန်လိုင်းသတင်းပေးပို့ချက်များအပါအဝင် ရေဒီယို၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှုသည် တစ်ရက်၌ နာရီပေါင်း ၁၂၀ ခန့်ရှိလေသည်။[][] ဘီဘီစီသတင်း ဝန်ဆောင်မှုသည် ကမ္ဘာအနှံ့၌ သတင်းထောက်ပေါင်း ၂၅၀ ကျော်နှင့် နိုင်ငံခြားသတင်းအချက်အလက်အဖွဲ့ (ဗျူရို) ၅၀ ရှိသည်။[] ဖရန် အန်စ်ဝါ့သ် (Fran Unsworth) သည် ၂၀၁၈ ဇန်နဝါရီမှစ၍ သတင်းနှင့် လက်ရှိဖြစ်ရပ်များ(ဌာန)၏ ညွှန်ကြားရေးမှူးဖြစ်သည်။[][]

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...

ဌာန၏ နှစ်စဉ်ဘဏ္ဍာရေးလျာထားချက်သည် ပေါင်သန်း ၃၅၀ ကျော်လွန်ကာ ဝန်ထမ်းပေါင်း ၃,၅၀၀ ရှိပြီး ထိုအထဲမှ ၂,၀၀၀ သည် သတင်းသမားများဖြစ်ကြသည်။[] ဘီဘီစီသတင်းဌာန၏ ပြည်တွင်း၊ နိုင်ငံတကာနှင့် အွန်လိုင်းသတင်းဌာနခွဲများသည် ဥရောပရှိ အကြီးမားဆုံးသော တိုက်ရိုက်သတင်းတင်ဆက်သည့် ခန်းမဆောင်များ၊ လန်ဒန်အလယ်ပိုင်းရှိ ရုပ်သံလွှင့်ရုံကြီးတွင် တည်ရှိသည်။ ပါလီမန်ဆိုင်ရာသတင်းများကို လန်ဒန်ရှိ စတူဒီယိုများ၌ ထုတ်လုပ်၊ ရုပ်သံလွှင့်ကြသည်။ "ဘီဘီစီ အင်္ဂလိပ် နယ်များ" (BBC English Regions) ဟုခေါ်သော ဌာနမှတစ်ဆင့် ဘီဘီစီတွင် အင်္ဂလန်၌ ဒေသဆိုင်ရာဌာနများ၊ မြောက်အိုင်ယာလန်စကော့တလန်ဝေလ တို့တွင် (သက်ဆိုင်ရာ)အမျိုးသားသတင်းဌာနများ တည်ရှိသည်။ ထိုအမျိုးသားဆိုင်ရာနှင့် အင်္ဂလိပ်ဒေသ ဌာနများသည် မိမိတို့၏ ဒေသတွင်းသတင်းအစီအစဉ်များ၊ အခြားလက်ရှိ ဖြစ်ရပ်များ၊ အားကစားအစီအစဉ်များ ကို ထုတ်လွှင့်ကြသည်။

၂၀၁၇ တွင် ဘီဘီစီ အိန္ဒိယ (ဟင်ဒီ) ဌာနကို အိန္ဒိယရှိ အမျိုးသားဥယျာဉ်များ၊ ဘေးမဲ့တောများ ရိုက်ကူးထုတ်လွှင့်မှုကြောင့် ငါးနှစ် ပိတ်ပင်ခြင်းခံခဲ့ရသည်။[] တရုတ်ရုပ်သံလွှင့်အဖွဲ့ စီဂျီတီအန် (CGTN) သည် ယူကေ၌ ထုတ်လွှင့်ခွင့်လိုင်စင်အား ဆက်သွယ်ရေးဆိုင်ရာ ထိန်းကျောင်းသည့်အဖွဲ့ Ofcom က ၂၀၂၁ ဖေဖော်ဝါရီ ၄ တွင် ရုပ်သိမ်းလိုက်ပြီးနောက်[] တရုတ်နိုင်ငံကလည်း ၎င်းတို့ဆီ၌ ဘီဘီစီသတင်းဌာနကို ပိတ်ပင်ခံ့သည်။[]

ဘီဘီစီသည် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်ရပ်တည် စီမံအုပ်ချုပ်သည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်၍ တော်ဝင်လုပ်ပိုင်ခွင့် ပြန်တမ်း (royal charter) က တရားဝင်ခွင့်ပြုပေးထားသည်။ ဆိုလိုသည်မှာ အစိုးရအပေါ် အမှီခိုကင်းစွာဖြင့် လုပ်ဆောင်နိုင်သည်။ အစိုးရဘက်ကလည်း ဘီဘီစီ၏ အထွေထွေ ညွှန်ကြားရေးမှူး ကို ခန့်အပ်နိုင်ခြင်း၊ ဖြုတ်နိုင်ခြင်း ၊ သတင်းများကို ဘက်မလိုက်ဘဲ မျှမျှတတ တင်ဆက်ခြင်းကို တောင်းဆိုရန် အခွင့်အာဏာ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ အခြားသော သတင်းမီဒီယာများကဲ့သို့ပင် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးနယ်ပယ်တကျော၌ နိုင်ငံရေးဘက်လိုက်မှုရှိသည်ဟု စွပ်စွဲခံရမှုများစွာရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads