ဘော်လ်တီမိုးမြို့
From Wikipedia, the free encyclopedia
Remove ads
ဘော်လ်တီမိုးမြို့သည် အမေရိကန်ပြည်ထောင်စုရှိ မည်သည့်ကောင်တီနှင့်မျှ တွဲဆက်မနေသော မြို့များထဲတွင် အကြီးဆုံးမြို့ ဖြစ်သည်။ ထို့ပြင် မေရီလန်းပြည်နယ် ၏ အကြီးဆုံးမြို့နှင့် ယဉ်ကျေးမှုဆိုင်ရာ ဒေသလည်း ဖြစ်သည်။ ဤမြို့သည် မေရီလန်းပြည်နယ် အလယ်ပိုင်း ပါတက်စကိုမြစ် အနီးတွင် ချက်စပိပင်လယ်အော်၏ လက်တံအတွင်းတွင် တည်ရှိသည်။ ဘော်လတီမိုးကို အနီးအနားရှိ ဘော်လတီမိုးကောင်တီနှင့် ကွဲပြားစွာ သိနိုင်ရန်အတွက် ဘော်လတီမိုစီးတီးဟု ညွှန်းဆိုလေ့ ရှိကြသည်။ ၁၇၂၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ဘော်လ်တီမိုးမြို့သည် အလယ် အတ္တလန္တိတ် ဒေသတွင် အကြီးဆုံးသော အမေရိကန်၏ ဆိပ်ကမ်းမြို့ ဖြစ်သည်။ ဘော်လ်တီမိုး၏ အင်းနားဆိပ်ကမ်းသည် တစ်ချိန်က ရွှေ့ပြောင်းနေထိုင်သူတို့အတွက် ဒုတိယမြောက် ရောက်ရှိမှုအများဆုံး ဆိပ်ကမ်းမြို့တစ်မြို့နှင့် အဓိက ကုန်ထုတ်လုပ်ရာ ဌာန ဖြစ်ခဲ့ဖူးသည်။ ကုန်ထုတ်လုပ်မှု ကျဆင်းလာပြီးသည့်နောက်တွင် ဘော်လတီမိုးသည်လည်း အခြားသော အမေရိကန် ကမ်းရိုးတန်းမြို့ကြီးများကဲ့သို့ပင် ဝန်ဆောင်မှုကို အခြေခံသော စီးပွားရေး လုပ်ငန်းများသို့ ဦးတည် ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။

Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads