မန္တလာသီရိ အားကစားကွင်း
From Wikipedia, the free encyclopedia
Remove ads
မန္တလာသီရိ အားကစားကွင်းသည် မန္တလေးမြို့တွင် တည်ရှိပြီး ဘက်စုံသုံး အားကစားကွင်းတစ်ခုဖြစ်သည်။ အဆိုပါအားကစားကွင်းတွင် ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။[၁]
Remove ads
သမိုင်းကြောင်း
မန္တလာသီရိအားကစားကွင်းတည်ရှိရာနေရာသည် ၂၀၁၀ပတ်ဝန်းကျင်က လယ်ကွင်းများအဖြစ် တည်ရှိခဲ့သည်။၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာပြည်တွင် ကျင်းပရန် အတည်ပြုပြီးနောက် မန္တလေးမြို့တွင် ဘောလုံးကွင်းအသစ် တစ်ကွင်းတည်ဆောက်ရန် စတင်ခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)၏ တောင်ဘက်၊ ချမ်းမြသာစည် လေဆိပ်၏ အရှေ့ဘက်တွင် စီမံကိန်း စတင်ခဲ့သည်။ဤစီမံကိန်း၏ ပတ်ဝန်းကျင်တွင် မင်္ဂလာမန္တလေး စီမံကိန်း၊ မြန်မာသတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ် စီမံကိန်းများပါ ပေါ်ပေါက်ခဲ့သည်။၂၀၁၁ခုနှစ် ဇန်နဝါရီလတွင် ပန္နက်ရိုက်ခဲ့ပြီး ၂၀၁၃ခုနှစ် နိုဝင်ဘာလတွင် အလုံးစုံပြီးမြောက်ခဲ့သည်။[၂]
မန္တလာသီရိအားကစားကွင်းနှင့်အတူ နေပြည်တော်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဇေယျာသီရိအားကစားကွင်းတို့ပါ အသစ်တည်ဆောက်ခဲ့ကြသည်။ဤကွင်းများအား တရုတ်နိုင်ငံမှ ပုံစံရေးဆွဲပြီး မက်စ်မြန်မာဆောက်လုပ်ရေးမှ တည်ဆောက်ခဲ့သည်။ ကွင်း၃ကွင်းမှာ ပုံစံအားဖြင့် တစ်ထပ်တည်းကျလျက်ရှိသည်။ တပ်မတော်အားကစားကွင်းဖြစ်သော ဇေယျာသီရိမှာမူ အစိမ်းရောင်ဖြစ်သည်။

အားကစားပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို လက်ခံကျင်းပခဲ့သည်။ ပြိုင်ပွဲပြီးနောက် မြန်မာအမျိုးသမီးဘောလုံးအသင်း၏ အိမ်ကွင်းအဖြစ် ဆက်လက်အသုံးပြုခဲ့သည်။ မြို့ခံဘောလုံးအသင်းဖြစ်သော ရတနာပုံဘောလုံးအသင်းမှလည်း တချို့နှစ်များတွင် အိမ်ကွင်းအဖြစ် အသုံးပြုသည်။၂၀၂၀ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်မှ I.S.P.E F.C၏ အိမ်ကွင်းအဖြစ်လည်း အသုံးပြုခဲ့သည်။မြန်မာအမျိုးသားဘောလုံးအသင်း၏ အချို့ပွဲစဉ်များ၊ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပွဲစဉ်များ၊ တက္ကသိုလ်များ၏ အားကစားပွဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အားကစားပွဲများကို ကျင်းပလျက်ရှိသည်။
၂၀၁၇ခုနှစ်တွင် ကွင်းအနီး၌ ဘက်စုံသုံးအားကစားရုံ၊ရေကူးကန်၊ လက်ဝှေ့ရုံ၊စက်ဘီးစီးကွင်း၊ စကိတ်ကွင်းများ တည်ဆောက်ခဲ့သည်။[၃]

Remove ads
အချက်အလက်များ
မန္တလာသီရိကွင်းမှာ မန္တလာသီရိအားကစားရုံစုတွင် အဓိက အားကစားကွင်းဖြစ်သည်။ ပွဲကြည့်စင် အဆင့် ၃ဆင့်ပါဝင်ပြီး အမြင့် ၈၁ပေမြင့်သည်။ မြက်ခင်းပြင်မှာ ၇၆၈၂၆စတုရန်းပေကျယ်သည်။

မြက်ခင်းပြင်နှင့် ပွဲကြည့်စင်ကြားတွင် အကျယ်၃၂ပေ၊အရှည် ၁၄၀၈ပေရှိသော ပြေးလမ်းပါဝင်သည်။ ကွင်း၏ အနောက်ဘက်ပွဲကြည့်စင်တွင် အရေးကြီးပုဂ္ဂိုလ်နေရာများ၊ အရေးကြီးပုဂ္ဂိုလ်များအတွက် သီးသန့်ပွဲကြည့်ခန်း၊ သတင်းမီဒီယာများအတွက်နေရာများ ပါဝင်သည်။ ကွင်း၏ တောင်ဘက်တွင် LEDဘုတ်တစ်ခုရှိသည်။ ညဘက်တွင် အလင်းရောင်ကောင်းစွာရရန် မီးဆိုင်းများနှင့် အသံစနစ်များ ကောင်းမွန်စွာ တပ်ဆင်ထားသည်။

ဘောလုံးကွင်း၏ဘေးတွင် လေ့ကျင့်ရေးကွင်း ၇ကွင်းရှိသည်။
Remove ads
ပြခန်း
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads