မကာအို

တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရဒေသကြီး From Wikipedia, the free encyclopedia

မကာအို
Remove ads

မကာအို (澳門 :မကာအို အထူးအုပ်ချုပ်ရေး ဒေသ) [] သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ်ရေးဒေသ ဖြစ်သည်။ မကာအို ကျွန်းဆွယ်သည် မြောက်ဘက်တွင် တရုတ်ပြည်မကြီးနှင့် နယ်မြေခြင်း ဆက်စပ်လျက်ရှိပြီး အရှေ့ဘက်တွင် ဟောင်ကောင်နှင့် ၃၀ ကီလိုမီတာသာ ကွာဝေးသည်။

အချက်တိုများ
Remove ads
Thumb
မကာအို

မကာအိုသည် ချင်မင်းဆက်ခေတ်မှစ၍ တရုတ်အပိုင် နယ်နမိတ်ဖြစ်သည်။ မင်မင်းဆက်ခေတ် ၁၅၅၇ ခုနှစ်တွင် ပေါ်တူဂီအား ငှားရမ်းပေးခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ပေါ်တူဂီအစိုးရနှင့် မန်ချူးအစိုးရတို့သည် သက်တမ်း နှစ် ၄၀ ရှည်ကြာသည့် တရုတ် ပေါ်တူဂီ ကုန်သွယ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် မကာအိုသည် ပေါ်တူဂီမှ ရေရှည်အုပ်ချုပ်သည့် နယ်မြေဖြစ်လာသည်။[၁၀] ဥရောပတိုင်းပြည်များ၏ တရုတ်ပြည်ရှိ ပထမဦးဆုံးနှင့် နောက်ဆုံး ကိုလိုနီနယ် ဖြစ်သည်။[၁၁]

၁၉၈၀ ပြည့်လွန်နှစ်များတွင် တရုတ်နှင့် ပေါ်တူဂီတို့သည် မကာအို၏ ရှေ့ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ၁၉၈၇ ခုနှစ်တွင် တရုတ် ပေါ်တူဂီ ပူးတွဲကြေညာချက်ကို တရားဝင်ရေးထိုးခဲ့သည်။ ထိုကြေညာချက်အရ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပေါ်တူဂီအုပ်ချုပ်ရေးကို အဆုံးသတ်ကာ မကာအိုအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံထံ ပြန်လည်အပ်နှင်းခဲ့သည်။ တရုတ်အစိုးရသည် မကာအိုဒေသတွင် တပြည်ထောင် နှစ်စနစ်ကို ကျင့်သုံးရန်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန် ကတိပြုခဲ့သည်။ [၁၂]


Remove ads

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads