အားကစားနှင့်ကာယပညာဦးစီးဌာန
From Wikipedia, the free encyclopedia
Remove ads
အားကစားနှင့်ကာယပညာဦးစီးဌာနသည် မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ၆ ကျောင်းအပါအဝင် ဌာနခွဲ ၁၅ ခု ရှိသည်။
Remove ads
သမိုင်းကြောင်း
၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီကို ကျန်းမာရေးဝန်ကြီးက ဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာကော်မတီရုံး ညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူးအနေဖြင့် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။ ၁၉၇၂တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် "အားကစားနှင့်ကာယပညာဦးစီးဌာန"အနေဖြင့် ဖွဲ့စည်းကာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းကာ ဖွဲ့စည်းခဲ့သည်။ အားကစား ဝန်ကြီးဌာန ဖွဲ့စည်းချိန်တွင် အားကစားဝန်ကြီးဌာနအောက်သို့ ပြောင်း၍ ဖွဲ့စည်းကာ ၂၀၁၆ခုနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်တွင် ထားရှိသည်။
၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းပြီးနောက် ၎င်းအောက်သို့ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့သည်။[၁][၂][၃]
Remove ads
အကြီးအကဲများ
- ဦးမောင်မောင်ကလေး (၁၉၅၁ - ၁၉၅၃)
- ဦးဇော်ဝိတ် (၁၉၅၃ - ၁၉၆၄)
- ဗိုလ်မှူးကြီး ဂွမ်ရှိန် (၁၉၆၄ - ၁၉၇၈)
- ဗိုလ်မှူးကြီး ထွန်းငြိမ်း (၁၉၇၈ - ၁၉၈၁)
- ဗိုလ်မှူးကြီး ကျော်စိန်ထွန်း (၁၉၈၁ - ၁၉၈၄)
- ဗိုလ်မှူးကြီး အောင်ဒင် (၁၉၈၄ - ၁၉၉၂)
- ဗိုလ်မှူးကြီး မြင့်ထွန်း (၁၉၉၂ - ၁၉၉၄)
- ဗိုလ်မှူးကြီး ထွန်းစိန် (၁၉၉၄ - ၁၉၉၆)
- ဗိုလ်မှူးကြီး လှမြင့်ကျော် (၁၉၉၆ - ၁၉၉၉)
- ဦးသောင်းထိုက် (၁၉၉၉ - ၂၀၁၂)
- ဦးမျိုးလှိုင် (၂၀၁၂ - ၂၀၂၁)
- ဦးထွန်းမြင့်ဦး (၂၀၂၁ - လက်ရှိ)
Remove ads
ဖွဲ့စည်းပုံ
- စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲ
- ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၁)
- ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂)
- လူထုအားကစားနှင့် ပညာပေးဌာနခွဲ
- အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ
- အားကစားကွင်းနှင့် အားကစားရုံဌာနခွဲ
- အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
- အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲ
- အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads