မင်းကြီးဆွေ

From Wikipedia, the free encyclopedia

Remove ads

မင်းကြီးဆွေ (တရားဝင် ဘွဲ့အမည် မင်းရဲ သီဟသူ) သည် ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော ဘုရင့်နောင်၏ ခမည်းတော် ဖြစ်ပြီး တောင်ငူဘုရင်ခံ မင်းရဲသီဟသူဟု ထင်ရှားသည်။ တောင်ငူတွင် ဘုရင်ခံမဖြစ်မီ မင်းကြီးညိုလက်ထက်က တပင်ရွှေထီး၏ အထိန်းတော်ဖြစ်ခဲ့သည်။ တပင်ရွှေထီး ဟံသာဝတီကို တိုက်ခိုက်စဉ်ကပင် တောင်ငူနန်းစောင့်အဖြစ် တာဝန်ယူခဲ့သည်။ တောင်ငူဘုရင်ခံအဖြစ် သက္ကရာဇ် ၉၀၂ တွင် မင်းမြှောက်တန်ဆာ ငါးပါးဖြင့် တင်မြှောက်ခံရသည်။၉၁၀ ခု တွင်လွန်သည်။ ၎င်းလွန်လျှင် တတိယမြောက်သားဖြစ်သည့် သီဟသူအား တောင်ငူဘုရင်ခံအဖြစ် ဆက်လက်ခန့်ထားသည်။ သီဟသူ သည် ဘုရင့်နောင်လက်ထက်တွင် တောင်ငူမင်းခေါင် အဖြစ်ထင်ရှားသည်။

အချက်တိုများ မင်းကြီးဆွေ တောင်ငူ မင်းရဲသီဟသူ, တောင်ငူဘုရင်ခံ ...
Remove ads

နောက်ခံ

ဘုရင့်နောင်၏ မိဘများဖြစ်သော မင်းကြီးဆွေနှင့် ပထမဇနီး ရှင်မျိုးမြတ်တို့၏ မျိုးရိုးစဉ်ဆက်နှင့် ပတ်သက်၍ တိကျစွာ မသိရှိရပေ။ ဘုရင့်နောင်၏ မျိုးရိုးစဉ်ဆက် သို့မဟုတ် ကလေးဘဝနှင့် ပတ်သက်၍ ခေတ်ပြိုင်မှတ်တမ်းများ မရှိသော်လည်း ဘုရင်၏ မျိုးရိုးစဉ်ဆက်နှင့် ပတ်သက်၍ ကွဲပြားသော ဓလေ့များ ရှိခဲ့သည်။[] မဟာရာဇဝင်ကြီးအရ အင်းဝနေပြည်တော်၏ လက်အောက်ခံပြည်နယ်ဖြစ်သော တောင်ငူရှိ အထက်တန်းလွှာမိသားစုတစ်ခုက မင်းကြီးဆွေကို မွေးဖွားခဲ့သည်။ မိဘများမှာ တောင်ခမင်းနှင့် ကရေနဝတီ တို့ ဖြစ်ကြပြီး တောင်ငူဘုရင်ခံများဖြစ်သော တောင်ငူတရဖျားနှင့် တောင်ငူမင်းခေါင်ငယ်တို့၏ အဆက်အနွယ်များ ဖြစ်ကြသည်။ အရွယ်ရောက်သောအခါ တစ်စီးရှင် သီဟသူနှင့် မိဖုရားခေါင် မိစောဦးတို့၏ ပဉ္မမမြောက်မျိုးဆက်ဖြစ်သော မျိုးမြတ်နှင့် လက်ထပ်ခဲ့သည်။[]

တော်ဝင်အမျိုးအနွယ်များ ဖြစ်သော်လည်း ခမ်းနားကြီးကျယ်သော မျိုးရိုးစဉ်ဆက်အဖြစ် နှုတ်အားဖြင့် မှတ်တမ်းတင်ခဲ့ခြင်း မရှိခဲ့ဘဲ မင်းကြီးဆွေတို့ ဇနီးမောင်နှံမှာ ပုဂံခရိုင်ရှိ ငါးသရောက်ရွာ သို့မဟုတ် တောင်ငူခရိုင်ရှိ ထီးလှိုင်ရွာမှ သာမန်လူများဖြစ်ပြီး မင်းကြီးဆွေမှာ ထန်းတက်သမားတစ်ဦး ဖြစ်သည်ဟု ဆိုသည်။[] ထိုသို့သော သာမန်မျိုးရိုးအကြောင်းမှာ ၂၀ ရာစုအစောပိုင်း ကိုလိုနီခေတ်တွင် အမျိုးသားရေးစာရေးဆရာများက ရေးသားကြသော ထန်းတက်သမားတစ်ဦး၏ သားမှာ ဘုရင့်နောင်ကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် ဘုရင်တစ်ပါး ဖြစ်လာနိုင်ကြောင်း ရေးသားခဲ့ကြရာမှ စတင်ထင်ရှားလာခဲ့သည်။[]

Remove ads

တော်ဝင်မိသားစု အစေအထိန်း

သူတို့၏ မူလဘဝနှင့် အစသည် မည်သို့ပင်ဖြစ်စေကာမူ ၁၅၁၆ ခုနှစ်တွင် တပင်ရွှေထီးအား အထိန်းတော်အဖြစ် ခုနစ်ဦးရွေးချယ်ရာတွင် ပါဝင်ခဲ့ရာမှ ဘဝပြောင်းလဲလာခဲ့သည်။ ဇနီးဖြစ်သူမှာ ဒုတိယသား ရဲထွတ်ကို မွေးဖွားပြီး သုံးလမျှရှိသေးသည့်အချိန်တွင် တပင်ရွှေထီး၏ နို့ထိန်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုအချိန်က မင်းကြီးဆွေ မိသားစုတွင် သားသုံးဦးရှိနေခဲ့ပြီး အငယ်ဆုံးမှာ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့ပြီးနောက် တောင်ငူနန်းတော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ရှင်မျိုးမြတ်သည် ၁၅၂၀ ဆယ်စုနှစ်ကာလတွင် ကွယ်လွန်ခဲ့ပြီးနောက် မင်းကြီးဆွေသည် ရှင်မျိုးမြတ်၏ ညီမဖြစ်သူနှင့် ထပ်မံလက်ထပ်ခဲ့ကာ နောက်ထပ် သားနှစ်ဦးဖြစ်သော တောင်ငူမင်းခေါင် နှင့် သတိုးမင်းစောတို့ကို ထပ်မံမွေးဖွားခဲ့သည်။[] သူ၏ အငယ်ဆုံးသားကို ၁၅၃၁ ခုနှစ် မေလတွင် မွေးဖွားခဲ့သည်။[note ၁] မင်းကြီးဆွေမိသားစုသည် တပင်ရွှေထီးအား သားအရင်းကဲ့သို့ ကျွေးမွေးပြုစုခဲ့ကြပြီး တပင်ရွှေထီး မင်းသားဘဝတွင် သူတို့အား မိဘအရင်းသဖွယ် ဆက်ဆံခဲ့သည်။ တပင်ရွှေထီးသည် မင်းကြီးဆွေအား အလွန်ရိုသေလေးစားသူ ဖြစ်သည်ဟု ဆိုကြသည်။[]

အိမ်ရှေ့မင်းသား တပင်ရွှေထီးနှင့် နီးကပ်သော ဆက်ဆံရေးကြောင့် တောင်ငူတော်ဝင်နန်းဆောင်တွင် တာဝန်ထမ်းခွင့် ရလာခဲ့သည်။ ၁၅၃၀ ခုနှစ်တွင် တပင်ရွှေထီး တန်ခိုးထွားလာသောအခါ ၁၄ နှစ်အရွယ် တပင်ရွှေထီးသည် မင်းကြီးဆွေ၏ သမီးအကြီးဆုံးဖြစ်သော ခင်ဘုန်းစိုးကို မိဖုရားမြှောက်ခဲ့ကာ မင်းကြီးဆွေအား မင်းရဲသိင်္ခသူဘွဲ့ဖြင့် ချီးမြှောက်ခဲ့ပြီး အကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ ၁၅၃၄ ခုနှစ်တွင် သားကြီးဖြစ်သော ရဲထွတ်က ဘုရင်၏ ဝမ်းကွဲညီအစ်မဖြစ်သော သခင်ကြီးနှင့် လက်ဆက်ခဲ့ရာမှ မင်းကြီးဆွေ၏ တော်ဝင်အနေအထား ပိုမိုမြင့်တက်လာခဲ့သည်။[][] ထိုမှ ခြောက်နှစ်ခန့်အကြာ တပင်ရွှေထီးနှင့် ရဲထွတ် (ဘုရင့်နောင် ကျော်ထင်နော်ရထာ) တို့ ဟံသာဝတီထီးနန်းအား သိမ်းယူခဲ့စဉ်က မင်းကြီးဆွေသည် တောင်ငူနန်းစောင့်အဖြစ် တာဝန်ယူခဲ့သည်။[]

၁၅၄၀ ခုခနှစ်တွင်[note ၂] တပင်ရွှေထီးသည် မင်းကြီးဆွေအား တောင်ငူဘုရင်ခံအဖြစ် မင်းရဲ သီဟသူဘွဲ့ဖြင့် ခန့်အပ်ခဲ့သည်။ ထီးနန်းကို တောင်ငူမှ ပဲခူးသို့ ပြောင်းရွေ့ပြီး တစ်နှစ်ခန့်အကြာတွင် တပင်ရွှေထီးဘုရင်က ပထမဆုံး ခန့်အပ်သော ဘုရင်ခံ ဖြစ်သည်။[] (တပင်ရွှေထီးသည် အခြားအစေခံတစ်ဦးဖြစ်သော ရှင်နီတာအား ပြည်ဘုရင်ခံအဖြစ် နောင်နှစ်နှစ်အကြာတွင် ခန့်အပ်ခဲ့သေးသည်။)[၁၀] နောက်ပိုင်းနှစ်များတွင် တပင်ရွှေထီးသည် မင်းကြီးဆွေအား ရိုသေလေးစားစွာဖြင့် ဆက်လက် ဆက်ဆံခဲ့သည်။ ၁၅၄၅ ခုနှစ်တွင် ပြုလုပ်သော ပဲခူးနန်းတက်ပွဲတွင် မင်းကြီးဆွေသည် ဘုရင်၏ အယုံကြည်ရဆုံး လူယုံတော်အဖြစ် ဘုရင်၏ ညာဘက်တွင် နေရာပေးခြင်း ခံခဲ့ရသည်။[][၁၁] ယင်းနှစ်မှာပင် မင်းကြီးဆွေသည် တောင်ငူတွင် မြစည်းခုံစေတီတော်ကို တည်ထားခဲ့သည်။[]

သားတော်များနှင့် မတူဘဲ မင်းကြီးဆွေသည် စစ်တိုက်ထွက်ခဲသည်။ ယင်းအစား ဘုရင် စစ်ထွက်နေချိန်တွင် အရှေ့ဘက် ရှမ်းပြည်နယ်များမှ တောင်ငူသို့ ကျူးကျော်လာမှုများကို ကာကွယ်ခဲ့ခြင်း ဖြစ်သည်။[၁၂] ၁၅၄၈–၁၅၄၉ ခုနှစ်တွင် ဖြစ်ပွားသော ယိုးဒယားကျူးကျော်စစ်ပွဲတွင် တပ်ရင်းတစ်ခုကို ကွပ်ကဲကာ သူ၏ သားတော်များ၊ ဘုရင်နှင့် အတူ ပါဝင်တိုက်ခိုက်ခဲ့သည်။[၁၃] မင်းကြီးဆွေသည် ရှေ့တန်းမှ ပြန်လာပြီး ရက်သတ္တပတ်အနည်းငယ်အကြ ၁၅၄၉ ခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့သည်။[note ၃]

Remove ads

မှတ်စုများ

  1. (Zata 1960: 79): Thado Minsaw was born on Saturday, 5th waxing of Nayon 893 ME (20 May 1531).
  2. (Sein Lwin Lay 2006: 175): Chronicles only say he was appointed viceroy in 902 ME (29 March 1540 to 29 March 1541). But since he was already styled as Minye Thihathu at the start of the Martaban campaign in November 1540, the appointment took place between 29 March 1540 and November 1540.
  3. (Sein Lwin Lay 2006: 236): He died in 910 ME after having participated in the 1548–1549 Siamese campaign. Since Tabinshwehti arrived back at Pegu on 1 March 1549 (3rd waxing of Late Tagu 910 ME) per (Sein Lwin Lay 2006: 232), Mingyi Swe most probably died during the remaining weeks of 910 ME, which ended on 2nd waxing of Late Kason, 29 March 1549.

ကိုးကား

ကျမ်းပြုစာရင်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads